Friday, 17 April 2015

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(၁၂)


ယူစွဖ်က ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ဆီသို့ စေလွှတ်လိုက်တယ်
========================================

ယူစွဖ်က ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ကို အရမ်းကို တွေ့ချင်နေခဲ့တယ်။
ဘယ်လိုလုပ် မတွေ့ချင်မှာလဲ။ သူ့အဖေနဲ့ ခွဲခွါခဲ့ရတာ အရမ်းကြာခဲ့ပြီလေ။
အခု ဘာကြောင့် အောင့်အီးသည်းခံနေရတော့မှာလဲ။
လျို့ဝှက်ချက်တွေက ပေါ်လွင်ကုန်ပြီလေ။

ယူစွဖ်(အလိုင်ဟိစ္စလာမ်)က ဘယ်လိုလုပ် အစားကောင်း ၊
အသောက်ကောင်းနဲ့ နေနိုင်မှာလဲ။ သူ့အဖေကတော့ သူ့ကြောင့်
စားကောင်းခြင်း မစားရ ၊ အိပ်ကောင်းခြင်းမအိပ်ရနဲ့။

အခုတော့ လျို့ဝှက်ချက်တွေ ပေါ်သွားခဲ့ပြီ။ ပျော်ရွှင်မှုတွေ ဖြစ်ပေါ်လာပြီ။
အလ္လာဟ်အရှင်မြတ်က ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ရဲ့ မျက်စိအေးမြစေဖို့ ၊
အလင်းရောင် ပြန်ရစေဖို့ ရည်ရွယ်ခဲ့တယ်။ ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)ဟာ
ဝမ်းနည်းကြေကွဲမှုတွေနဲ့ အရမ်းကို ငိုခဲ့လို့ မျက်စိကွယ်ခဲ့ရတယ်။
ယူစွဖ် (အလိုင်ဟိစ္စလာမ်)က ပြောတယ်။

“(ညီနောင်တို့) အသင်တို့ ကျွန်တော့်ရဲ့ အင်္ကျီကို ယူသွားပြီး
ကျွန်တော့်အဖေရဲ့ မျက်နှာပေါ်မှာ တင်လိုက်ပါ။ အဖေ့ရဲ့ မျက်စိ
အလင်းပြန်ရလာပါလိမ့်မယ်။ ပြီးတော့ အသင်တို့ရဲ့ အိမ်သူအိမ်သားတွေ
အားလုံးကို ကျွန်တော့်ဆီ ခေါ်ဆောင်လာခဲ့ကြပါ” (ကုရ်အာန် - ၁၂း ၉၃)

ယူစွဖ်ထံရှိ ယအ်ကူဗ် (အလိုင်ဟေမတ်စ္စလာမ်)
=============================

ညီအစ်ကိုတွေဟာ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ရဲ့ အင်္ကျီနဲ့
ကန်(န်)အာန်ကို သွားနေကြတဲ့ အချိန်မှာ ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က
ယူစွဖ်ရဲ့ အနံ့ကို ရရှိခဲ့တယ်။ ဒါကြောင့် (သူ့အိမ်သားတွေကို)

“အမှန်တကယ်ပဲ ငါဟာ ယူစွဖ်ရဲ့ အနံ့ကို ရနေတယ်” လို့ပြောခဲ့တယ်။

“သူတို့က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြီး ပြောဆိုပါတယ်။
အမှန်တကယ်ပဲ အဖေဟာ အဖေ့ရဲ့ လွဲမှားမှု အဟောင်းကြီးထဲမှာပဲ
ရှိနေတုန်းပဲလို့ ပြောဆိုကြတယ်” (ကုရ်အာန် - ၁၂း ၉၅)

ဒါပေမယ့် ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်) မှန်ကန်ခဲ့ပါတယ်။
“ဝမ်းမြောက်ဖွယ်သတင်းကို ယူဆောင်လာသူ ရောက်လာပြီး
ဖခင်(ယအ်ကူဗ်)ရဲ့ မျက်နှာပေါ်ကို အင်္ကျီတင်လိုက်တာနဲ့
မျက်စိအလင်း ပြန်လည်ရရှိလာခဲ့တယ်။

အဲဒါနဲ့ ဖခင် (ကအ်ကူဗ်)က ငါဟာ အလ္လာဟ်အရှင်မြတ်ဆီမှ
အသင်တို့ မသိနားမလည်တဲ့ ပညာကို အမှန်ပဲ သိနားလည်တယ်လို့
အသင်တို့ကို ပြောဆိုခဲ့တယ် မဟုတ်လားဆိုပြီး
ပြောဆိုလိုက်တယ်။” (ကုရ်အာန် - ၁၂း ၉၆)

“ အို - ကျွန်တော်တို့ရဲ့ အဖေ ၊ ကျွန်တော်တို့ရဲ့ အပြစ်တွေကနေ
လွှတ်ငြိမ်းချမ်းသာခွင့်ရဖို့ ကျွန်တော်တို့အတွက် အသနားခံပေးတော်မူပါ။
ဧကန်မုချ ကျွန်တော်တို့ဟာ အပြစ်ရှိတဲ့သူတွေ ဖြစ်ကြပါတယ်လို့
(သားတွေက) ပြောဆိုကြတယ်။” (ကုရ်အာန် - ၁၂း ၉၇)

“ (ဖခင် ယအ်ကူဗ်က) ငါ မကြာခင် ငါ့ကို မွေးမြူဖန်ဆင်းတဲ့
အရှင်ဆီကနေ အသင်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို
အသနားခံပေးမယ်လို့ ဖြေကြားပြောဆိုခဲ့တယ်” (ကုရ်အာန် - ၁၂း ၉၈)

ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)က အီဂျစ်ကို ရောက်လာတဲ့ အခါမှာ
ယူစွဖ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တယ်။
သူတို့နှစ်ဦးရဲ့ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုတွေကိုတော့ မမေးပါနဲ့တော့ဗျာ။
ဒီလိုနဲ့ အီဂျစ်မှာ နေ့ကြီးနေ့မြတ် ရောက်လာခဲ့တယ်။
ဗကရသ် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့ ပေါ့။ ယူစွဖ်(အလိုင်ဟိစ္စလာမ်)က
သူ့မိဘနှစ်ပါကို ပုလ္လင်ပေါ် ထိုင်စေတယ်။
(မိဘနှစ်ပါးလုံးနဲ့ ညီအစ်ကိုတွေ)အားလုံးဟာ
ယူစွဖ်(အလိုင်ဟိစ္စလာမ်)ကို ဦးချကြတယ်။

[တမန်တော် ယူစွဖ်(အလိုင်ဟိစ္စလာမ်)က သူ့ မိဘနှစ်ပါးကို
ဂါရဝတရား ရှေ့ထာလို့ ရိုသေစွာနဲ့ ပလ္လင်ပေါ်မှာ
နေရာထိုင်ခင်းပေးတယ်။ အဲဒီအခါမှာ အဲဒီခေတ်ရဲ့ ထုံးလမ်းစဉ်လာ
ဥပဒေအရ သူ့မိဘနှစ်ပါးနဲ့ ညီအစ်ကို ၁၁-ဦး တို့ဟာ
တမန်တော် ယူစွဖ်ရဲ့ ရှေ့မှောက်မှာ ဦးချကြတယ်။] (ဘာသာပြန်သူ)

“ အို - ကျွန်တော့်ရဲ့ အဖေ ဒါဟာ ကျွန်တော် အရင်တုန်းက မြင်မက်ခဲ့တဲ့
အိပ်မက်ရဲ့ သဘောပဲ ဖြစ်ပါတယ်။ အမှန်တကယ်ပဲ ကျွန်တော့်ကို
မွေးမြူဖန်ဆင်းတဲ့ အရှင်မြတ်ဟာ ဒီအိပ်မက်ကို အမှန်ဖြစ်အောင်
ပြုလုပ်ပေးတော်မူခဲ့ပါတယ်” (ကုရ်အာန် - ၁၂း ၁၀၀)

“အို- အဖေ အမှန်တကယ်ပဲ ကျွန်တော်ဟာ (အိပ်မက်ထဲမှာ) ကြယ်(၁၁)လုံးအပြင်
နေနဲ့လတို့ကပါ ကျွန်တော့်ကို ဦးချနေတာကို မြင်တွေ့ခဲ့ရတယ်။ (ကုရ်အာန် - ၁၂း ၄)

ယူစွဖ် (အလိုင်ဟိစ္စလာမ်)က အလ္လာဟ်အရှင်မြတ်ကို
သန့်စင်မွန်မြတ်တဲ့ ချီးမွမ်းထောပနာ ပြုခြင်းတွေ များမြောင်စွာ ပြုခဲ့တယ်။
ယူစွဖ် (အလိုင်ဟိစ္စလာမ်)က အဲဒီ(သူ့အိပ်မက် အကောင်အထည်ဖော်ပေးခြင်း)
အပေါ် အလ္လာဟ်အရှင်မြတ်ကို ကြီးမားတဲ့ ကျေးဇူးတွေမှုတွေ ပြုခဲ့တယ်။

ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)နဲ့ သူ့မိသားစုဟာ အီဂျစ်မှာ
အချိန်အတော်ကြာအောင် နေထိုင်သွားခဲ့တယ်။
ယအ်ကူဗ် (အလိုင်ဟိစ္စလာမ်)နဲ့ သူ့ဇနီးတို့ဟာ
အီဂျစ်မှာပဲ ကွယ်လွန်သွားခဲ့ကြတယ်။

ကဲ…… ချစ်ပရိတ်သတ်ကြီးရေ . .

အခုဆိုအပိုင်း (1)က​နေ
(12)​ရောက်​ပြီ​နော်

အပိုင်း(၁၃).   ဇာတ်​သိမ်းပိုင်း မှာ ဆက်လက် အားပေး
ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment