ဟဂ်ျအကြောင်းသိကောင်းစရာအပိုင်း(1)
----------------------
အိုးအရှင် ဒီနေ့ အရှင်ရဲ့အိမ်တော်သို့ လာရောက်
ဖူးမျှော်မဲ့ ဟာဂျီလောင်းများကို အရှင်လက်ခံတော်မူပါ.
ကျွန်တော်နဲ့တစ်ကွ အီမာန်ရှင်အားလုံးကို
ဘိုင်လ်သွလ္လ်ာသို့ သွားရောက်နိုင်သည့် သောင်ဖီးက်
ချီးမြင့်ပေးပါ . အာမီန်း
ဟဂ်ျအမျိုးအစားများ
===========
၁။ ဟဂ်ျဂျေအစ်ဖ်ရားဒ် - ဆိုသည်မှာ မီကားသ်နယ်နမိတ်ကနေ ဟဂ်ျတစ်မျိုးတည်းပြုလုပ်ဖို့ရည်ရွယ်ချက် နှင့် အဲဟ်ရားမ်ဝတ်ပြီး ဟဂ်ျပြုခြင်းကို ခေါ်ပါတယ်။ (မက္ကာဟ်မြို့သူမြို့သားများသည် ၎င်းဟဂ်ျဂျေအစ်ဖ်ရားဒ်ကိုသာ ပြုလုပ်ရမည်။ ဟဂ်ျဂျေကေရားန်နှင့် ဟဂ်ျဂျေသမသ်သွအ် အမျိုးအစားတွေကို ပြုလုပ်ခွင့် မရှိပါ။)
၂။ ဟဂ်ျဂျေကေရားန် - ဆိုသည်မှာ ဟဂ်ျ နှင့် အွမ္မရာဟ် (၂) မျိုးစလုံးအတွက် နီယသ်လုပ်ပြီး အဲဟ်ရာမ်ဝတ်ခြင်းကိုခေါ်ပါတယ်။ ဟဂ်ျဂျေကေရားန်ပြုလုပ်သူသည် အွမ္မရာဟ် ၏သွဝါးဖ်နှင့် စအီကို ပြုလုပ်ပြီး နောက် အဲဟ်ရာမ်ဝတ်ရုံကို ဆက်လက်ရုံထားရမှာဖြစ်ပါတယ်။ အရဖားသ်ကွင်းပြင်သို့ မသွားခင်အလျှင် သွဝါးဖေကုဒူးမ်ပြုလုပ်ထားခြင်းဟာ စွန္နသ်ဖြစ်ပါတယ်။ သွဝါးဖ်နှင့်အတူ စအီကိုလည်းပြုလုပ်ထားခြင်းက စွန္နသ်ဖြစ်ပါတယ်။ သဝါးဖေကုဒူးမ်တွင် စအီလုပ်ထားပြီးပါက သဝါဖေဇေယာရသ်တွင် စအီလုပ်ရန်မလိုတော့ပါ။
၃။ ဟဂ်ျသမသ်သွအ် - ဆိုသည်မှာ အွမ္မရာဟ်ပြုလုပ်ပြီးနောက် ကတုံးရိတ်ခြင်း၊ ဒါမှမဟုတ် ဆံပင်ဖြတ်ခြင်းများ ပြုလုပ်ပြီး အဲရာမ်ဝတ်ရုံကို ချွတ်လိုက်ရပါတယ်။ အဲဒီနောက် ဇိလ်ဟဂ်ျလ (၈)ရက်နေ့မှာ ဟဂ်ျပြုလုပ်ဖို့ရည်ရွယ်ပြီး အဲဟ်ရာမ်ဝတ်ရုံကို ရုံကာ ဟဂ်ျရဲ့လုပ်ငန်းတွေကို ပြုလုပ်ဆောင်ရွက်ရပါတယ်။ ၎င်း ဟဂ်ျကို ဟဂ်ျသမသ်သွအ်လို့ခေါ်ပါတယ်။
ဟဂ်ျ၏ ဖရပ်ဇ်တာဝန်များ
==============
ယခုဆက်ပြီးတင်ပြလိုသည်မှာ ဟဂ်ျတွင် ဖရပ်ဇ် နှင့် ဖရပ်ဇ်တာဝန်များ လွတ်သွားပါက ဟဂ်ျမပိုင်တော့ပါ။
ဟဂ်ျတွင် ဖရဇ် ၃ ချက်ရှိသည်။
၁။ ဟဂ်ျပြုလုပ်ရန်ရည်ရွယ်ပြီး အဲဟ်ရာမ်ဝတ်ခြင်း၊ သလ်ဗီယာအစအဆုံး ဆိုခြင်း။
၂။ ဝုကူးဖေအရာဖာသ်၊ အရဖားသ်ကွင်းပြင်တွင် ဆိုင်းငံခြင်း၊ ဇိလ်ဟဂ်ျလ ၉ ရက်နေ့မွန်းလွဲချိန်မှ ဇိလ်ဟဂ်ျလ ၁၀ရက် နံနက် စဲဟ်ရီချိန်မကုန်ခင် အချိန်အတွင်း အရဖားသ်ကွင်းပြင်မှာ ခေတ္တခဏဖြစ်စေ ဆိုင်းငံ့နေထိုင်ခြင်း။
၃။ သဝါဖေဇိယာရသ်ပြုလုပ်ခြင်း (ဇိလ်ဟဂ်ျလ ၁၀ရက်နေ့ နံနက်စဲဟ်ရီအချိန်ကုန်ဆုံးပြီးချိန်ကနေ ဇိလ်ဟဂ်ျလ ၁၂ရက်နေ့ နေဝင်ချိန်အတွင်း ကအ်ဗာဟ်ကျောင်းတော်ကို သဝါးဖ် (၇) ပတ်လှည့်ပတ်ခြင်း။
၎င်းဖရဇ်အချက်များမှ အချက် (၁) ချက်လွတ်သွားပါက ဟဂ်ျမပိုင်တော့ပါ။
ဟဂ်ျ၏ဝါဂျိဗ်တာဝန်များ
=============
ဟဂ်ျတွင် ဝါဂျိဗ်တာဝန် (၆) မျိုးရှိသည်။
၁။ မုဇ်ဒလေဖာတွင် ဆိုင်းငံခြင်း၊
၂။ ဆွဖာ နှင့် မရ်ဝါ ကြားစအီလုပ်ခြင်း၊
၃။ ရှိုက်သွာန်ခဲပေါက်ခြင်း၊
၎။ ကုရ်ဗာနီလုပ်ခြင်း၊
၅။ အမျိုးသားများ ဆံပင်ရိတ်၊ ဖြတ်ခြင်း/ အမျိုးသမီးများ ဆံပင်ဖြတ်ခြင်း၊
၆။ သဝါဖေဝေဒါအ် လုပ်ခြင်း။
၎င်းဝါဂျိဗ်အချက်များ မလုပ်ဆောင်မိပါက ဒမ်ပေးရမည်။
အင်ရှာလာဟ်မနက်ဖြန်ဆက်ဦးမည်..
မော်လဝီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
Monday, 7 September 2015
ဟဂ်ျအကြောင်းသိကောင်းစရာအပိုင်း(1)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment