(က) ဂျုမာအ် ဆွလားသ် မတိုင်မီ လုပ်ဆောင်ရမည့် စွန္နတ်တော်များ
၁။ ရေချိုးခြင်း။
၂။ မိမိ၌ရှိသော အဝတ်အစားများအနက် အကောင်းဆုံးအဝတ်အား ဝတ်ဆင်ခြင်း။
၃။ ရေမွှေးဆွတ်ခြင်း။
၎။ လမ်းလျောက်၍ ဗလီသွားခြင်း။
(အကယ်၍ လမ်းလျောက်ရာ၌ အခက်အခဲမရှိပါက လမ်းလျောက်ခြင်းသည် အစီးအနင်းစီး၍ သွားခြင်းထက် ပိုမိုမွန်မြတ်သည်။)
၅။ ဗလီသို့ စောစီးစွာ သွားခြင်း။
၆။ ဗလီဝင် စွန္နတ် ၂ ရကသ် ဖတ်ခြင်း။
၇။ ခွသ်ဗာဟ်ကို တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ခြင်း
================================
(ခ) ဗလီသို့ရောက်လျင် မလုပ်ဆောင်သင့်သော လုပ်ရပ်များ
၁။ ရှေ့လိုင်းသို့ရောက်ရန် လူများအား ကျော်ခွသွားခြင်း။
၂။ ခွသ်ဗာဟ် နားထောင်နေချိန် ဒူးနှစ်ဖက်ပိုက်၍ စောင့်ကြောင့်ထိုင်ခြင်း။
၃။ ခွသ်ဗာဟ် ဟောကြားနေချိန် စကားပြောခြင်း ၊ မိမိအား စကားလာပြောသူအား အဖြေပြန်ပေးခြင်း၊ ခွသ်ဗာဟ်နားမထောင်ဘဲ အရာတစ်ခုခုအား ပြုလုပ်နေခြင်း ။
===============================
(ဂ) ဂျုမာအ် ဆွလားသ်ပြီးနောက် လုပ်ဆောင်ရမည့် လုပ်ရပ်များ
၁။ ဂျုမာအ်နေ့၏ ဒိုအာလက်ခံချိန်၌ ဒိုအာအား တစိုက်မတ်မတ် တောင်းခံခြင်း။
(ထိုအချိန်နဲ့ ပတ်သက်ပြီး သာသနာ့ပညာရှင်များ အကြား အကွဲအလွဲ ရှိပါတယ်။ အများစုသော သာသနာ့ ပညာရှင်များက အဲဒီ အချိန်ဟာ အဆရ်ဆွလားသ် ပြီးတဲ့နောက် မဂ်ရီးဗ် အာဇန် မတိုင်ခင် နေ့ရဲ့ နောက်ဆုံးအချိန်ဖြစ်တယ်လို့ အဆိုပြုကြပါတယ်။)"
===============================
(ဃ) ဂျုမာအ်ဆွလားသ် မတိုင်မီ (သို့) ဆွလားသ်ပြီး ဂျုမာအ်နေ့ မည်သည့် အချိန်တွင် မဆိုပြုလုပ်နိုင်သော စွန္နတ်တော်များ
၁။ စူရဟ် ကအ်ဖ် (စူရာဟ် - ၁၈ ) ဖတ်ခြင်း။
၂။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်းဟိစ္စလာမ်) အပေါ် ဒရူးသ် မြားမြောင်စွာ ပို့သခြင်း .............
By
မော်လဝီနူးရ်အဟ်အဒ်@မင်းထက်အောင်
Ahmad Mgk
Thursday, 28 May 2015
ဂျုမာအ်နေ့၏ စွန္နတ်တော်များနှင့် အမိန့်ပညတ်ချက်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment