Tuesday, 22 September 2015

သေခြင်းတရား

သေခြင်းတရား
==========

ကိုယ်တိုင်ကြုံတွေ့တဲ့ အဖြစ်အပျက်လေးတစ်ခုပြောပြပါရစေ။
တစ်ရက်က ဇုဟိုရ်နာမာဇ်အပြီး ကျွန်မ အလွန်ငိုက်မြည်းလာတာကြောင့် ခင်းထားတဲ့ အခင်းပေါ်မှာပဲ လဲလျောင်းအိပ်စက်လိုက်ပါတယ်။
အိပ်လို့ မပျော်တပျော်ရှိနေတဲ့အချိန်တောတွင်းမှာ ကျွန်မခန္ဓာကိုယ်တွေထုံကျင်လာပြီးအလွန်နာကြင်တဲ့ ဝေဒနာဟာ သေလုမျောပါးဖြစ်လာပါတယ်။
ဝိဥာဉ်ထွက်သွားလုမတတ်ကိုခံစားလိုက်ရပါတယ်။

ပထမဆုံးသတိထားလိုက်မိတာဟာကျွန်မ
မော့သ်ရောက်လာခြင်းလား??
ပါးစပ်ဖျားမှ အလိုလို ကလေမာဟ်ဖတ်နေမိတယ်။ ကျွန်မဟာ ရုန်းရင်းဆံခတ်အခြေအနေနဲ့ မနည်းနိုးထဖို့ကြိုးစားနေမိပါတယ်။ ဒါပေမဲ့ နိုးထလည်း မရ လှုပ်ရှားဖို့ အင်အားဟာ အလွန်နည်းပါးလာပါတယ်။

ကျွန်မ ပထမဆုံးစိုးရိမ်မိတာဟာ ကျွန်မ အမလ်ပါ။
မပြည့်စုံသေးတဲ့ အမလ်တွေကို ပူပင်သွားတယ်။
ကျွန်မနေရမဲ့ကဗရ်ဟာမြင်ကွင်းထဲပေါ်လာတယ်....
ခြောက်ပေ သုံးပေ မြေကျင်းလေးတစ်ခု..
မိသားစုတွေအချင်းချင်းပြောနေကြမဲ့ကျွန်မ
အကြောင်တွေ....သူတို့ ပူဆွေးမှုတွေ....

ကျွန်မ လည်ပင်းတွေ တော်တော်လေးကို ခြောက်ကပ်ပြီး အသက်ရှုရ အလွန်ခက်လာတယ်။
မသိစိတ်က မိမိကို မော့သ်က ဘယ်လိုပုံနဲ့လာခေါ်မလဲဆိုတာတွေး ကြည့်နေမိတယ်။

နှလုံးခုန်သံတွေဟာ ရင်ကွဲလုမတတ်ပါပဲ။ အာရုံတွေ ထွေပြားမသွားဖို့ မနည်းစုစည်းရင်း ကလေမာဟ်ရှဟာဒသ်ကို ပလုံးပထွေးရွတ်ဖတ်နေမိတယ်။ လျှာတွေတော်တော်လေးလံလာခဲ့တယ်။ နောက်ဆုံးမှာ ကျွန်မ အလွန်မြင့်တဲ့နေရာတစ်ခုက နေပြုတ်ကျလာသလိုဖြစ်ပြီး နိုးလာခဲ့တယ်။

ကျွန်မဟာ ချက်ချင်းပဲ ကလေမဟ်ဆိုပြီးထထိုင် လိုက်ပါတယ်။ ခန္ဓာကိုယ်က နာကြင်မှုတွေဟာ ရုတ်ချည်းပျောက်သွားတယ်။ နှလုံးခုန်သံတွေကတော့ ကျယ်လောင်နေပြီး အာခေါင်တွေဟာ ခြောက်သွေ့ နေဆဲပါပဲ။ နဖူးက စိုနေတဲ့ ချွေးတွေကို သုတ်ပြီး ကျွန်မဟာ လက်တွေ့ ကျကျ မြင်လိုက်ရတဲ့ (အစမ်း)သေခြင်းတရား
ကို မြည်းစမ်းလိုက်ရတဲ့အတွက် တော်တော်တုန်လှုပ်သွားခဲ့ပါတယ်။

ထိုအတူ အစစ်အမှန်မဟုတ်သေးဘဲ ကျွန်မ အမှားတွေ ကိုသောင်ဗာဟ် ဖတ်ခွင့် ရအောင် အသက်နဲ့ထားပေးတဲ့ အလ္လာဟ်အရှင်မြတ်ကိုလည်း ရှကုရ် ဖတ်လိုက်ပါတယ်။ ဒီခဏတာ ဒွန္နီယာကြီးမှာ တွေ့ကြုံရတဲ့ ဒုက္ခတွေ အခက်အခဲတွေဆိုတာ အလွန်မြန်ဆန်စွာပြောင်းလဲသွားပေမဲ့ ကျွန်မတို့ သေခြင်းတရားဆိုက်ရောက်လာပြီးရင်တော့ အမလ်ဟာတစ်ခုတစ်လေမှပြင်ဆင်လို့ရမှာမဟုတ်ဘူးဆိုတဲ့အသိတွေဝင်လာပါတယ်။

ကျွန်မမှာ သေခြင်းတရားဆိုတဲ့ အတွေးဝင်လာစေတဲ့အတွက် ဒီဒွန္နီယာကြီးမှာ ခဏတာနေရတဲ့အချိန် မနာလိုတာ အမုန်းတရားတွေ မာနတွေကို ရွံရှာလာခဲ့ပါတယ်။
တကယ်တမ်းထာဝရနေရမဲ့အာခိရသ်ကို
တွေးပြီးပူပင်မိလာပါတယ်။ အားလပ်ချိန်တွေကို
အရင်ကလို အလဟသ အကျိုးမရှိ အချိန်ဖြုန်းနေမဲ့အစား သာသနာ့အသိပညာ တိုးစေမဲ့ စာအုပ်တွေကို လေ့လာဖြစ်သလို တတ်နိုင်သမျှ အမလ်တွေကို ပြုလုပ်တတ်လာပါပြီ။
ကြားသိရသမျှကိုပြန်လည်ဒါအ်ဝသ်
ပေးမယ်ဆိုတဲ့နိယသ်နဲ့ဘဝကိုရှေ့ဆက်လျှောက်လှမ်းဖို့ ဆုံးဖြတ်ချက်တွေ ချမိပါတယ်။

တကယ်တမ်းကျတော့ ကျွန်မတို့ဟာ သေခြင်းတရားကိုမုချမြည်းစမ်းကြရမဲ့သူတွေဖြစ်တဲ့အတွက်သေပြီးဖြတ်သန်းရမဲ့စခန်းတိုင်းမှာအောင်မြင်မှုရှိဖို့ယခုအချိန်ကစပြီးကြိုးစားကြရမှာဖြစ်ပါတယ်။

كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ
ကုရ်အာန် (စူရာဟ် အင်မ်ရာန် 3:185)
----------------------------------------------------

ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်အိပ်မပျော်တဲ့ နေ့ရက်တွေမှာ ကျွန်မသေပြီးနောက်ဖြစ်လာမဲ့ အကြောင်းတွေတွေးကြည့်မိတယ်။
ကျွန်မရဲ့ အသက်မဲ့ ခန္ဓာကို ထမ်းစင်ပေါ်တင်ပြီ ထမ်းသွားကြမယ်။
ကျွန်မကို ခြောက်ပေ သုံးပေကျင်းလေးထဲမှာ ထည့်ပြီးနောက် ကျွန်မဟာ မြေကြီးရဲ့ ဝမ်းဗိုက်ထဲက
ိုရောက်သွားမယ်။
ကျွန်မမိုင်ယဒ်ကိုလိုက်ပို့တဲ့သူတွေပြန်
သွားကြမယ်။ ခြေလှမ်း ၄၀ မြောက်မှာ ကျွန်မဟာ မွန်ကရ် နကီးရ် ဖွရစ်ရှ်သာကြီး ၂ ပါးရဲ့မေးခွန်းတွေကို ဖြေဆိုရမယ်။
ပြီးနောက် ကျွန်မနေထိုင်ရမဲ့ ဗရ်စခ် လို့ခေါ်တဲ့ ဝိဥာဉ်စခန်းမှာသတ်မှတ်ထားတဲ့နေရာမှာနေထိုင်ရင်း ကိယာမသ်ကို စောင့်မျှော်နေရမယ်!!
အီးစ်ရာဖီးလ် ကောင်းကင်တမန်ရဲ့ စူလ်တံပိုး ဒုတ်ယအကြိမ်မှုတ်တာနဲ့ ကျွန်မနဲ့အာရ်ဝါ အားလုံးဟာ မိမိခေါင်းပေါ်က မြေကြီးခဲတွေကို ဖယ်ရှာပြီး မိမွေးဖမွေးတိုင်း ထလာကြရမယ်!!!!
ကျွန်မ တို့တွေ အတွက် အချိန်ဟာ ဘယ်လောက်တိုတောင်းမလဲဆိုရင် နေ့တစ်ဝက်လောက်ပဲ ကဗရ်မှာ ရှိနေခဲ့ကြတယ်လို့ ထင်မိကြမယ်ဆိုတာ ဟဒီးစ်တစ်ခု မှာ ဖတ်လို့ သိခဲ့ရတယ်။
အများသူငှာတွေ ကိယာမသ်ရဲ့ ပြင်းထန်တဲ့ အရှိန်ကြားမှာ စိတ်နှလုံးသေနေကြတဲ့ အချိန် ကျွန်မ ဟာ ဘယ်လို အခြေအနေမှာရှိနေမလဲ။ ????
ကျွန်မရဲ့ အပြစ်တွေကို အလ္လာဟ် ဘယ်လို အရေးယူမလဲ ????စဝါးဗ်တွေကို ဘယ်လို အစားပေးမလဲ?????ဲ ဆိုတဲ့အတွေးတွေနဲ့ပူပင်မိပါတယ်။
ဆံပင်ထက်သေးပြီး ဓားထက်ပို ထက်မြတ်တဲ့ ပွတ်ဆွေရားသ်တံတားပေါ်ဘယ်လိုလျှောက်လှမ်းမလဲ ??
ကျွန်မသိပ်ကြောက်မိပါတယ်။ အလ္လာဟ့်အရှင်မြတ်ရဲ့ မပြည့်စုံတဲ့ ဗန္ဒာဟ်မို့ ကျွန်မဟာ အရှင့်ထံက ရဟ်မသ်ကို မျှော်ကိုးပြီး ကြုံတွေ့ရတဲ့ စခန်းတိုင်းအောင်မြင်မှုပေးဖို့ ဒုအာလုပ်ပါတယ်။
=============================
ဒါဟာ သိပ်မကြာသေးတဲ့ အ


No comments:

Post a Comment