(မိဘကျိန်စာ)
=========
ဟိုးရှေးအခါကပေါ့ကွယ် ဗနီအစ္စရာအီလ်မျိုးနွယ်ထဲမှာ (ဂျိုရိုက်ဂ်ျ)အမည်ရှိတဲ့သူတော်စင်ကြီးတစ်ဦးရှိခဲ့တယ်။သူတော်စင်ကြီးဟာ မိမိ၏၀တ်ပြုကျောင်းတော်အတွင်းတွင်နေထိုင်ပြီး နေ့ညမပြတ်(စွလာ သ်)၀တ်ပြုပြီးတရားကျင့်နေခဲ့တယ်။
တစ်နေ့သောအခါသူတော်စင်ကြီးရဲ့မိခင်သည်မိမိ၏သားဝတ်ပြုတရားကျင့်နေတဲ့ဝတ်ကျောင်းတော် သို့သွားရောက်ပြီး သားရေ..သားရေ..လို့ အကြိမ်ကြိမ်အော်ဟစ်ခေါ်ဆိုခဲ့ပါတယ်။
သူတော်စင်ကြီး(ဂျိုရိုက်ဂ်ျ)ကအဲ့ဒီလိုမိခင်ခေါ်နေတဲ့အချိန်မှာ (စွလာသ်)ဆောက်တည်ဝတ်ပြုနေချိန် ဖြစ်တဲ့အတွက်မိခင်ရဲ့အော်ဟစ်ခေါ်ဆိုသံကိုကြားသော်လည်းပဲ အဖြေမပေးမထူးဘဲနေခဲ့မိပါတယ်။
သူတော်စင်ကြီးရဲ့မိခင်က မိမိအော်ဟစ်ခေါ်ဆိုခြင်းကိုအဖြေမပေးမထူးဘဲနေခဲ့တဲ့သားကိုစိတ်ဆိုးဒေါ သဖြစ်လျှက်မိမိသားအား ကျိန်ဆဲပြီး ဒိုအာ တောင်းဆိုခဲ့တယ်။
အို-ထာဝရဘုရားသခင် အလ္လာဟ်ရှင်ကျွန်တော်မျိုးမ၏သား (ဂျိုရိုက်ဂ်ျ)သည် ကျွန်တော်မျိုးမ အကြိမ်ကြိမ်အော်ဟစ်ခေါ်ဆိုခြင်းကို ဂရုမပြု အဖြေမပေးဘဲ ၀တ်ကျောင်းတော်တွင်းမှာပဲ နေခဲ့ ပါတယ်။
သို့အတွက်သားအား မကောင်းသောမိန်းမယုတ်မိန်းမပျက်နှင့်စွပ်စွဲခံရသူအဖြစ်နှင့် ကှ်ျဝတ်ကျောင်း တော်အတွင်းမှနှင်ထုတ်ခြင်းခံရသူဖြစ်ပါစေဟုနှုတ်မှကျိန်ဆဲလိုက်တယ်။
တစ်နေ့သောအခါ မိန်းမပျက် မိန်းမရွှင်တစ်ဦးသည်သူတော်စင်ကြီးတရားကျင့်နေသော ၀တ်ပြု ကျောင်းတော်သို့သွားရောက်ပြီး (ဇေနာ)ကာမေသု ကျူးလွန်ရန် သွေးဆောင်ဖျားယောင်းရ်ျဆွဲဆောင် သည်။
သူတော်စင်ကြီးက ထိုမိန်းမပျက် မိန်းမရွှင် ဖိတ်ခေါ်ဆွဲဆောင်သော(ဇေနာ)ကျူးလွန်ခြင်းမှလက်မခံ ငြင်းပယ်လျှက်ကင်းဝေးစွာရှောင်ကြဉ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒိ မိန်းမပျက်ဟာ တစ်ခြားတစ်နေရာတွင်ဆိတ်ကျောင်းသားတစ်ဦးနှင့်(ဇေနာ)ကျူးလွန် ပြီး ကလေးငယ်တစ်ဦးမွေးဖွားလာခဲ့ပါတယ်။ရွာသူရွာသားများက ထိုအမျိုးသမီးအား ကှ်ျကလေးငယ် သည်မည်သူနှင့် ပေါင်းသင်းဆက်ဆံရ်ျရခဲ့သောကလေးဖြစ်ပါသလည်းဟု မေးမြန်းစုံစမ်းကြသောအခါ ထိုအမျိုးသမီးထိုကလေးငယ်သည် သူတော်စင်ကြီး (ဂျိုရိုက်ဂ်ျ)နှင့်ပေါင်းသင်းဆက်ဆံရ်ျရခဲ့သော ကလေးဖြစ်ကြောင်းလုပ်ကြံလိမ်ညာရ်ျပြောဆိုအဖြေပေးလိုက်ပါတယ်။
ထိုအမျိုးသမီး၏အဖြေစကားကိုကြားသိလိုက်သောရွာသူရွာသားတို့သည် သူတော်စင်ကြီးဝတ်ပြု တရားကျင့်နေသော ၀တ်ကျောင်းတော်ကိုဝိုင်းဝန်းဖျက်ဆီးကြပြီးဆဲဆိုကြိမ်းမောင်းကာ သူတော်စင်ကြီးအားရွာမှနှင်ထုတ်လိုက်ကြတဲ့အခြေနေဆိုးအထိရောက်ခဲ့ပါတယ်။
သူတော်စင်ကြီးသည်(စွလာသ်)ဆောက်တည်ဝတ်ပြုပြီးနောက်မိမိယုံကြည်ကိုးကွယ်သော အလ္လာဟ်ထံတော်ပါးတွင်အကူညီတောင်း ဒိုအာတောင်းဆိုပြီးနောက် ရက်သားသာရှိသေးသော ကလေးငယ်ထံသို့သွားရောက်ကာ...
"အို...ကလေးငယ် မင်း၏မိခင်သည်မည်နှင့်ပေါင်းသင်းဆက်ဆံရ်ျ မင်းအား မွေးဖွားလာခဲ့ပါသ လည်း? ဟုရွာသူရွာသားအားလုံးရဲ့ရှေ့မှာ မေးမြန်းခဲ့တယ်။
ကလေးငယ်က"ကျွန်ုပ်၏မိခင်သည်ဆိတ်ကျောင်းသားတစ်ဦးနှင့်(ဇေနာ)ကျူးလွန်ပြီးကျွန်ုပ်အားမွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။သူတော်စင်ကြီးနှင့်မည်သို့မျှပက်သက်ခြင်းလုံးဝမရှိ"ဟုဖြေကြားလိုက်ပါတ ယ်။
ရက်သားအရွယ်ရှိသေးသောကလေးငယ်၏ဖြေကြားပြောဆိုသောစကားကိုရွာသူရွာသားများကြား သိကြသောအခါသူတော်စင်ကြီး(ဂျိရိုက်ဂ်ျ)အား မိမိတို့အမှားကိုဝန်ချတောင်းပန်ကြပြီး သူတော်စင်ကြီး ၀တ်ပြုကျင့်နေသောကျောင်းတော်ကိုလည်း ရွှေဖြင့်ပြန်လည်ပြုလုပ်ပေးကြပါမည်ဟုသူတော်စင်ကြီး အားအားလုံးဝိုင်းဝန်းတောင်းပန်ပြောဆိုကြသည်။သူတော်စင်ကြီးကလက်မခံငြင်းပယ်ရ်ျမိမိယခင် တရားကျင့်ခဲ့သောဝတ်ပြုကျောင်းတော်ကိုသာပြန်လည်မွန်းမံပြင်ဆင်ပြုလုပ်ကာတရားကျင့်ကြံ အားထုတ်နေခဲ့တယ်။
ကှ်ျအဖြစ်အပျက်သည်ကားမိဘ၏ကျိန်စာနာကြည်းချက်ဖြင့်တောင်းဆိုသော (ဒိုအာ)ကြောင့်ဖြစ် သည်။သားသမီးများအတွက်မိဘ၏တောင်းဆိုသောဆုမွန်ဒိုအာကို (အလ္လာဟ်)အရှင်မြတ်သည် လက်ခံသဘောတူတော်မူသည်။
သို့အတွက် ကျွန်ုပ်တို့သည်လည်းမိဘနှစ်ပါး၏ကောင်းမြတ်သောဆုမွန်(ဒိုအာ)များကိုရရှိခံစားနိုင်ရန် ကြိုးစားကြရ်ျမိဘနှစ်ပါး၏ကျေနပ်နှစ်သက်မြတ်နိုးသောသားသမီးများအဖြစ် နေထိုင်ကျင့်ကြံနိုင်ရန် အထူးအရေးကြီးလှပေသည်။
(ဗိုခါရီကျမ်း)
တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူခဲ့သည်။အသင်တို့သည်မိမိတို့ကိုယ်ကိုလည်းကောင်း မိမိတို့၏ သားသမီးများအပေါ်သို့လည်းကောင်း မိမိတို့၏ပစ္စည်းအပေါ်သို့လည်းကောင်း ပျက်စီး ဆုံးရှုံး ဘေးဒုက္ခဖြစ်ပေါ်ကျရောက်စေရန်ကျိန်ဆဲတောင်းဆိုမှုမပြုကြနှင့်။
အသင်တို့ကျိန်ဆဲတောင်းဆိုအချိန်တွင် အလ္လာဟ် အရှင်မြတ်သည် တောင်းဆိုမှုကိုလက်ခံ သဘောတူသောအချိန် ကာလနှင့် တိုက်ဆိုင်ခဲ့လျှင်ထိုတောင်းဆိုမှုကို အသင်တို့အတွက် လက်ခံ ဘသောတူတော်လိမ့်မည်.။
အစ္စလာမ့်ရောင်ခြည်
Addmin-ရာဇာကြီး
Saturday, 5 September 2015
(မိဘကျိန်စာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment