Monday, 6 April 2015

အစ္စ အစ္စလာမ် ဘာသာ(1)

ကဲသူငယ်​ချင်းတို့​ရေ လက်​ရှိကမ္ဘာက သတ်​မှတ်​ထားတဲ့
အစ္စလာမ်​ဆိုတာ အကြမ်းဖက်​ ဘာသာ ​ဂျေဟဒ်​၀ါဒီ

အဲ့လိုစွတ်​စွဲး​နေကြ​ပေမဲ့ ကျွန်​​တော်​တို့ မွတ်​စလင်​ လူမျိုး​တွေက
သေခြာပြန်​လည်းမရှင်းပြနိုင်​ခဲ့ကြဘူး ဘယ်​ရှင်းပြနိုင်​ပါ့မလည်း
ကိုယ်​တိုင်​ကိုမှ ကိုကိုးကွယ်​​နေတဲ့ အစ္စလာမ်​အ​ကြောင်း ဘာမှမသိတာ
အဲမသိတာကိုလည်း သိ​အောင်​မလုပ်​ချင်​ကြဘူး​လေး
ငါအ​ဖေငါ့အ​မေက အစ္စလာမ်​ ဖြစ်​လို့ ငါလည်း အစ္စလာမ်​ဖြစ်​​နေတာလို့
သတ်​မှတ်​သူက အများကြီး အဲ့​တော့ အစ္စလာမ်​ဘာသာအ​ကြောင်းကို
အပိုင်းတွဲးနဲ့တင်​ပြပါမည်​ လက်​ရှိ မွတ်​စလင်​မ်​ တစ်​​ယေက်လို့ ခံယူထားရင်
ဒီစာကိုပြီး​အောင်​ဖတ်​​ပေးပါ . လက်​ရှိကမ္ဘာမှာ အစ္စလာမ်​က
ဘာ​ကြောင့်​ ​အောက်​ဆုံး​ရောက်​တာလည်း ဘာ​ကြောင်းအထင်​​သေးခံရတာလည်း
ရှင်းပါတယ်​ ပညာမရှိလို့ စာမတတ်​လို့ပါ စာဖတ်​ပြင်းလို့ပါ
ကျွန်​​တော်​တို့မှာ ​ခေတ်​ရှည့်​​ပြေး ​ခေတ်​​နောက်​ပါမကျန်​ ပြီးပြည့်​စုံတဲ့
ကုရ်​အာန်​ကျမ်းမြတ်​ကို ​အေက်​ရှအ်​ အသင်​ဖတ်​ပါ လို့ စတင်​ကျ​ရောက်​​ပေမဲ့
ကို​တွေမှာ အချစ်​၀တ္ထု ဟာသာကာတွန်း ကဗျာ ဆိုဖတ်​​ပေမဲ့ ကုရ်​အာန်​ ဘာသာပြန်
ဘာသာ​ရေးသမိုင်းစာ​ပေ​တွေဆို ကြည့်​ကိုမကြည့်​ချင်​တာ ​အေအဲ့အတိုင်းပဲး
စာဖတ်​ပြင်းလို့က​တော့ ဒီအခုအ​ခြေအ​နေ​တွေထက်​ ပိုဆိုးလာမှာ ဖြစ်​ပါသည်
အဲ့ဒါ​ကြောင့်​ စာဖတ်​မပြင်းကြဖို့နှင့်​ ကို့သာသနာ ဘာသာကို ​စော်​ကား​နေတာကို
ပညာရှိပီပီ ပဟုသုသနှင့်​ ​ဟေက်​မသ်​ကို သုံးပြုပြီး ပြန်​လည်​ ​ခြေပနိုင်​ကြပါ​စေလို့
တိုက်​တွန်းရင်
မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်ေ​​အာင်
Ahmad Mgk

အစ္စ အစ္စလာမ် ဘာသာ(1)
---------------------------------------------
ယနေ့ကမ္ဘာပေါ်တွင်ထာဝရဘုရားသခင်တစ်ဆူတည်းအား
ကိုးကွယ်သောဘာသာကိုပြပါဟုဆိုလျှင်
အစ္စလာမ်ဘာသာဖြစ်သည်။အစ္စလာမ်ဆိုသည့်
ဝေါဟာရ သည် အာရဗီစကား ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရသည့်
စလာမ်ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊ အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။
အစ္စလာမ်သည်တစ်ဆူတည်းသောဘုရားဝါဒ ဘာသာရေး ဖြစ်သည်။
အစ္စလာမ် သည် ခံဝန်ခြင်း ဟုအာရပ်စကားဖြင့် အဓိပ္ပါယ်ရှိပြီး၊
အစ္စလာမ် သာသနာဝင်သည် မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ် ၏
အမိန့်ဩဇာကို လုံးဝနားခံရန် ယုံကြည်သူဖြစ်ပြီး
၎င်းတို့အား မွတ်စလင် ဟုခေါ်၏။ ပညာရှင်များက "ငြိမ်းချမ်းခြင်း ၊
အမိန့်နာခံခြင်း" ဟု ဖွင့်ဆိုကြသည်။ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေမှာ
၁ မှ ၁.၈ ဘီလျံ ရှိ၍ အစ္စလာမ် ဘာသာသည် ခရစ်ယန်ဘာသာပြီးလျှင်
ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဘာသာဖြစ်၏။
တစ်ပါးသူများ အနေဖြင့်အစ္စလာမ် ကို သာသနာ ဘာသာတရား
တစ်ခု အဖြစ် မြင်မည် ဖြစ်သော်လည်း အစ္စလာမ်သည်
ဘာသာတရား တစ်ခုမျှသာ မဟုတ်ချေ။ စနစ်တစ်ခုဟု ဆိုလျှင်
ပိုမို မှန်ကန်ပါလိမ့် မည်။ ကုရ်အာန်ကျမ်းတော်မြတ် ထဲတွင်
အစ္စလာမ် အား "ဘဝတည်ဆောက်မှုလမ်းစဉ်" (ဒီန်) အဖြစ်
ဖော်ပြထားသည်။အစ္စလာမ် ကို ဘာသာ ဟု သုံးနှုန်းပြီး၊ ထို ဘာသာကို
ကိုးကွယ်သူများအား မွတ်စလင်မ် ဟု သုံးနှုန်းသည်။

(၁) အစ္စလာမ်အယူဝါဒ
(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
(၃) အစ္စလာမ်၏ယုံကြည်ချက်များ
(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
(၅) တစ်မိတစ်ဖတည်း
(၆) လူတန်းစားမခွဲ
(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
(၈) “စလာမ်”မေတ္တာ
(၉) စားဝတ်နေရေး
(၁၀) မွတ်စလင်ဂုဏ်ရည်
(၁) အစ္စလာမ်အယူဝါဒ
အစ္စလာမ်သည့်စကြဝဠာခပ်သိမ်းကုန်တို့ကိုဖန်ဆင်းမွေးမြူတော်မူသော
အလုံးစုံကိုသိမြင်တော်မူ၍ပြည့်စုံတော်မူသောတစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသော
မဟာကရုဏာရှင်ဖြစ်တော်မူသော
အလ္လာဟ်အရှင်မြတ်ဟောကြားတော်မူအပ်သော
ဒေသနာတော်မြတ်ဖြစ်ပေသည်။
နှစ်ဘဝ၏ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည်“နာခံခြင်း”ဟူသောအထူးဝိသေ
ဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။
အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ
မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို
လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်
ခေတ်မရွေး၊ပြည်မရွေး၊လူမျိုးမရွေး၊
အုပ်စုမရွေး၊လူတန်းစားမခွဲ၊ဖြူနက်မခြားအစ္စလာမ်တည်းဟူသော
ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သောပုဂ္ဂိုလ်မွန်တို့သည်
အတိတ်ခေတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြသည်။
ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။
နောင်အနာဂတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည်
အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော
မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏
ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို
စတင်ပြုစုပျိုးထောင်တော်မူသော
ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော
အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော်
စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင်
ငြိမ်းချမ်းသာယာမှုက
ိုဖန်တီးရာမည်သည်။သို့ဖြစ်ရာအစ္စလာမ်သည်ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍
မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က
ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍
နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ
တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ်
မုဟမ္မဒ်(صلي الله عليه و سلم)အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည်
တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)
နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏
အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။
ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။
တမန်တော်မြတ်(صلي الله عليه و سلم)သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ
အာယသ်တော်များကို အချိန်မလင့်စေဘဲ
စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။
အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို
စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)တို့၏
နှလုံးသားများတွင်လည်းကောင်း
တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင်
ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်း
အသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား
ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း
လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ
ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။
ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍
ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင်
ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော
ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသော
ပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။
ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင်
ကမ္ဘာတွင် အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသော
ကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို
ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။
တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသော
သူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။
လူ့ဘဝတွင်လူရိုင်းတို့အားယဉ်ပါးစေတော်မူခဲ့သည်။
လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသော
သူတို့အားလူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။
တမန်တော်မြတ်(صلي الله عليه و سلم)သည်အစ္စလာမ်အယူဝါဒကိုမိမိကိုယ်တိုင်
ကျင့်သုံးပြသတော်မူခဲ့သည်သာမက
စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း
မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည်
တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည်
ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။ လာမ် ဘာသာ

ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။

No comments:

Post a Comment