Monday, 31 August 2015

စားသောက်ရာတွင် ကျင့်သုံးရမည့် စည်းကမ်းများ

===========================
အပိုင်း (၁)
-------
* မစားသောက်မီအလျှင် လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိဆေးခြင်း နှင့် နှုတ်ကျင်းခြင်းတို့သည် အစားအသောက်တွင် ဗရ်ကသ်ရရှိစေရန် အကြောင်းခံဖြစ်သည်။ (သိရ်မီဇီ)

* ဗိစ်မိလ္လာဟ်ဖတ်ပြီးမှ စားပါ။ ညာလက်ဖြင့်စားပါ။ (ဇွန်းဖြင့်စားလျှင်လည်း ညာလက်ဖြင့်သာ စားရမည်။) မိမိရှေ့မှ စပြီးစားပါ။ ပန်းကန်ပတ်ပတ်လည်မှ ဟိုနှိုက် ဒီနှိုက်ဖြင့် မစားရ။ (ဗုခါရီ၊ မွတ်စ်လင်မ်)

* ဘယ်လက်ဖြင့် လုံးဝမစား မသောက်ပါနှင့်။ ဘယ်လက်ဖြင့် စားသောက်ခြင်းသည် ရှိုက်သွာန်၏ လုပ်ရပ်ဖြစ်သည်။ (ယခုခေတ်တွင် ဘယ်လက်ဖြင့်စားသောက်ခြင်းကို စတိုင်လုပ်၍ စားသောက်ကြသည်။ တချို့ကလည်း အအေး၊ လက်ဖက်ရည်ခွက်များကို ဘယ်လက်ဖြင့်ကိုင်ပြီး သောက်ကြသည်။ ထိုသို့လုပ်ခြင်းသည် မင်းသား၊ မင်းသမီးများ၊ ဘာသာခြားတို့၏ ပုံစံကို အတုယူနှစ်သက်၍ လုပ်ဆောင်ခြင်းဖြစ်ပါက အပြစ်ခံရမည်ဖြစ်သည့်အပြင် စွန္နသ်တော်ကို သိပါလျှက်ကျောခိုင်းခြင်း၏ ပြစ်ဒဏ်လည်းခံရမည်ဖြစ်သည်။) (ညာလက်တွင် ဒဏ်ရာတခုခုရှိပါက ချွင်းချက်ရှိပါသည်။) (မွတ်စ်လင်မ်)

* မိမိစားသောက်သောပန်းကန်ကို ကိုယ်တိုင်ဆေးကြောပါက ထိုသူ့အတွက် ပန်းကန်က အိစ်သိဂ်ဖါရ်ပြုပေးမည်ဖြစ်သည်။ (သိရ်မီဇီ)

* စားစရာတခုခု အောက်သို့ကျသွားပါက သန့်ရှင်းအောင်ပြုပြီး စားသောက်လိုက်ရမည်။ ရှိုက်သွာန်အတွက်မချန်ထားရပေ။ (ကျသွားသောထမင်းစေ့၊ မုန့်၊ စသည်များကို သန့်ရှင်းအောင်ပြုပြီးစားလိုက်ခြင်းက ရှက်စရာမဟုတ်ပါ။ ဒတ်စ်သရ်ခါန်းပေါ်ကျသွားသည်ကိုပင် အချို့က ရွံစရာပုံစံဖြင့် မစားပဲလွှင့်ပြစ်လိုက်ကျသည်။ တချို့ကလည်း ပဲများ၍ အဲဒီလိုပြန်ကောက်စားခြင်းကို ရှက်စရာကိစ္စတစ်ခုဟုမှတ်ယူကာ ပြန်ယူမစားပဲထားလိုက်ကြသည်။ အကယ်၍ သိပံ္ပက ထိုသို့ပြန်လည်ကောက်ယူစားခြင်းတွင် မည်သို့အကျိုးထူးများရှိကို တင်ပြလာသည့်အခါမှ ထိုအလုပ်ကို ကျင့်သုံးလျှင် ၎င်းသူသည် စွန္နသ်ကို အထင်မကြီးသည့်သူနှင့် အတူတူပင်ဖြစ်သည်။)

* စားသောက်ပြီးစီးသွားသည့်အခါ လက်မဆေးခင်အရင် လက်ကို လျှက်လိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် စားစရာ၏ မည်သည့်အစိတ်အပိုင်းတွင် ဗရ်ကသ်ပါဝင်သည်ကို အသင်မသိနိုင်သောကြောင့်ဖြစ်သည်။
(မွတ်စ်လင်မ်)

* ထမင်းပန်းကန်၊ ထမင်းချိုင့်၊ စားသောက်ဖွယ်ရာများထည့်ထားသည့် ပန်းကန်၊ခွက်များကို အလယ်မှနှိုက်မစားနှင့်။ ထိုနေရာတွင် ဗရ်ကသ်ကျရောက်သည်။(သိရ်မီဇီ)

* စုပေါင်း၍စားသုံးပါ။ အလ္လာဟ်အရှင်၏ နာမတော်ဖြင့် အစပြု၍စားသုံးပါ။ ထိုသို့ပြုခြင်းသည် အသင်တို့အတွက် ဗရ်ကသ်ရရှိမည်ဖြစ်သည်။ (အဗူဒါဝူးဒ်)

Wednesday, 5 August 2015

ဂျင်န် အကြောင်းသိကောင်းစရာပိုင်း(2)

ဂျင်န် အကြောင်းသိကောင်းစရာပိုင်း(2)
=======================

ဟဇရသ်အွတ်စ်မားန်၏ ခေတ်သမယက
လူတစ်ဦးသည် မိမိအဖြစ်အပျက်အား ဤသို့တင်ပြခဲ့သည်။
တစ်နေ့သောအခါ ကျွန်ုပ်သည် တောတောင်တစ်ခုမှ
ဖြတ်ကျော်လာစဉ် မြွေနှစ်ကောင် တစ်ကောင်နှင့် တစ်ကောင် ကိုက်သတ် ရန်ဖြစ်နေကြသည်ကို
တွေ့မြင်နေ၏။ ဤသို့ သဲကြီးမဲကြီး ကိုက်နေရာမှ
တစ်ကောင်မှာ သေဆုံးသွားလေ၏။
မြွေသေ၏ အရောင်အဆင်းမှာ အဝါရောင်ရှိပြီး
၎င်းထံမှ ကတိုးနံ့ကဲ့သို့ မွှေးရနံ့ ထွက်နေ၏။
၎င်းနောက် ကျွန်ုပ်သည် ထိုမြွေသေအား ဒဖန်မြှုပ်နှံလိုက်၏။
ထိုမှ ကျွန်ုပ်သည် ရှေ့သို့ ခရီးဆက်သွားရန် ဟန်ပြင်နေစဉ်မှာပင် အကွယ်မှ အသံတစ်သံ ဤသို့ကြားရ၏။ ဤမြွေနှစ်ကောင်သည် ဂျင်န်များ ဖြစ်ကြ၏။ ၎င်းအနက်မှ တစ်ကောင်မှာ တမန်တော်မြတ်ထံပါးမှ အီမာန်ယူခဲ့သူ ဖြစ်သည်။
အသင်သည် ကောင်းမြတ်သောအလုပ်ကို ပြုလုပ်သူဖြစ်ပေသည် ..... ဟူ၏။

ဟဇရသ်အနတ်စ်အိဗ်နေမာလိက်၏ ဆင့်ပြန်ချက်တစ်ရပ်၌လည်း ဤသို့လာရှိသည်မှာ..... ကျွန်ုပ်သည် တောခေါင်ခေါင်တစ်နေရာတွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် အတူရှိခဲ့သည်။ ရုတ်တရက်ဆိုသလို အသက်အရွယ်အိုမင်းနေသော အဖိုးအိုတစ်ယောက်သည် မိမိ၏ တောင်ဝှေးကို အမှီပြု၍ သွားနေသည်ကို တွေ့မြင်ပြီး ကိုယ်တော်က
ဟို ... အဖိုးအို၏ ပုံပန်းသဏ္ဍာန်နှင့် အသံကိုကြည့်ခြင်းဖြင့် ဂျင်န်ဟု ထင်မှတ်ရသည်ဟု
ပြောကြားရာ အဖိုးအိုက ဟုတ်မှန်ကြောင်း
ဖြေကြားပြီး မိမိအမည်သည် ဟာမဟ် ဖြစ်ကြောင်း၊
မိမိနှင့် အိဗ်လီးစ်ရှိုက်သွာန်အကြား မျိုးဆက်နှစ်ခုသာ
ခြားနားကြောင်းပြောကြားပြီး ကိုယ်တော်နှင့် အောက်ပါအတိုင်း အမေးအဖြေပြုကြလေသည်။

တမန်တော် ... အို အဖိုးအို အသက်ဘယ်အရွယ်ရှိပြီလဲ
ဂျင်န်အဖိုးအို ... အကြင်ညဝယ် ကာဗီလ်က ဟာဗီလ်အား လုပ်ကြံသတ်ဖြတ်သည့်အချိန် ကျွန်တော်မျိုး၏ အသက်မှာ လွန်စွာမှ ငယ်ရွယ်ပါသေးသည်။ ထိုစဉ်တုန်းက ယင်းဒုစရိုက်အပေါ် ကျွန်တော်မျိုး အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါသည်။

တမန်တော် ... အသင်သည် မကောင်းသည့် ဒုစရိုက်လုပ်ရပ်ကို ပြုခဲ့သူဖြစ်သည်။

အဖိုးအို ... အို ကိုယ်တော် ကျွန်တော်မျိုးအား စိတ်ဆိုးတော် မမူပါနှင့်။ အသို့ဆိုရသော် ကျွန်တော်မျိုးသည် ယင်းနောက်ပိုင်း တမန်တော်နူးဟ်အပေါ် အီမာန်သက်ဝင်ယုံကြည်ပြီး မိမိ၏ အမှားအပေါ် အလ္လာဟ်ထံ သောဝ်ဗာပြု ဝန်ချတောင်းပန်ခဲ့သည်။ ထိုမှ တမန်တော်ဟူးဒ်၊ တမန်တော် ရှိုအိုင်းဗ်နှင့် တမန်တော်မူစာ၊ တမန်တော်အီစာ အစရှိသည့် တမန်တော်ကြီးများနှင့် အဆင့်ဆင့် တွေ့ဆုံခဲ့သူဖြစ်သည်။ ယခုလည်း ကိုယ့်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အပေါ် အီမာန်ယူပါ၏။

တမန်တော် ... အလ္လာဟ်အရှင်မြတ် အသင့်အား ဂရုဏာသက်တော်မူပါစေ၊ အသင် ဘာအလိုရှိပါသလဲ

အဖိုးအို ... တမန်တော်မူစာ ကျွန်တော်မျိုးအား သောဝ်ရားသ်ကျမ်း သင်ပေးခဲ့၏။ အီစာနဗီက အင်န်ဂျိလ်ကျမ်း သင်ပေးခဲ့သည်။ ကိုယ်တော်လည်း ကျွန်တော့်မျိုးအား ကျမ်းမြတ်ကုရ်အာန် သင်ပေးတော်မူပါ။

ဆင့်ပြန်သူ အနတ်စ်သခင်က ပြောသည်မှာ တမန်တော်မြတ်သည် ဂျင်န်အဖိုးအိုးအား ကျမ်းတော်မြတ်ကုရ်အာန်၏ စူရာ ၁ဝပုဒ်ကို သင်ကြားပေးတော်မူလိုက်သည်။

{{မော်လာနာကာရီမုဟမ္မဒ်ယူနွတ်(စ်) (မအူပင်) ပြန်ဆိုရေးသားသော တိရိစ္ဆာသုတကမ္ဘာနှင့် အဖိုးတန်ဆေးနည်းများ စာအုပ်မှ ကူးယူတင်ဆက်ပါသည်။}}

BY
အလ်မုဖီးဒ် —

Tuesday, 4 August 2015

ဂျင်န် အကြောင်းသိကောင်းစရာပိုင်း(1)

ဂျင်န် အကြောင်းသိကောင်းစရာပိုင်း(1)
=======================
ဖတ်ကြည့်ကြပါ စာရှည်ရင်မဖတ်နိုင်မှာမို့
အပိုင်တွေခွဲးတင်ပေးပါ့မယ်နော်...

အာရဗီအဘိဓာန်၌ မမြင်တွေ့ရသောအရာအား
ဂျင်န်ဟု ခေါ်ဆိုပါသည်။ ဝေါဟာရ အသုံးအနှုန်းအရ
ဂျင်န်ဟူသည် လူကဲ့သို့ပင် စားခြင်း၊ သောက်ခြင်းနှင့် မေထုံမှီဝဲခြင်း အစရှိသည်တို့ကို ပြုမူကြပြီး လူသား၏မျက်စိဖြင့် မတွေ့မမြင်ရသော အဖန်ဆင်းခံ တစ်မျိုးဖြစ်၏။ ၎င်းတို့အပေါ်၌လည်း ရှရီအသ်၏ တာဝန်ဝတ္တရားများ ရှိနေပေသည်။

ဂျင်န် အမျိုးအစား သုံးမျိုးရှိသည်။
(က) လေကဲ့သို့ လေဟာနယ်အတွင်း၌သာ နေထိုင်၏။
(ခ) မြွေ၏ ရုပ်သဏ္ဍာန်ကို ဆောင်၏။
(ဂ) လူကဲ့သို့ သွားလာနေထိုင်၏။
အလ္လာဟ်အရှင်မြတ်က အခိုးမထွက်သော မီးတောက်တစ်ခုမှ ဂျင်န်ကို ဖန်ဆင်းတော်မူပြီး ၎င်းအမည်ကို မာရိဂ်ျ ဟု ခေါ်ဆိုသည်။ ထို့နောက် မာရီဂျဟ် ဂျင်န်အမျိုးသမီးကို ဖန်ဆင်းတော်မူပြီး ယင်းတို့နှစ်ဦးမှ ဂျင်န်များ၏မျိုးဆက်ကို ပြန့်ပွားစေတော်မူသည်။

အဟ်ဗားရ်(ရသွီ)သခင်က အမိန့်ရှိသည်မှာ ..... ဂျင်န်ဆိုးများသည် မြေပြင်ပေါ်ဝယ် တစ်စတစ်စနှင့် များပြားလာသည်နှင့်အမျှ ပြဿနာပေါင်းစုံနှင့် ဒုစရိုက်များကို ပြုလုပ်လာကြတော့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား ပြုပြင်တရားရစေရန်အတွက် ဂျင်န်နဗီတမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့သည်။
ယင်းနဗီ၏ အမည်မှာ အာမိရ်ဗင်န်အုမိုင်ရ် ဖြစ်ခဲ့၏။ ၎င်းသည် ပထမဦးဆုံး စေလွှတ်ခြင်းခံရသော နဗီဖြစ်၏။ သို့သော် ဆိုးသွမ်းသော ဂျင်န်များက ထိုနဗီအား သတ်ဖြတ်လိုက်ကြသည်။
တစ်ဖန် ဒုတိယအကြိမ် သွာအိက်ဗင်န်မာအီက်အမည်ရှိ နဗီတစ်ပါးကို စေလွှတ်ခဲ့ပြန်သည်။ ၎င်းကိုလည်း ဂျင်န်များက သတ်ဖြတ်ခဲ့ကြသည်။ ဤအတိုင်း နှစ်စဉ် နဗီတစ်ပါးစီ စေလွှတ်ခဲ့ရာ နဗီအပါး ၈ဝဝ အထိရှိခဲ့ပြီး အားလုံးကို ဂျင်န်ဆိုးများက သတ်ဖြတ်လိုက်ကြသည်။ ((ဤကမ္ဘာမြေဝယ် လူသားကိုမစေလွှတ်မီက ဂျင်န်များ နေထိုင်ကြ၏။ ထိုအကြောင်းအရာကို ဆိုလိုခြင်း ဖြစ်ပါသည်။))

-----။-----
{{မော်လာနာကာရီမုဟမ္မဒ်ယူနွတ်(စ်) (မအူပင်) ပြန်ဆိုရေးသားသော တိရိစ္ဆာသုတကမ္ဘာနှင့် အဖိုးတန်ဆေးနည်းများ စာအုပ်မှ ကူးယူတင်ဆက်ပါသည်။}}

BY
အလ်မုဖီးဒ် —

Sunday, 2 August 2015

အစ္စလာမ်ဆိုတာ

အစ္စလာမ်ဆိုတာ
============
အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည်အစ္စလာမ်သာသနာတော်အတွင်းသို့ လုံးလုံးလျားလျား (စိတ်ရောကိုပါ)
ဝင်ရောက်ကြကုန်လော။
၎င်းအပြင် ရှိုင်သွာန်၏နောက်သို့ ဖ၀ါးခြေထပ်မလိုက်ကြကုန်လင့်။ ထိုရှိုင်သွာန်သည်မုချဧကန် သင်တို့အဖို့ ထင်ရှားသော ရန်သူပင်ဖြစ်ပေသည်။(၂း၂၀၈)

ဒိအယသ်တော်မှာ စဉ်းစားစရာအချက်တွေရှိလာတယ်။
ပထမဥိးဆုံးဆိုလိုချင်တာက အို မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့
ဆိုလိုတာက အီမာန်ကိုလက်ခံ
ယုံကြည်ထားကြသူတွေပေါ့။

နောက်ထပ်ဆိုလိုထားတာက အစ္စလာမ်သာသနာတော်အတွင်းသို့
လုံးလုံးလျားလျား ၀င်ရောက်ကြလို့ အမိန့်ရှိတော်မူထားတယ်။
ဒိနေရာမှာ စဉ်းစားမိတာက
အိမာန်ကိုလက်ခံလိုက်ရုံနဲ့
မွတ်စ်စလင်မ် ဖြစ်မသွားဘူးလား။
အစ္စလာမ်သာသနာဘောင်ထဲကို
ရောက်သွားစပြိလို့ မဆိုလိုဘူးလား။
ဒါမှမဟုတ်အိမာန်ကတခု အစစလာမ်ကတခု လို့ဆိုလိုတာလား။
ဒါကစဉ်းစားစရာဖြစ်လာတယ်။

ဒါကြောင့်မှတ်ထားရမှက အစ္စလာမ်ဆိုတာ
ကလိမဟ် ဖတ်လိုက်ရုံနဲ့ စိတ်ထဲက ယုံကြည်လိုက်ရုံနဲ့မလုံလောက်ဘူး။

အရှင်မြတ် အမိန့်တော်နဲ့ တမန်တော်မြတ်(ဆွ) ပြသခဲ့တဲ့လမ်းစဉ်ထဲမှ အပြည့်အ၀ မ၀င်ရောက်မနာခံ မကျင့်သုံးသမျှ ဒိလူဟာ ပြည့်ဝတဲ့မွစ်စလင်မ်တယောက် မဖြစ်သေးပါဘူး။

အကယ်ရျု အရှင်မြတ်ရဲ့ အမိန်တော်တွေကို မိမိဥိးနှောက်နဲ့ဝေဖန်ပြိး ဆင်ခြေတွေပေးနေမယ် စောဓကတွေတက်နေမယ် ဆိုလို့ရှိရင်တော့ လူသားဟာ ဦးနှောက်ရဲ့ကျေးကျွန်
ဖြစ်သွားလိမ့်မယ်။

အရှင်မြတ်ရဲ့ကျေးကျွန်ဖြစ်ဖို့ အကြောင်းမရှိတော့ဘူး။
ဒါကြောင့်အရှင်မြတ်ကအမိန့်ရှိတော်မူထထားတယ်။
အကြင်လူသားက မိမိဘ၀ကိုလမ်းဖြောင့်လမ်မှန် အတိုင်းလျှောက်လှမ်းလိုတယ်ဆိုရင် အရှင်မြတ်နဲ့အရှင့်ရစူလ်ရဲ့ အမိန့်နဲ့လမ်းစဉ်ပေါ်မှာ
ကြည်ကြည်ဖြူဖြူ နဲ့နာခံလိုက် ဦးနှောက်သုံးပြိး ဘာစောဓကမှမတက်နဲ့ ဘာဆင်ခြေမှမပေးနဲ့။
အဲ့ဒိလို အပြည့်အ၀နာခံခြင်းကို အစ္စလာမ် လို့ခေါ်တာ။
အထက်ပါအယာသ်ရဲ့အလိုသဘောက ဒါပဲဖြစ်ပါတယ်။ ဗလီထဲမှာပဲမွစ်စလင်မ် ဖြစ်နေရမှာမဟုတ်ဘူး အိမ်မှာနေရင်ရော ဆိုင်မှာထိုင်နေရင်ရော
မွတ်စလာင်မ် ဖြစ်အောင်လုပ်၇မယ်။
အစ္စလာမ်သာသနာကို အပိုင်း(၅)ပိုင်းနဲ့ ခွဲခြားထားတယ်........

ဒီ(၅)ပိုင်းလုံးပြည့်စုံမှ မွတ်စ်လင်မ် ဖြစ်မယ်။

(၁)အီမာနီယာသ်......အကီဒဟ်မှန်ကန်ရမယ်။ ယုံကြည်ချက်မှန်ကန်ရမယ်။

(၂)အိဗာဒါသ်..........ဆိုလိုတာက နမာဇ် ၊ ရိုဇာ ၊ ဇကာသ် ၊ ဟဂ်ျ ၊ မှန်ကန်စွဲမြဲရမယ်။

(၃)မိုအာမလာသ်.......အရောင်းအ၀ယ် အပေးအယူအစရှိတဲ့ စိးပွားရေးကိစ္စတွေမှာ အရှင်မြတ်ရဲ့အမိန့်တော်ကိုနာခံရမယ်။
တမန်တော်မြတ်(ဆွ) ရဲ့နည်းစနစ်ကိုကျင့်သုံးရမယ်။
ဟလာလ်ဖြစ်အောင် ကြိုးစားရမယ်။
မိမိဝင်ငွေများ မိမိပိုင်ဆိုင်မှုတွေမှာ ဟရာမ်မဖြစ်စေရဘူး။

(၄)အခ်လာကီယာသ်.....အကျင့်စာရိတ္တမှန်ကန်ရမယ် ။ စိတ်နေသဘောထားမှန်ကန်ဖြူစင်ရမယ်။

(၅)မုအာရှရသ်.......လူမှုကျင့်ဝတ်
ဒိအချက်တွေကြည့်လိုက်ရင်သိရတယ်။
အစ္စလာမ်သာသနာက အေဗာဒါသ်က လေးပုံတပုံပဲရှိပါတယ်။
ကျန်တဲ့လေးပုံသုံးပုံက လူသားတွေနဲ့ပတ်သတ်တဲ့ အရေးကိစ္စတွေ ဖြစ်တယ်။

ဒိလူသားအချင်းချင်းနဲ့ ပတ်သက်တဲ့ တာဝန်ဝတ္တရားတွေကို မှန်မှန်ကန်ကန် မကျေပွန်နိုင်ပဲနဲ့ ပြည့်ဝတဲ့မွတ်စလင်မ်
တယောက်မဖြစ်နိုင်သေးပါဘူး။

တနည်းအားဖြင့်အစ္စလာမ်သာသနာ ထဲကို
အပြည့်အ၀ မ၀င်ရောက်သေးဘူးလို့ဆိုလိုတယ်။
ဒါကြောင့် အစ္စလာမ်သာသနာထဲကို အပြည့်အ၀ ၀င်ပါ။တစ်စိတ်တပိုင်း ၀င်တာမျိုးမလုပ်ပါနဲ့ ။

မိမိကြိုက်တဲ့ အလုပ်ကိုကြတော့ တခမ်းတနား ဂုဏ်ပြုပွဲတွေ အခမ်းအနားတွေနဲ့ ဂုဏ်သရေရှိလူကြိးတွေကိုဖိတ်ပြိးတော့ လုပ်ကြတယ်။
ကိုယ်မကြိုက်တဲ့အလုပ် ကြတော့ သာသနာထဲမှာရှိနေပါလားလို့မအောင့်မေ့သတိမရတော့ဘူး။

သတိထားကြပါ။သာသနာမှာမိမိကြိုက်တာကိုလည်း လုပ်ကြပါ။မိမိမကြိုက်တဲ့အရာလည်းလုပ်ပါ။

ဒါမှသာသနာကို အပြည့်အ၀ ၀င်ရောက်ရာေ၇ာက်မယ်။
ကျွန်တော်တို့အားလုံးကို သာသနာထဲမှာ အပြည့်အ၀ ၀င်ရောက်နိုင်စွမ်း အရှင်မြတ်ချိးမြှင့်တော်မူပါ့စေ။(အာမိးန်)

မော်လာနာ မုဖ်သိသကီး ဟောကြားသော အိဆ်လာဟီးခွသ်ဗားသ်
မှ
ကောက်နုတ်တင်ပြသည်။

POSTED BY ISLAMIC JOSH AT
မော်လဝီနူးရ်အဟ်မဒ်@Ahmad Mgk