Monday, 31 August 2015

စားသောက်ရာတွင် ကျင့်သုံးရမည့် စည်းကမ်းများ

စားသောက်ရာတွင် ကျင့်သုံးရမည့် စည်းကမ်းများ
===========================
အပိုင်း (၁)
-------
* မစားသောက်မီအလျှင် လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိဆေးခြင်း နှင့် နှုတ်ကျင်းခြင်းတို့သည် အစားအသောက်တွင် ဗရ်ကသ်ရရှိစေရန် အကြောင်းခံဖြစ်သည်။ (သိရ်မီဇီ)

* ဗိစ်မိလ္လာဟ်ဖတ်ပြီးမှ စားပါ။ ညာလက်ဖြင့်စားပါ။ (ဇွန်းဖြင့်စားလျှင်လည်း ညာလက်ဖြင့်သာ စားရမည်။) မိမိရှေ့မှ စပြီးစားပါ။ ပန်းကန်ပတ်ပတ်လည်မှ ဟိုနှိုက် ဒီနှိုက်ဖြင့် မစားရ။ (ဗုခါရီ၊ မွတ်စ်လင်မ်)

* ဘယ်လက်ဖြင့် လုံးဝမစား မသောက်ပါနှင့်။ ဘယ်လက်ဖြင့် စားသောက်ခြင်းသည် ရှိုက်သွာန်၏ လုပ်ရပ်ဖြစ်သည်။ (ယခုခေတ်တွင် ဘယ်လက်ဖြင့်စားသောက်ခြင်းကို စတိုင်လုပ်၍ စားသောက်ကြသည်။ တချို့ကလည်း အအေး၊ လက်ဖက်ရည်ခွက်များကို ဘယ်လက်ဖြင့်ကိုင်ပြီး သောက်ကြသည်။ ထိုသို့လုပ်ခြင်းသည် မင်းသား၊ မင်းသမီးများ၊ ဘာသာခြားတို့၏ ပုံစံကို အတုယူနှစ်သက်၍ လုပ်ဆောင်ခြင်းဖြစ်ပါက အပြစ်ခံရမည်ဖြစ်သည့်အပြင် စွန္နသ်တော်ကို သိပါလျှက်ကျောခိုင်းခြင်း၏ ပြစ်ဒဏ်လည်းခံရမည်ဖြစ်သည်။) (ညာလက်တွင် ဒဏ်ရာတခုခုရှိပါက ချွင်းချက်ရှိပါသည်။) (မွတ်စ်လင်မ်)

* မိမိစားသောက်သောပန်းကန်ကို ကိုယ်တိုင်ဆေးကြောပါက ထိုသူ့အတွက် ပန်းကန်က အိစ်သိဂ်ဖါရ်ပြုပေးမည်ဖြစ်သည်။ (သိရ်မီဇီ)

* စားစရာတခုခု အောက်သို့ကျသွားပါက သန့်ရှင်းအောင်ပြုပြီး စားသောက်လိုက်ရမည်။ ရှိုက်သွာန်အတွက်မချန်ထားရပေ။ (ကျသွားသောထမင်းစေ့၊ မုန့်၊ စသည်များကို သန့်ရှင်းအောင်ပြုပြီးစားလိုက်ခြင်းက ရှက်စရာမဟုတ်ပါ။ ဒတ်စ်သရ်ခါန်းပေါ်ကျသွားသည်ကိုပင် အချို့က ရွံစရာပုံစံဖြင့် မစားပဲလွှင့်ပြစ်လိုက်ကျသည်။ တချို့ကလည်း ပဲများ၍ အဲဒီလိုပြန်ကောက်စားခြင်းကို ရှက်စရာကိစ္စတစ်ခုဟုမှတ်ယူကာ ပြန်ယူမစားပဲထားလိုက်ကြသည်။ အကယ်၍ သိပံ္ပက ထိုသို့ပြန်လည်ကောက်ယူစားခြင်းတွင် မည်သို့အကျိုးထူးများရှိကို တင်ပြလာသည့်အခါမှ ထိုအလုပ်ကို ကျင့်သုံးလျှင် ၎င်းသူသည် စွန္နသ်ကို အထင်မကြီးသည့်သူနှင့် အတူတူပင်ဖြစ်သည်။)

* စားသောက်ပြီးစီးသွားသည့်အခါ လက်မဆေးခင်အရင် လက်ကို လျှက်လိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် စားစရာ၏ မည်သည့်အစိတ်အပိုင်းတွင် ဗရ်ကသ်ပါဝင်သည်ကို အသင်မသိနိုင်သောကြောင့်ဖြစ်သည်။
(မွတ်စ်လင်မ်)

* ထမင်းပန်းကန်၊ ထမင်းချိုင့်၊ စားသောက်ဖွယ်ရာများထည့်ထားသည့် ပန်းကန်၊ခွက်များကို အလယ်မှနှိုက်မစားနှင့်။ ထိုနေရာတွင် ဗရ်ကသ်ကျရောက်သည်။(သိရ်မီဇီ)

* စုပေါင်း၍စားသုံးပါ။ အလ္လာဟ်အရှင်၏ နာမတော်ဖြင့် အစပြု၍စားသုံးပါ။ ထိုသို့ပြုခြင်းသည် အသင်တို့အတွက် ဗရ်ကသ်ရရှိမည်ဖြစ်သည်။ (အဗူဒါဝူးဒ်)


No comments:

Post a Comment