Tuesday, 21 April 2015

အမျိုးသမီးများနှင့်ပတ်သက်ပြီးတမန်တော်မြတ်(ဆွ)ငိုကြွေးမူ.....

တစ်နေ့ဟာဇရသ်အလီနှင့်ဖာသွေမဟ်သခင်မတို့သည်
တမန်တော်မြတ်(ဆွ)ဧ။်နေအိမ်တိုရောက်ရှိသွားသောအခါ
တမန်တော်မြတ်(ဆွ)သည်ရှိုက်ကြီးတငင်ငိုးကြွေးနေပါသည်။

အဘယ်အကြာင်ကြောင့်ငိုးကျွေးနေရပါနည်းဟုလျှောက်ထားသောအခါ
ထိုအခါ တမန်တော်မြတ်(ဆွ)ကအဖြေပေးသည်မှာ
ငါရစူလ်သည် မေ့ရားဂ်ျညတွင်မိမိဧ။်အွမ္မသီများမှ
အမျိုးသ္မီးတို့အားဂျဟန္နဧ။်မီးထဲတွင်အမျိုးမျိုးသော အပြစ်ဒဏ်ခံစားနေရပြီး
အဘယ်မျှပြင်းထန်သည်ကို စဉ်းစားမိခြင်းကြောင့်
ငါရစူလ် ငိုကြွေးနေရခြင်းဖြစ်ပေသည်....။

(၁)ငါတမန်တော်သည်အမျိုးသမီးတစ်ယောက်ကို မိမိဧ။်ဆံပင်များဖြင့်
ဂျဟန္နမ်အတွင်း တွဲလျောင်းကျနေသည်ကိုမြင်တွေခဲရပြီး
သူဧ။်ဦးခေါင်းသည်ရေးနွေးအိုးကဲသို့ပွက်ပွက်ဆူနေသည်။

(၂)ငါတမန်တော်သည်အခြားအမျိုးသမီးတစ်ယောက်ကို ဂျဟန္နမ်တွင်
လျှာတွဲလျှောင်းဖြင့် အပြစ်ပေးခံနေရသည်ကိုမြင်တွေခဲရပါသည်။

(၃)ငါတမန်တော်သည်တတိယအမျိုးသမီးကို မိမိရင်သားများနှင့်
တွဲလျောင်းချထားခြင်းခံရသည့်အိမ်ထောင်သည် အမျိုးသမီးကိုမြင်တွေခဲ့ရပါသည်။

(၄)ငါတမန်တော်သည်စတုတ္ထုအမျိုးသမီးကို သူမဧ။်ခြေနှစ်ဖက်စလုံးသည်
ရင်ဘတ်နှင့် ပူကပ်ချည်နှောင်ထားခံရလေ သည်ကိုမြင်တွေခဲ့ရပါသည်။

(၅)ငါတမန်တော်သည်ပဉ္စမ အမျိုးသမီးကိုသူမဧ။်မျက်နှာသည်
ဝက်ကဲ့သို့ဖြစ်နေပြီး ခန္ဒာကိုယ်မှာ လားကဲ့သို့ဖြစ်သည်
သူမသည်အမျိုးသမီးတစ်ဦးဖြစ်ပြီးမြွေနှင့်ကင်းများသည်
သူမအားရစ်ပတ်ထားလေသည်ကိုမြင်တွေခဲ့ရပါသည်။

(၆)ငါတမန်တော်သည်ဆဌမအမျိုးသမီးကို သူမသည်ခွေးရုပ်ပုံဖြစ်နေပြီး
သူမဧ။်ပါးစပ်မှဂျဟန္နမ်မီးများဝင်ရောက်နေပြီး စအိုလမ်းကြောင်မှ
မီးများပြန်ထွက်နေသည့်အပြင် ဖရိရှ်သဟ်များက ဂျဟန္နမ်ဧ။်မီးတုတ်ဖြင့်
သူမကိုရိုက်နှက်နေကြသည်ကိုမြင်တွေခဲရပါသည်။

ဟာဇရသ်ဖွာသွေမဟ်(ရသွေ့)သခင်မကလျှောက်တင်သည်မှာ
သူမတိုသည် မည်သည်သောအမလ်ကိုပြုခဲ့သဖြင့်
ကြောက်မက်ဖွယ်ရာ အဇားဗ်ကျရောက်နေရသည်ကို
ဖခင်မြင်တွေ့ခဲ့ရပါသနည်း ဟုဆိုသောအခါ တမန်တော်မြတ်(ဆွ)က

(၁)ပထမအမျိုးသမီးမှာအိမ်မှအပြင်သို့ထွက်လျှင်
ပရ်ဒါမပါသောကြောင်ဖြစ်လေသည်။သူမသည် သူစိမ်းအမျိုးသား
များရှေ့တွင် မိမိဧ။်ခေါင်မှဆံပင်ကို အုပ်ခြင်းမရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

(၂)ဒုတိယအမျိုးသမီးမှာ ကြမ်တမ်းစွာပြောဆိုမူကြောင့်ဖြစ်သည်။
သူမသည်ပါးစ်ကြမ်းပြီးနှုတ်ကြမ်းခြင်း၊အပြောကြမ်း အဆိုကြမ်းခြင့်ဖြစ်လေသည်။

(၃)တတိယအမျိုးသမီးမှာအိမ်ထောင်သည်အမျိုးသမီးဖြစ်သည်။သူမသည်
သူစိမ်းအမျိုးသားများနှင့်မတရားဆက်သွယ်မူ ထားခြင်းကြောင်ဖြစ်လေသည်။

(၄)စတုတ္ထအမျိုးသမီးမှာ လောကတွင်နေစဉ်အခါ ဂျနာဗသ် နှင့်
ဟိုက်ဇွ် ဓမ္မတာသွေးရပ်ဆိုင်သွားစဉ် ရေချိုးသန့်စင်ခြင်းပြုရန်
အလေးမထားသူဖြစ်သည်။ နမာဇ်ကိုလည်း မလေးစား၊ပြောင်လှောင်သရော်မူပြုသူဖြစ်ခဲခြင်းကြောင်ဖြစ်လေသည်။

(၅)ပဉ္စမအမျိုးသမီးမှာ မုသားပြောဆိုခြင်း နှင့်
ကုန်းချောခြင်းကြောင့်ဖြစ်လေသည်။

(၆)ဆဌမအမျိုးသမီးမှာမနာလိုဝန်တိုစိတ်ထားမူနှင့်
ကျေးဇူးပြုပြီး ဂုဏ်ဖော်ခြင်းကြောင့်ဖြစ်လေသည်။

(ဂုနာဟ်ပြစ်မူကျုးလွန်သူအမျိုးသမီးများစာအုပ်မှ)
မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment