ရှဗ်ဗိဘာရာသ်ညအကြောင်း သိကောင်းစရာ
အပိုင်း (1)
=============================
ရှာဘာန်လ ဆန်းပြီဆိုလျှင် မြန်မာပြည်တွင်
ရှဗ်ဗိဘာရာသ်ည ရောက်တော့မည်ကို မွတ်စ်လင်တိုင်း စိတ်စော နေမိပါသည်။
သောကြာနေ့ ခွသ်ဗဟ် များတွင်လည်း ရှဗ်ဗိဘာရာသ်ည အကြောင်း ကြိုတင် ဟောကြပြောကြ၍ လူတိုင်းသည် ထိုညကို
စောင့် မျှော်နေကြပါသည်။ ရှဗ်ဗိဘာရာသ် ညသည် ရှာဘာန်လ ၁၅ ရက် ညပိုင်း ကျ ရောက်ပါသည်။
ဒီနှစ် ၂၀၁၅ မှာကတော့ မြန်မာတစ်နိုင်ငံ
လုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်က.
ရှာအ်ဗန်လရဲ့ ၁၅ ရက်နေ့ ဖြစ်တဲ့
2.6.2015 အင်္ဂါနေ့ကို ရှဗ်ဗိဘာရာသ်ည
အဖြစ်ကြေညာထားပါတယ်..
အစ္စလာမ်ဘာသာတွင် ညအချိန်သည် အရင်ကျရောက်ပြီး နေ့အချိန်သည် နောက်မှကျရောက်သည်။
ဥပမာ နေ့တစ်နေ့၏ မဂ်ရိဗ် အချိန်သည် ညအစဖြစ်ပြီး ၄င်းညသည် မိုးလင်း နေထွက်ချိန်ထိ ရှိ၏။ နေ့အချိန်သည် နေထွက်ချိန်မှာ နေ၀င်ချိန် အထိဖြစ်သည်။
ထို့ကြောင့် မြန်မာ အချိန် ၁၄ ရက်နေ့ မဂ်ရိဗ် ဆွလာသ်အချိန်သည် အစ္စလာမ်ဘာသာအရ
၁၅ ရက်နေ့ည စတင်ပြီဖြစ်သည်။
အရှေ့အာရှနိုင်ငံများ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလာဒေးရှ်၊ မြန်မာ) စသည့် နိုင်ငံများတွင် ရှဗ်ဗိဘာရာသ် ညကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါသည်။
ကျွန်တော်တို့ မှတ်မှတ်ရရဆိုလျှင်
ကျွန်တော်တို့ရဲ့ဇာတိမြေ မိုးကုတ်မှာကတော့
အဲ့နေဆိုရင် အိမ်တိုင်းက မုန့်တစ်ခုခု လုပ်ကြတယ်.. ပြီးကိုယ့်အိမ်ကမုန့်ကို
အခြားအိမ်တွေကို လိုက်ပို့ကြ. အခြာအိမ်
တွေကလည်း မုန့်တွေပြန်ထည့်ပေးကြ
ညနေပိုင်းလောက်ရောက်ရင် စားပွဲးပေါ်မှာ
မုန့်အမျိုးပေါင်း ၆၀ လောက်ဗျာ ဘရကသ်
ရှိလိုက်တာ.. အဲ့နေ ဇဟိုရ်ပြီးလောက်ဆို
အိမ်တိုင်က မုန့်တွေယူလာပြီး ပလီပေါ်ကို
လာပို့ကြ. ပလီပေါ်မှာ ရောက်နေတဲ့ မုန့်တွေ
ကို အိတ်တွေနဲ့ထည့်ကြ.. ည ပလီလာ အေဗာဒသ် လာလုပ်တဲ့ လူတိုင်း ကို
တစ်ခါ အဲ့မုန့်ထုတ်တွေပြန်ဝေကြ..
ညမင်္ဂရစ်ဗ် ဖတ်ပြီးတာနဲ့ အားလုံးစုဝေး
ထိုင်ကြပြီး အလာဟ်အသျှင်ကို ချီးမွန်း
သီကုံးထားတဲ့ ကစွီဒါတွေ ကိုယ်တော်မြတ်(စွ)
နဲ့အခြား နဗီရစူတွေကို ဂုဏ်ပြု သီကုန်းထားတဲ့
ကစွီဒါ... ပန်းသေးအခေါ်.(ပဲးလေးတက်)
တွေ ဆိုကြ ဖတ်ကြတာ အေရှာအာဇမ်ထိပါပဲး
အေရှာအဇာမ် ပြီးရင်တော့ စူရာယာစီန် ကို
အားလုံး ဖတ်ကြပြန်ရော... အေရှာဖရသ်
ဖတ်မယ် ပြီးရင် အီမာန်က ဒီညအကြောင်း
ကို ဝအာဇ်လုပ်ပေးတယ်. အားလုံး အမလ်
ကောင်းမှု ကုသုလ် လုပ်ကြတယ်..
ကျွန်တော်ရောက်ဖူးလေ့လာဖူးတဲ့
တစ်ခြားမြို့တွေဆိုရင်တော့
ဗလီဝတ်ကျောင်း တော်များ၌ လူကြီးလူငယ် မရွေး သွားရောက်ကြပြီး တရားသွားနား
ထောင်ကြ၊ ကဘရ်သင်္ချိုင်းများသို့ သွားရောက်ကြ၊ သေဆုံးသူ ဆွေမျိုးသားချင်းများကို အပြစ်အပေါင်း မှကင်းလွှတ်စေလိုကြောင်း ဖတ်ရွတ် ဆုတောင်းကြ လေ့ရှိပါသည်။
အစွာရ် ဆွလာသ် အချိန် ကုန်လွန်သည်နှင့် မြောက်များစွာသော ရန်ကုန်မြို့ရှိ လိုင်းကားများ ဘတ်စ်ကားများ တိုက်စီကားများသည် မွတ်စ်လင်မ် တို့ကို အနယ်နယ်အရပ်ရပ်မှ တာမွေသင်္ချိုင်း၊ ကန်တော်ကလေးသင်္ချိုင်း သို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို စတင်လုပ်ပေးကြပြီဖြစ်သည်။
အထူးသဖြင့် မဂ်ရိဗ်အချိန်နောက်ပိုင်းတွင် ကားများ၊ လူများ ကြိတ်ကြိတ်တိုးနေအောင် တာမွေ နှင့် ကန်တော်ကလေး သင်္ချိုင်းများတွင် စည်းကားနေပေတော့သည်။
သင်္ချိုင်းများအတွင်းနှင့် အပြင်ဘက်တို့တွင်လည်း ကျောင်းအလှူငွေ ကောက်ခံသူများနှင့် ၄င်းတို့၏ ကောင်တာများ၊ အစ္စလာမ့်ပစ္စည်းများ ရောင်းချသည့်ဆိုင်များ နှင့် တောင်းရမ်းသူ ရာနှင့် ထောင်နှင့်ချီ နေအောင် တွေ့နိုင်သည်။
ဆုတောင်းလာကြသူတို့ သည် မိမိတို့၏ ဆုတောင်းခြင်း၊ ပေးလှူခြင်း လုပ်ငန်းများ လုပ်ကိုင်ပြီးသည်နှင့် မိမိအိမ်များသို့ ကိုယ်စီ ပြန်ကြတော့သည်။
အချို့ ရပ်ကွက်ဗလီဝတ်ကျောင်းတော်များတွင် အီရှာ ဆွလာသ် ဖတ်ပြီးနောက် အီမာမ် ဆွာဟိဗ်က ရှဗ်ဗီဘာရာသ် ညမြတ် အကြောင်း သိကောင်းစရာများကို ဟောပြောလေ့ရှိပြီး လူငယ်များသည် ၄င်းတရားကို အပြီးတိုင်အောင် နားထောင်ပြီး နောက် သင်္ချိုင်းများသို့ သွားရောက်လေ့ရှိသည်။
အချို့ရပ်ကွက်ဗလီများတွင် အီရှာအချိန်ကတည်းက ည ၃ နာရီနောက်ပိုင်း စဲဟ်ရီ လာရောက်စားသုံးနိုင်ကြောင်း ကြော်ငြာဘုတ်များတွင် ကျေညာချက်များ တင်ပြထားလေ့ရှိသည်။ လူငယ်သဘာဝ အစားအစား အကောင်းဆုံး ချက်ပြုတ်သော ဗလီများမှ ကျွေးမွေးသော ဗီရ်ရာန၊ီ အုန်းထမင်း၊ ဟလ၀ါ နှင့် တခါတရံ ဖာလူဒါကိုပါမကျန် ပျော်ပျော်ပါးပါး လိုက်လံစားသုံးလေ့ ရှိသည်ကို မေ့မရနိုင်ပါ။ မည်သို့ပင်ဖြစ်စေ ယနေ့တိုင် ဘာရာသ်ညမြတ်ကို မြန်မာ အိန္ဒိယ ပါကစ္စတန် စသည့် နိုင်ငံများတွင် ဆက်လက်ကျင်းပ နေသည်ကို သိရသည်။
ဗလီဝတ်ကျောင်းတော် အီမာမ် အများစုက ၄င်း ရှဗ်ဗီဘာရာသ်ညနှင့် ပတ်သက်လျှင် တင်ပြရှင်းပြသည်မှာ မြန်မာမွတ်စ်လင်မ် အများစု အနေဖြင့် လက်ခံကျင့်သုံးကြသည်မှာ ရာစုများစွာတိုင်အောင် အယူဝါဒမကွဲပြားဘဲ တစိုက်မတ်မတ် လုပ်ဆောင်လာ ကြသော်လည်း အာရဗ် နိုင်ငံများ၊ ထိုင်း၊ မလေး၊ အင်ဒို စသည့် ရှာဖအီ မဇ်ဟဗ် ကျင့်သုံးသည့် နိုင်ငံများတွင် ၄င်းညအကြောင်း ပြောလျှင် လုံးဝမသိကြသလို လက်မခံကြသည်ကိုလည်း တွေ့ရ ပေသည်။
၎င်းတို့က အများအားဖြင့် ပြောကြသည်မှာ ၄င်းည၏ ထူးမြတ်ခြင်း၊ ၄င်းညတွင် အမလ်အီဗါဒသ်အဖြစ် လုပ်ကိုင် နေခြင်းများ၊သင်္ချိုင်းများသို့ သွားရောက် ဇီယာရသ်လုပ်ခြင်းများသည် သာသနာတော်တွင် မရှိကြောင်း ပြောကြသည်။
မိမိတို့ ဆရာများ ဆွဲကိုင်ထားသော ဟဒီးဆ်တော်များကို ခိုင်မာမှုမရှိကြောင်း တင်ပြကြသည်။
ထို့ကြောင့် သူတို့နိုင်ငံတွင် ရှ်ဗ်ဗီ ဘာရာသ် အယူအဆများမရှိဟု ပြောကြလေသည်။
မိမိတို့ သိသော ရှ်ဗ်ဗိဘာရာသ် ညနှင့် လုပ်ဆောင်ချက်များမှာ
သိရ်မိဇီဟဒီးဆ်ကျမ်းတွင် အိုင်ရှာ (ရ) ၏ တင်ပြချက်ကို ဖေါ်ပြထားသည်မှာ၊
တစ်ည မိမိအိပ်ရာမှ နိုးချိန် တမန်တော်မြတ်ကို မတွေ့ရသဖြင့် လိုက်ရှာရာ.. အိမ်မှထွက်ခွါနေသော တမန်တော်မြတ်ကို တွေ့ရသည်။ ထိုအခါ ကျွန်မ နောက်မှ လိုက်ကြည့်ရာ တမန်တော်မြတ်သည် ဂျန္နသ် ဗကိအ်ဖက်သို့ သွားနေသဖြင့် ကျွန်မလည်း နောက်မှလိုက်သွားမိသည်။
တမန်တော်မြတ်သည် ကဗရ်ရှေ့တွင် ရပ်လျှက် သေဆုံးသူတို့အတွက် ခွင့်လွှတ်မှုကိုတောင်းခံနေပေသည်။ ကျွန်မကို တွေ့လျှင် အိုအိုင်ရှာ အလ္လာဟ်နှင့် အလ္လာဟ် တမန်တော် သည် အသင့်ကို သစ္စာ ဖေါက်သည်ဟု အသင်ထင်မြင်နေသလား။
ကျွန်မက မဟုတ်ကြောင်း တမန်တော်မြတ် အနေဖြင့် ကိစ္စရှိမည်ဖြစ်၍ အခြား ဇနီးတော် တစ်ဦးဦးထံ သွားနေသလားဟုသာ
ထင်မြင်ကြောင်းပြောမိသည်။
တမန်တော်မြတ်က အိုအိုင်ရှာ ဤညသည် မည်သည့်ည ဖြစ်သည်ကို အသင်မသည် သိပါသလားဟုမေးရာ
ကျွန်မက အလ္လာဟ်နှင့် အလ္လာဟ်ရစူလ်သာ အသိဆုံးဖြစ်ပါကြောင်းပြောရာ၊
တမန်တော်မြတ် က ဒီညသည် ရှာဘာန်လ ၁၅ ရက်နေ့ညဖြစ်ကြောင်း ဘာရာသ်ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ညဖြစ်ကြောင်း၊
အလ္လာဟ်အရှင်မြတ်သည် ဗနီကလ်ဗ် တို့၏ သိုးများပေါ်ရှိ အမွှေးများ အရေအတွက်နှင့် တူညီ သော လူတို့၏ အရေအတွက်ကို အပြစ်ငရဲများမှ ခွင့်လွှတ်မည်ဖြစ်ကြောင်း ပြောပြပါသည်။
ထိုအကြောင်းများကြောင့် မိမိတို့သည်
(၁) ကဘရ်စတန်သင်္ချိုင်းများ သို့သွားရောက်ခြင်း (၂) တစ်နေ့လုံးအတွက် ဆွလာသ် ၅ ကြိမ် ရအောင် ဖတ်ခြင်း
( ၃) မဂ်ရိဗ် ဆွလာသ် အပြီး နဖိလ် ဆွလာသ် ၂ ရကအသ် ၃ ကြိမ် ဖတ်ခြင်း
(၄) စူရာ ရာစီးန် ၃ ကြိမ်ဖတ်ခြင်း
(၅) ညအခါ သဟဂ်ျဂျွဒ် နမာဇ် ဖတ်ခြင်း
(၆) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း
(၇) ဇိကိရ် ရသလောက်လုပ် ခြင်း
(၈) ဆွလာသ် သစ်ဘိဟ် ဖတ်ခြင်း
(၉) စဟ်ရီစားသောက်ခြင်း ရိုဇာစောင့်ထိန်းခြင်း (၁၀) တတ်အားသ၍ အလှူဒါနပြုလုပ်ခြင်း
စသဖြင့် မိမိတို့၏ ရှဗ်ဗိဘာရာသ်ကို အကောင်းဆုံးဖြစ်အောင် အမလ်အိဗါဒသ်များဖြင့် ကျေနပ်စရာဖြစ်အောင် လုပ်ဆောင်လေ့ရှိပါသည်။
သို့သော်ငြားလည်း ယနေ့ခေတ်လူတို့သည် အထက်ပါဖေါ်ပြချက်များ မှန်ကန်မှုရှိမရှိကို အထူးတလည် လိုက်လံမေးမြန်း ရှာဖွေကြလေ့ရှိသည်ကိုလည်း သိသဖြင့် ယနေ့ အိန္ဒိယတိုက်ခွဲတွင် ပါကစ္စတန်နိုင်ငံမှ ကမ္ဘာကျော် အစ္စလာမ် သာသနာ့ပညာရှင် မောင်လာနာ မုဖ်သကီး ဆွာဟိဗ် တင်ပြသည့် ရှဗ်ဗီဘာရာသ် အကြောင်း သိကောင်းစရာများကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားပြီး
အင်ရှလာဟ် မနက်ဖြန်မှ ဆက်လက်တင်ပြမည်.
By အလ်မုဖီးဒ်
မော်လဝီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
Sunday, 31 May 2015
ရှဗ်ဗိဘာရာသ်ညအကြောင်း သိကောင်းစရာ အပိုင်း (1)
Thursday, 28 May 2015
ဂျုမာအ်နေ့၏ စွန္နတ်တော်များနှင့် အမိန့်ပညတ်ချက်များ
(က) ဂျုမာအ် ဆွလားသ် မတိုင်မီ လုပ်ဆောင်ရမည့် စွန္နတ်တော်များ
၁။ ရေချိုးခြင်း။
၂။ မိမိ၌ရှိသော အဝတ်အစားများအနက် အကောင်းဆုံးအဝတ်အား ဝတ်ဆင်ခြင်း။
၃။ ရေမွှေးဆွတ်ခြင်း။
၎။ လမ်းလျောက်၍ ဗလီသွားခြင်း။
(အကယ်၍ လမ်းလျောက်ရာ၌ အခက်အခဲမရှိပါက လမ်းလျောက်ခြင်းသည် အစီးအနင်းစီး၍ သွားခြင်းထက် ပိုမိုမွန်မြတ်သည်။)
၅။ ဗလီသို့ စောစီးစွာ သွားခြင်း။
၆။ ဗလီဝင် စွန္နတ် ၂ ရကသ် ဖတ်ခြင်း။
၇။ ခွသ်ဗာဟ်ကို တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ခြင်း
================================
(ခ) ဗလီသို့ရောက်လျင် မလုပ်ဆောင်သင့်သော လုပ်ရပ်များ
၁။ ရှေ့လိုင်းသို့ရောက်ရန် လူများအား ကျော်ခွသွားခြင်း။
၂။ ခွသ်ဗာဟ် နားထောင်နေချိန် ဒူးနှစ်ဖက်ပိုက်၍ စောင့်ကြောင့်ထိုင်ခြင်း။
၃။ ခွသ်ဗာဟ် ဟောကြားနေချိန် စကားပြောခြင်း ၊ မိမိအား စကားလာပြောသူအား အဖြေပြန်ပေးခြင်း၊ ခွသ်ဗာဟ်နားမထောင်ဘဲ အရာတစ်ခုခုအား ပြုလုပ်နေခြင်း ။
===============================
(ဂ) ဂျုမာအ် ဆွလားသ်ပြီးနောက် လုပ်ဆောင်ရမည့် လုပ်ရပ်များ
၁။ ဂျုမာအ်နေ့၏ ဒိုအာလက်ခံချိန်၌ ဒိုအာအား တစိုက်မတ်မတ် တောင်းခံခြင်း။
(ထိုအချိန်နဲ့ ပတ်သက်ပြီး သာသနာ့ပညာရှင်များ အကြား အကွဲအလွဲ ရှိပါတယ်။ အများစုသော သာသနာ့ ပညာရှင်များက အဲဒီ အချိန်ဟာ အဆရ်ဆွလားသ် ပြီးတဲ့နောက် မဂ်ရီးဗ် အာဇန် မတိုင်ခင် နေ့ရဲ့ နောက်ဆုံးအချိန်ဖြစ်တယ်လို့ အဆိုပြုကြပါတယ်။)"
===============================
(ဃ) ဂျုမာအ်ဆွလားသ် မတိုင်မီ (သို့) ဆွလားသ်ပြီး ဂျုမာအ်နေ့ မည်သည့် အချိန်တွင် မဆိုပြုလုပ်နိုင်သော စွန္နတ်တော်များ
၁။ စူရဟ် ကအ်ဖ် (စူရာဟ် - ၁၈ ) ဖတ်ခြင်း။
၂။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်းဟိစ္စလာမ်) အပေါ် ဒရူးသ် မြားမြောင်စွာ ပို့သခြင်း .............
By
မော်လဝီနူးရ်အဟ်အဒ်@မင်းထက်အောင်
Ahmad Mgk
၅) မျိုးသောအမှောင်နှင့် (၅) မျိုးသောလင်းဝင်းမှု။
ဒွန္နယာ လောကီဟာ အအ်မလ် လုပ်ရမယ့် နေရာဌာန။
အာခေရသ် လောကုတ္တရာဟာ အစားရမယ့် နေရာဌာန။
ပထမခလီဖဟ် မုအ်မီင်န်တို့ရဲ့ ခေါင်းဆောင် ဟဇရသ် အဘှူဗကရ် ဆီဒီက်
(رَضِيَ اللهُ عَنْهُ) သခင် အမိန့်ရှိတယ်။
အမှောင် (၅) ခု ရှိသလို အလင်း (၅) ခု ရှိတယ်။
၁။ ဒွန္နယာလောကီရဲ့ ချစ်ခင်မှုဟာ အမှောင်ဖြစ်သလို
သက္ကဝါ ရှောင်ကြဉ်မှု တရားဟာ အလင်းဖြစ်တယ်။
၂။ ဂိုနဟ် အကုသိုလ်ဟာ အမှောင်ဖြစ်သလို
သောင်ဗဟ် ဝန်ချတောင်းပန်ခြင်းဟာ အလင်းဖြစ်တယ်။
၃။ ကဗရ်ဟာ အမှောင်ဖြစ်သလို
ကလေမဟ် တွိုင်ယေဗဟ် လာအေလားဟ၊ အီလ်လလ်လားဟ် ဟာ အလင်းဖြစ်တယ်။
၎။ ပွရ်ဆေရသ် တံတားဟာ အမှောင်ဖြစ်သလို
ယကီင်န် ယုံကြည်မှုဟာ အလင်းဖြစ်တယ်။
၅။ အာခေရသ် တမလွန်ဘဝဟာ အမှောင်ဖြစ်သလို
ကောင်းသော အအ်မလ်ဟာ အလင်းဖြစ်တယ်။
By
မော်လဝီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
Tuesday, 26 May 2015
ကျင့်ရန်ကျင်ရန်
့ကျင့်ရန်ကျင်ရန် (1)
==============
အလာဟ်အရှင်ကလည်း ကုရ်အာန်ထည်းမှာ
အသိအလင်း မိတ်ထားတယ်.....
ငါအရှင်ရဲ့ အမိန့်ကို နာခံကြ
ကုရ်တော်မြတ်ရဲ့လမ်းစဉ်ကို တတွေမသိမ်း
လိုက်နာကြ....
ကိုတော်မြတ်စွရဲ့ စွနသ် တစ်ခုကို
အကောင်အထည်ဖေါ်တဲ့သူ ရှဟီဒီ
အလာဟ်အရှင်မြတ် လမ်းတော်မှာ အသက်စတေးတဲ့ တိုက်ပွဲးဝင်သွားတဲ့
လူ အယောက်၁၀၀ ရဲ့ ဆွဝ်ါဗ်ရမည်.
ဟဒီးစ်
အင်ရှာလာဟ် အချိန်သက်သာ လွယ်ကူ
ပြီး လူတိုင် ယူလိုရတဲ့စွဝါဗ် တွေပါပဲး
တစ်ရက် တစ်ခု တင်ပေးမယ်နော့်
နေကာဟ်လုပ်တာတို့. မိန်းမ ၄ ယောင်
ယူတာတို့ ဆိုရင်တော့ စွန္ဒသ် စွန္ဒသ်လို့
အော်အော်နေကြပြီး တခြား စွန္ဒသ်တွေ
ဆို မေ့ရော့နေကြတော့ တစ်ရက် တစ်မျိုး
တင်ပေးပါ့မယ်ဗျာ.. အားလုံး လိုက်နာနိုင်တဲ့
သောင်ဖီးက် အလာဟ်အရှင် ချီးမြင့်ပေးပါ
အာမီးန်
့
ပန်ကန်ကို ပြောင်အောင် စားခြင်းဟာ စွန္နသ်ဖြစ်တယ်။
======================_=_===
ဟဇရသ် ဂျာဗီရ် (رَضِيَ اللهُ عَنْهُ) သခင် ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (صَلَّي اللهُ عَلَيْهِ وَسَلَّمْ) ကိုယ်တော်သည်
အစားအစာ စားသောအခါ လက်ချောင်းများကို စုပ်ရန်။
ပန်ကန်ကို ပြောင်အောင်စားရန် အမိန့်ပေးခဲ့ပါတယ်။
ဆက်လက် အမိန့်ရှိတယ်
အသင်တို့ သိရှိနိုင်မည်မဟုတ်။
ဘယ်အစားအသောက်ရဲ့ အထဲမှာ ဗရ်ကသ်ရှိတယ် ဆိုတာကို။
By မော်လဝီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
Thursday, 21 May 2015
မွတ်စလင်မ်တစ်ဦး၏အရှက်သိက္ခာကိုဖုံးအုပ်ပေးခြင်း
မွတ်စလင်မ်တစ်ဦး၏အရှက်သိက္ခာကိုဖုံးအုပ်ပေးခြင်း
=====================================
တမန်တော်မြတ် (صَلَّي اللهُ عَلَيْهِ وَسَلَّمْ) ကိုယ်တော် အမိန့်ရှိသည်။
အကြင်သူ တစ်ဦးတယောက်ဟာ မွတ်စလင်မ် တစ်ဦးတစ်ယောက်ရဲ့
အရှက် သိက္ခာတရားကို ဖုံးအုပ်ပေးခဲ့မယ်ဆိုလျှင် အလ္လာဟ် (سُبْحَانَه وَتَعَالى) ကလည်း ကေယာမသ်နေ့မှာ ထိုသူ့ရဲ့.အရှက် သိက္ခာတရားကို
ဖုံးအုပ်ပေးမှာဖြစ်ပါတယ်။
အကြင်သူဟာ မွတ်စလင်မ်တစ်ဦးရဲ့ အရှက်သိက္ခာကို
ဖော်ထုတ်မယ်ဆိုလျှင် အလ္လာဟ် (سُبْحَانَه وَتَعَالى) ကလည်း ထိုသူ့ကို အရှက်တကွဲ အကျိုးနည်းဖြစ်စေမယ်။
အိမ်၌ ထိုင်းနေရင်းလည်းဘဲ ထိုသူ့ကို အရှက်တကွဲ အကျိုးနည်းဖြစ်စေမယ်
BY
မောအလ၀ီနူးရ်အဟ်မဒ် @ မင်းထက်အောင်
AhmadMgk
Sunday, 17 May 2015
တမန်တော်မြတ်(ဆွ)၏ မှာကြားချက်
ဆွဟာဗာသာဝကကြီး အစ်ရ်ဗာဒ်အီဗ်နေ့စာရိယဟ်(ရသွေ့)
ထံမှ တစ်ဆင့်ကြားသိရ၏။ ထိုသာဝကကြီးက ပြောပြသည်မှာ . . . .
တမန်တော်မြတ်(ဆွ) သည် တစ်နေ့သောအခါ ကျွန်ုပ် တို့အား
ရှေ့ဆောင်၍ ဆွလာသ် ၀တ်ပြုတော်မူ၏။
ထို့နောက်တမန်တော်မြတ်(ဆွ) သည် ကျွန်ုပ်တို့ဘက်မျက်နှာမူ၍
ကျွန်ုပ်တို့အားလေးနက်ထိမိသော တရားကိုဟောကြားတော်မူခဲ့၏ ။
ထိုတရားကို နာ၍ ကျွန်ုပ်တို့၏မျက်စိများမှ မျက်ရည်များ ယိုစီးလာခဲ့သည်။
စိတ်နှလုံးများလည်း တုန်လှုပ်သွားခဲ့သည်။ ထိုအခါပုဂ္ဂိုလ်တစ်ဦးက
တမန်တော်မြတ်၊ ဤတရားသည် ခွဲခွာသူတစ်ဦး၏ နောက်ဆုံးတရားနှင့် တူပါသည်။
သို့ဖြစ်ပေရာ တမန်တော်မြတ်သည် ကျွန်တော်မျိုးတို့အား
(၀ဆွီယသ်) မှာတမ်းစကား မိန့်ကြားတော်မူပါဟု လျှောက်ထားရာ
တမန်တော်မြတ်(ဆွ) က . . . .
ကျွန်ုပ်သည် အသင်တို့အား မှာကြားခဲ့မည်။ အသင်တို့သည်
အလ္လာ့ဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်။
တရားစကား နားထောင်ကြကုန်။ အမိန့်ကို နာခံကြကုန်၊
အမိန့်ပေးသူသည် ဟဗရှီနီဂရိုးကျေးကျွန်ပင်ဖြစ်လင့်ကစား
၎င်းအမိန့်ကို နာခံကြကုန်။ ကျွန်ုပ် မရှိသည့် နောက် အသင်တို့အနက်
အသက်ရှင်နေသူသများသည် များစွာသော ကွဲပြားမှုကို တွေ့မြင်ကြရပေမည်။
ထိုအခါအသင်တို့၏ တာဝန်မှာ ကျွန်ုပ်၏ စွန္နသ်လမ်းစဉ်နှင့်
တရားလမ်းမှန်ရထားသောဖြောင့်မှတ်မှန်ကန်သော
ခလီဖဟ် သမ္မတ များ၏ လမ်းစဉ်ကို ကျင့်သုံးရန်ပင်ဖြစ်သည်။
အသင်တို့သည် ထိုလမ်းစဉ်ကို ယုံကြည်အားထားကြကုန်၊
ထိုလမ်းစဉ်ကို သွားများဖြင့် ကိုက်ထားကြကုန်၊
သာသနာရေးတွင်ထွင်သောစကား(စကားသစ်စကားဆန်းများကို)
ဝေးစွာရှောင်ကြဉ်ကြကုန်။ အဘယ့်ကြောင့်ဆိုသော် ထွင်သော
အရာများအားလုံးသည် ဗစ်ဒ်အသ် ဖြစ်သည်။
ဗစ်ဒ်အသ်မှန်သမျှသည် လမ်းမှားချည်းသာဖြစ်သည် . . ဟု မိန့်တော်မူခဲ့သည်။
ဤသြ၀ါဒတော်ကို အဟ်မဒ်၊ အဗူဒါဝူးဒ်၊ တရ်မေဇီ၊ အိဗ်နေ့မာဂျဟ်တို့က
တစ်ဆင့်ဟောကြားခဲ့သည်။
သို့ရာတွင် ဤကျမ်းချက်တွေင် သိရ်မိဇီနှင့် အိဗ်နေ့ မာဂျဟ် က ဆွလာသ်
အကြောင်းထည့်သွင်းမဖော်ပြခဲ့ပေ။
=======================================================================
ကုရ်အာန်ပြီးလျှင်ဟဒီးစ် အဘယ့်ကြောင့် အရေးပါသနည်းစာအုပ်မှ ကူးယူသည်။
By
မော်လ၀ီ နူးရ်အဟ်မဒ် @မင်းထက်အောင်
Ahmad Mgk
Saturday, 16 May 2015
(ကျမ်းမြတ်ကု၇်အာန် နှင့် ပတ်သက် သော အထွေထွေ မှတ်သားဖွယ် ရာများ။)
ဖြေကြားချက်။ ၁။ ကျမ်းမြတ်ကု၇်အာန်၌
(က)စူရာဟ် ဖာသေဟာ မှ စ၍ စူရာဟ် နေစာအ် အထိ၊
(ခ)စူရာဟ် မာအေဒါ မှ စ၍ စူရာဟ် သောင်ဝ်ဗာဟ် အထိ၊
(ဂ)စူရာဟ် ယူနွတ်စ် မှ စ၍ စူရာဟ် နမလ် အထိ၊
(ဃ)စူရာဟ် ဗနီအီစ်ရာအီးလ် မှ စ၍ စူရာဟ် ဖုရ်ကာန် အထိ၊
(င)စူရာဟ် ရှိုရာ မှ စ၍ စူရာဟ် ယာစီးန် အထိ၊
(စ)စူရာဟ် ဆွာဖာသ် မှ စ၍ စူရာဟ် ဟူဂျုရာသ် အထိ၊
(ဆ)စူရာဟ် ကွားဖ် မှ စ၍ စူရာဟ် နးစ် အထိ၊
ပေါင်း မန်ဇီလ်(၇)ခုရှိပါသည်။
..............................................
၂။ မက္ကာဟ် မြို့တွင် ကျခဲ့သော စူရာဟ် ပေါင်း (၆၅)၊
မဒီနာ မြို့တွင် ကျရောက် ခဲ့သော စူရာဟ် ပေါင်း (၁၈)၊
စူရာဟ် (၃၁) စူရာဟ် မှာ အကွဲအလွဲရှိ၏၊
......................................
၃။ စုစုပေါင်း စူရာဟ် ပေါင်း (၁၁၄) ပုဒ် ရှိသည်။
(ရူကူအ်)ပေါင်း (၅၄၀)ရှိ၏။ အာယသ်တော် ပေါင်း (၆၆၆၆)အာယသ် တော်ရှိသည်။
(က)ဝါအ်ဒါ (ကတိ)နှင့်ပတ်သက်သော အာယသ်တော်ပေါင်း ၁၀၀၀
(ခ)ဝအီးဒ်(သတိပေးချက်)နှင့်ပတ်သက် သော အာယသ်တော်ပေါင်း ၁၀၀၀
(ဂ)အမိန့်များနှင့်ပတ်သက်သော အာယသ်တော်ပေါင်း ၁၀၀၀
(ဃ)တားမြစ်ခြင်းနှင့်ပတ်သက်သော အာယသ်တော်ပေါင်း ၁၀၀၀
(င)မီစာလ်(သာဓက)နှင့်ပတ်သက်သော အာယသ်တော်ပေါင်း ၁၀၀၀
(စ)ရှေ့သမိုင်းကြောင်းများနှင့် ပတ်သက် သော အာယသ်တော်ပေါင်း ၁၀၀၀
(ဆ).ဟလာလ်.နှင့်ပတ်သက်သော အာယသ်တော်ပေါင်း ၂၅၀
(ဇ).ဟရာမ်. နှင့်ပတ်သက်သော အာယသ်တော်ပေါင်း ၂၅၀
(ဈ).တပ်စ်ဗီ.နှင့်ပတ်သက်သော အာယသ်တော်ပေါင်း ၁၀၀
(ည)အထွေထွေ အမိန့်ပညတ်ချက်နှင့် ပတ်သက်သော
အာယသ်တော်ပေါင်း ၆၆
စုစုပေါင်း (၆၆၆၆) ရှိ၏။
...............
မော်လ၀ီ နူးရ်အဟ်မဒ် @မင်းထက်အောင်
Ahmad Mgk
တင်ပြပါ အကြောင်းအရာများကို
(ဖသာဝါအဆ်အဒီယဟ် ကျမ်းအတွဲ၂) စာမျက်နှာ၂၉၉မှ ယူ၍ တင်ပြခြင်းဖြစ်ပါ၏။
လူသား၏ကျင့်စဉ်
လူသား၏ကျင့်စဉ်
လူသားများ၏ကျင့်စဉ်သုံးရပ်ကို
အလ္လာဟ်အရှင်မြတ်နှစ်သက်တော်မူ၏
(၁)အလ္လာဟ်လမ်းတွင် မိမိစွမ်းအားကိုသုံးစွဲခြင်း။
(၂)ဂိုနာဟ်ပြစ်မှုကြောင့်ရှက်ကြောက်၍ငိုခြင်း။
(၃)ငတ်မွတ်ချိန်သည်းခံခြင်း။
ဝိညာဉ်ကိုလင်းဝင်းစေသော(၄)ချက်
(၁)၀မ်းကိုဟာစေခြင်းဖြင့်။
(၂)သူတော်ကောင်းနှင့်နေထိုင်ခြင်းဖြင့်။
(၃)ကျူးလွန်မိသောပြစ်မှုများကိုသတိရ၍ရှက်ကြောက်ခြင်းဖြင့်။
(၄)မျှော်လင့်ချက်အကျဉ်းချုံး၍ထားရှိခြင်းဖြင့်။
တိတ်ဆိတ်ခြင်းသည်
(၁)ဒုက္ခမခံရသော အိဗါဒသ်။
(၂)အုပ်ချုပ်မှုမရှိသောအာဏာ။
(၃)တံတိုင်းမပါသောခံတပ်။
(၄)လက်နက်မပါသောအောင်မြင်မှု။
အကျင့်ကောင်း(၄)ရပ်
(၁)ဒေါသထွက်ချိန်၍ ခွင့်လွတ်မှု။
(၂)လူသူကင်းချိန်အရှင်မြတ်အားကြောက်ရွံ့မှု။
(၃)ဆင်းရဲချိန်တွင် ရက်ရောမှု။
(၄)အင်အားရှိချိန် ကျိုးနွံမှု။
အာခေရသ်၏နူရ် မှတင်ပြပါသည်။
By
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
Friday, 8 May 2015
ရွှေသင်ပုန်းတစ်ချပ်....
ကုရ်အာန်ကျမ်းမြတ်တွင်
"၀ကားနတတ်လဟူကန်းဇွလ်လဟုမာ"
ဟူရ်ျလာရှိသောအာယသ် တော်မှာ
ရွှေသင်ပုန်းတစ်ချပ်ဖြစ်ပြီးထိုရွှေသင်ပုန်းပေါ်တွင်....
1. အလ္လာဟ်အရှင်မြတ်၏အပေါ် အီမာန်ယူထားပြီး
ဖြစ်ပါလျှက်၊ အခြားတစ်ပါးအားတသ နေသူကို
ငါအသျှင်အံ့သြမိသည်။
2.က်ျလောကသည် တစ်နေ့တွင် ဧကန်အမှန်
ပျက်စီးရမည်ကိုသိထားပါလျှက် မက်မော တွယ်တာနေသူကို
ငါအသျှင် အံသြမိသည်။
3.တစ်နေ့တွင် ဧကန်မလွဲ သေပွဲဝင်ရမည်ကို
သိထားပါလျှက်၊ရယ်မောနေသည်ကို
ငါအသျှင်အံ့သြမိသည်။
4.ဖြစ်ပျက်မှုဟူသမျှသည် နဖူးစာအရဖြစ်ကြောင်း
သိထားပါလျှက်ဆုံးရှုံးနစ်နာမှုအတွက်
နှမြောတသဖြစ်နေသည်ကို
ငါအသျှင်အံ့သြမိသည်။
5.နောင်တမလွန်အာခေရသ်တွင် စစ်ဆေးမေးမြန်းမှုခံရမည်ကို
သိထားပါလျှက် ပစ္စည်း ဥစ္စာစုဆောင်းနေသူကို
ငါ အသျှင်အံ့သြမိသည်။
6.ဂျဟန္နအကြောင်းကြားသိပြီးဖြစ်ပါလျှက်၊
ဂုနာဟ်ဒုစရိုက်မှုပြုသူကို
ငါအသျှင်အံ့သြ မိသည်။
7.ရှိုင်သွာန်သည် ထင်ရှားသော ရန်သူဖြစ်ကြောင်း
ကောင်းစွာသိထားပြီးဖြစ်ပါလျှက်၎င်း၏
ဖြားယောင်းသွေးဆောင်မှုကိုခံယူနေသူကို
ငါအံ့သြမိသည်။
ဟူသောစာတန်း (၇)တန်းပါရှိသည်ဟု နဗီတမန်တော်မြတ်(ဆွ)က
ဟဇရသ်အွတ်စမာန်(ရွ)အား ရှင်းပြတော်မူခဲ့လေသည်။
By
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk