Wednesday, 1 April 2015

အစ္စလာမ့် ခေတ်ဦးမှ သမ္မတကြီး အဗူဗကရ် {ဆွစ်ဒ်ဒီးက်}၏ ဦးဆုံး မိန့်ခွန်း


[တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစ္စလာမ်) ဝဖားသ် ကွယ်လွန်ပြီးနောက်] ဆွဟာဗဟ်များက အဗူဗကရ် {ဆွစ်ဒ်ဒီးက်} (ရသွီယလ္လာဟုအန်ဟု) ကို ခေလာဖသ် အတွက် ကတိသစ္စာ ခံယူခဲ့ကြတယ်။ အဲဒီနောက် အဗူဗကရ် (ရသွီယလ္လာဟုအန်ဟု)က ပထမဆုံး မိန့်ခွန်းကို အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာမှုနဲ့ အစပြု ပြောကြားခဲ့တယ်။

“အို- အချင်းတို့ အမှန်တကယ်ပဲ ကျွန်ုပ်ဟာ အသင်တို့ကို အုပ်ချုပ်ဖို့အတွက် ရွေးချယ် ခံခဲ့ရတယ်။ (တကယ်တော့) ကျွန်ုပ်ဟာ အသင်တို့ထဲက အကောင်းဆုံးသူ မဟုတ်ပါဘူး။

အကယ်လို့ ကျွန်ုပ်က အသင်တို့အပေါ် ကောင်းခဲ့မယ်ဆိုရင် ကျွန်ုပ်ကို ဝိုင်းဝန်း ကူညီကြပါ။ အကယ်လို့ ကျွန်ုပ် မှားယွင်းခဲ့မယ်ဆိုရင် ကျွန်ုပ်ကို တည့်မတ်ပေးကြပါ။

ကတိသစ္စာ တည်ကြည်ခြင်းက ထိန်းသိမ်းစောင့်ရှောက်ရမယ့် အရာဖြစ်သည်။

လိမ်လည် လှည့်စားခြင်းက အလွဲသုံးစားလုပ်ခြင်းပဲဖြစ်တယ်။

အသင်တို့ထဲက အားအင်ချည့်နဲ့သူဟာ ကျွန်ုပ်ထံမှာ အားအင်ကြီးသူ(အလေးထားခံရသူ) ဖြစ်ပြီး သူရဲ့ ရပိုင်ခွင့်ကို အလ္လာဟ်အလိုတော်နဲ့ ပြန်လည် ပေးအပ်မှာဖြစ်တယ်။

ဒါ့ပြင် အသင်တို့ထဲက အားအင်ကြီးသူ (မတရားကျူးလွန်သူ)ဟာ ကျွန်ုပ်ထံမှာ အားအင်ချည့်နဲ့သူသာ ဖြစ်ပြီး သူဆီက (ရသင့်ရထိုက်တဲ့) အခွင့်အရေးကို အလ္လာဟ်အလိုတော်နဲ့ ရယူမှာဖြစ်တယ်။

(ဂျေဟားဒ်) အလ္လာဟ့်လမ်းတော်မှာ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းကို စွန့်လွှတ်လိုက်တဲ့ အုပ်စုကို အလ္လာဟ်အရှင်မြတ်က သေးသိမ်နှိမ့်ကျမှုနဲ့အတူ အကူအညီမဲ့စေမှာ ဖြစ်တယ်။

အလ္လာဟ်အရှင်မြတ်က အုပ်စုတစ်စုလုံးကို ဘေးဒုက္ခတွေနဲ့ စမ်းသပ်မှုတွေ မလုပ်မချင်း အဲဒီအုပ်စုထဲမှာ စက်ဆုပ် ရွံ့ရှာဖွယ် မကောင်းမှုတွေဟာ ပျံ့နှံ့မှာ မဟုတ်ဘူး။

ကျွန်ုပ်က အလ္လာဟ်နဲ့ အလ္လာဟ့်ရစူလ်ရဲ့ အမိန့်ကို လိုက်နာခဲ့မယ်ဆိုရင် အသင်တို့ ကျွန်ုပ်၏ အမိန့်ကို နာခံကြ။

အကယ်လို့ ကျွန်ုပ်က အလ္လာဟ်နဲ့ အလ္လာဟ့်ရစူလ်ရဲ့ အမိန့်ကို ဖီဆန်ခဲ့မယ်ဆိုရင် အသင်တို့ ကျွန်ုပ်ရဲ့ အမိန့်ကို နာခံစရာမလိုဘူး။
ဆွလားသ်ဝတ်ပြုဖို့ မတ်တပ်ရပ်ကြပါ။ အသင်တို့အပေါ်ကို အလ္လာဟ်အရှင်မြတ်ရဲ့ သနားကြင်နာမှု သက်ရောက်ပါစေ။”

ချစ်မိတ်ဆွေ . . .

သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။
တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်းဟိစ္စလာမ်) မိန့်တော်မူခဲ့တယ် . . .

“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”
( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk
Copy By facebook
သင့်​ဘ၀အတွက်​ အစ္စလာမ့်​စာမျက်​နှာ

No comments:

Post a Comment