Monday, 27 April 2015

တမန်တော် ယူစွဖ် (အလိုင်ဟိစ္စလာမ်) အပိုင်း (၁၃) (ဇတ်သိမ်းပိုင်း)


- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဇတ်သိမ်းကောင်း
==========

ယူစွဖ် (အလိုင်ဟိစ္စလာမ်)ဟာ ဒီကြီးကျယ်တဲ့ အာဏာကြောင့်
အလ္လာဟ်အရှင်မြတ်ရဲ့ တာဝန်တွေမှာ လစ်ဟင်းမှု မရှိခဲ့ဘူး။ ပြီးတော့
အဲဒီ အာဏာဟာ သူ့ကို မပြောင်းလဲစေခဲ့ဘူး။ သူဟာ အမြဲတမ်း
အလ္လာဟ်အရှင်မြတ်ကို ဇစ်ကစ်ရ် တသသတိရတယ်။
အရှင်မြတ်ကို ကြောက်ရွံ့ပြီး အေဗာဒသ်တွေ အမြဲလုပ်နေခဲ့တယ်။

ယူစွဖ် (အလိုင်ဟိစ္စလာမ်)ဟာ အလ္လာဟ်အရှင်မြတ်ရဲ့
အမိန့်ပညတ်ချက်တွေအတိုင်း တိုင်းပြည်ကို အုပ်ချုပ်စီမံပြီး
အရှင်မြတ်ရဲ့ အမိန့်တော်တွေကိုလည်း အကောင်အထည်ဖော်ခဲ့တယ်။
သူက အုပ်ချုပ်မှု အာဏာကို အရမ်းကို ကြီးကျယ်တဲ့ အရာတစ်ခုလို့ မထင်မြင်ဘူး။
သူက (ကေယာမသ်နေ့မှာ) ရှင်ဘုရင် အဖြစ်နဲ့ ရှင်ပြန် မထချင်တဲ့
အတွက်ကြောင့် ဘုရင်အဖြစ်နဲ့ မသေချင်ခဲ့ဘူး။

သူဟာ ကျေးကျွန်တစ်ယောက်ရဲ့ သေဆုံးခြင်းနဲ့သ သေဆုံးချင်ပြီး
သူမွန်သူမြတ်တွေနဲ့သာ ပြန်လည် ရှင်ပြန်ထချင်ခဲ့တယ်။
ယူစွဖ် (အလိုင်ဟိစ္စလာမ်)ဟာ ဒီဒိုအာကို တောင်းဆိုလေ့ရှိခဲ့တယ်။

“အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ၊ အမှန်တကယ်ပဲ
အရှင်မြတ်ဟာ ကျွန်တော်မျိုးကို အုပ်ချုပ်မှုအာဏာ ပေးသနားတော်မူခဲ့ပါတယ်။
ပြီးတော့ ကျွန်တော်မျိုးကို အိပ်မက်တွေရဲ့ အလိုသဘောအား
သင်ပေးတော်မူခဲ့ပါတယ်။

အို- မိုးကောင်ကင်များနဲ့ မြေပြင်ကို ဖန်ဆင်းတော်မူသော အရှင် ၊
အရှင်မြတ်ဟာ လောကနဲ့ နောင်တမလွန်မှာ ကျွန်တော်မျိုးရဲ့ ကိစ္စအဝဝကို
စီမံပေးတော်မူတဲ့ အရှင်ဖြစ်ပါတယ်။ ကျွန်တော်မျိုးကို အမိန့်နာခံသူ (မွတ်စလင်မ်)
တစ်ဦး အနေနဲ့ သေဆုံးကွယ်လွန်ခွင့်ပေးသနားတော်မူပါ။
ဒါ့အပြင် ကျွန်တော်မျိုးကို သူမွန်သူမြတ်တွေနဲ့
အတူတွဲဖက်ပေးတော်မူပါ။” (ကုရ်အာန် - ၁၂း ၁၀၁)

အလ္လာဟ်အရှင်မြတ်ဟာ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ကို အမိန်နာခံသူ
(မွတ်စလင်မ်)တစ်ဦးနေနဲ့ သေဆုံး ကွယ်လွန်စေခဲ့တယ်။ ပြီးတော့ သူ့ရဲ့
ဘိုးဘေးဘီဘင်ဖြစ်တဲ့ အိဗ်ရာဟီးမ်၊ အစ်(စ်)ဟားက်၊
ယအ်ကူဗ် (အလိုင်းဟေမွတ်စ္စလာမ်)တို့နဲ့အတူ တွဲဖက်စေတော်မူခဲ့တယ်။

အလ္လာဟ်အရှင်မြတ် ထိုနဗီအပေါင်းနဲ့ ကျွန်တော်တို့ရဲ့ နဗီ (မိုဟမ္မဒ်) အပေါ်သို့
ဂရုဏာသက်ကာ ကျေနပ်နှစ်သိမ့်တော်မူပါစေ။

- - - - - - - ပြီးပါပြီ - - - - - - - -

No comments:

Post a Comment