Friday, 8 May 2015

ရွှေသင်ပုန်းတစ်ချပ်....

ကုရ်အာန်ကျမ်းမြတ်တွင်

"၀ကားနတတ်လဟူကန်းဇွလ်လဟုမာ"

ဟူရ်ျလာရှိသောအာယသ် တော်မှာ

ရွှေသင်ပုန်းတစ်ချပ်ဖြစ်ပြီးထိုရွှေသင်ပုန်းပေါ်တွင်....

1. အလ္လာဟ်အရှင်မြတ်၏အပေါ် အီမာန်ယူထားပြီး
ဖြစ်ပါလျှက်၊ အခြားတစ်ပါးအားတသ နေသူကို
ငါအသျှင်အံ့သြမိသည်။

2.က်ျလောကသည် တစ်နေ့တွင် ဧကန်အမှန်
ပျက်စီးရမည်ကိုသိထားပါလျှက် မက်မော တွယ်တာနေသူကို
ငါအသျှင်​ အံသြမိသည်။

3.တစ်နေ့တွင် ဧကန်မလွဲ သေပွဲဝင်ရမည်ကို
သိထားပါလျှက်၊ရယ်မောနေသည်ကို
ငါအသျှင်အံ့သြမိသည်။

4.ဖြစ်ပျက်မှုဟူသမျှသည် နဖူးစာအရဖြစ်ကြောင်း
သိထားပါလျှက်ဆုံးရှုံးနစ်နာမှုအတွက်
နှမြောတသဖြစ်နေသည်ကို
ငါအသျှင်အံ့သြမိသည်။

5.နောင်တမလွန်အာခေရသ်တွင် စစ်ဆေးမေးမြန်းမှုခံရမည်ကို
သိထားပါလျှက် ပစ္စည်း ဥစ္စာစုဆောင်းနေသူကို
ငါ အသျှင်အံ့သြမိသည်။

6.ဂျဟန္နအကြောင်းကြားသိပြီးဖြစ်ပါလျှက်၊
ဂုနာဟ်ဒုစရိုက်မှုပြုသူကို
ငါအသျှင်အံ့သြ မိသည်။

7.ရှိုင်သွာန်သည် ထင်ရှားသော ရန်သူဖြစ်ကြောင်း
ကောင်းစွာသိထားပြီးဖြစ်ပါလျှက်၎င်း၏
ဖြားယောင်းသွေးဆောင်မှုကိုခံယူနေသူကို
ငါအံ့သြမိသည်။

ဟူသောစာတန်း (၇)တန်းပါရှိသည်ဟု နဗီတမန်တော်မြတ်(ဆွ)က

ဟဇရသ်အွတ်စမာန်(ရွ)အား ရှင်းပြတော်မူခဲ့လေသည်။

By
မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment