Saturday, 28 February 2015

မွတ်စ်လင်မ်တယောက်

ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်အုမရ်{ရသွေ့အလ္လာဟို့အန်းဟို့}သခင်ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သခင်{ဆွလလ္လားဟို့အလိုင်းဟေ့ဝစလာမ်}ထံ ကောင်းကင်တမန်တော်ကြီး ဂျိဗ်ရအီးလ်{အလိုင်းဟေ့စွလားသို့ဝစလာမ်}က < တောသားတယောက်အသွင်ဖြင့်လာရောက်တွေ့ဆုံ၍ > အစ္စလာမ်သာသနာတော်နှင့်ပတ်သက်ပီး မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော်မြတ်သခင်{ဆွလလ္လားဟို့အလိုင်းဟေ့ဝစလာမ်} ကအမိန့ရှိတော်မူသည်။ " အစ္စလာမ်ဟူသည် < စိတ်နှလုံးဖြင့်လည်းကောင်း ၊ နှုတ်ဖြင့်လည်းကောင်း > ဤစကားကိုသက်သေခံပါလော့။ ၎င်းမှာ အရှင်မြတ်မှလွဲ၍ အခြားမည်သူမှကိုးကွယ်ခြင်းခံထိုက်သူမရှိ။ မုဟမ္မဒ်{ဆွလလ္လားဟို့အလိုင့်ဟေ့ဝစလာမ်}သခင်သည် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်တော်မူ၍ နမာဇ်ဝတ်ပြုကြ ၊ ဇကားသ်း ဒါနကြေးပေးဆောင်ကြ ၊ ဟဂ်ျ နှင့် အွမ္မရာ ပြုလုပ်ကြ ၊ ခန္ဓာကိုယ် ကိုမသန့်ရှင်းသော အဖြစ်၌ သန့်ရှင်းမှု ကိုရယူရန် ရေချိုးကြ ၊ ဝိုဇူ< ခြေလက်သုတ်သင်မှု > ကိုပြည့်ဝစွာပြုလော့်။ ၎င်းနောက် ရမ်ဇာန် လမြတ်၏ ရိုဇာ< ဥပုတ် > စောင့်ထိမ်းကြ " ။ ဟဇရသ်ဂျိဗ်ရာအီးလ်{အလိုင်းဟေ့စွလားသို့ဝစလာမ် } ကဆက်၍ မေးမြန်းသည်မှာ အကယ်၍ ကျွန်တော်မျိုး ဤ အမလ်< ကောင်းမှု > များကိုလိုက်နာခဲ့ပါက အဘယ် ကျွန်ုပ်သည် မွတ်စ်လင်မ် တယောက်ဖြစ်ပီလော။ ထိုအခါ ကိုယ်တော် ကဟုတ်ပါသည်ဟု ဖြေကြားတော်မူသည်။ ထိုအခါ ဂျိဗ်ရာအီးလ်{အလိုင်းဟေ့စွလားသို့ဝစလာမ်} က ကိုယ်တော်သည် အမှန်အတိုင်းအမိန့်ရှိခဲ့ပါသည်ဟု မိန့်ကြားတော်မူသည်။ 

( အိဗ်နေခိုဇိုင်မဟ် ကျမ်း )

မော်​လ၀ီနူရ်းအဟ်​မဒ်​@Ahmad Mgk

Friday, 27 February 2015

သရဖူနှင့်ဝတ်စုံ

ဟဇရသ်ဗုရိုင်ဒဟ်အတ်စ်လမီ{ရသွေ့အလ္လာဟ်ဟုအန်းဟို့}သခင်ကဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်သခင်{ဆွလလ္လားဟို့အလိုင်းဟေ့ဝစလာမ်}အမိန့်ရှိတော်မူသည်။ " အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သည်။ ပြီးနောက် ၎င်းးကိုသင်ယူဆည်းပူးသည်။ ပြီးနောက် ၎င်းကျမ်းလာ အမိန့်ပညတ်ချက်များအပေါ် လက်တွေ့လိုက်နာကျင့်သုံးခဲ့လျှင် ကေယာမသ် နေ့၌ ၎င်းသူအား နူရ် နှင့် အတိပြီးသော သရဖူကို ဆောင်းပေးခြင်းခံရမည်။ ၎င်းသရဖူ၏လင်းဝင်းတောက်ပမှုသည် နေကဲ့သို့ဖြစ်သည်။ ၎င်းသူ၏ မိဘနှစ်ပါး အားလည်း ဝတ်စုံနှစ်စုံကို ဆင်မြန်းပေးမည်ဖြစ်ရာ ၎င်းဝတ်စုံများသည် တစ်လောကလုံးထက်သာမြတ်ပေသည်။ ၎င်းတို့က ဤဝတ်စုံကို အဘယ်ကြောင့်ဆင်မြန်းပေးရကြောင်း မေးမြန်း စုံစမ်းလေသောအခါ အသင်၏သားက ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သရဇ္ဈယ် သောကြေင့်ဖြစ်ကြောင်း ဖြေကြားတော်မူသည်။

( ဟာကင်းမ် ကျမ်း )

မော်​လ၀ီနူးရ်​အဟ်​မဒ်​@Ahmad Mgk

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(၃)

အပိုင်း()

“ဟုတ်တယ်။ သူ့ကို ဝံပုလွေစားသွားတယ်လို့ အဖေ့ကို ငါတို့ ပြောလိုက်ကြမယ်။” 

တစ်ချို့ကပြောတယ် . .“ပြောတာတော့ ဟုတ်ပါပြီ။ ဘယ်မှာလဲ သက်သေ။” 
“သက်သေက ဒီသွေးပဲပေါ့” လို့ ညီအစ်ကိုတစ်ချို့က လှမ်းပြောလိုက်တယ်။

ညီအစ်ကိုတွေဟာ သိုးတစ်ကောင်ကို လည်လှီးလိုက်ကြတယ်။ ပြီးတော့ ယူစွဖ်လေးရဲ့ အင်္ကျီကို ယူပြီးသွေးတွေ သုတ်လိမ်းလိုက်ကြတယ်။ အားလုံးလည်း ပြီးရော ညီအစ်ကိုတွေက ဝမ်းသားသွားအားရနဲ့ 

“ကဲ . . အခုတော့ ငါတို့အဖေ ယုံလောက်ပြီဟေ့”

(င) ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ရဲ့ အရှေ့ဝယ်
============================

(ထိုညီအစ်ကိုတွေဟာ သူတို့ရဲ့ ဖခင်ဆီကို မှောင်စပျိုးတဲ့အချိန်မှာ ငိုကြွေးပြီး ပြန်လာခဲ့ကြတယ်။(ပြီးတော့) အိုအဖေ . . ကျွန်တော်တို့ဟာ ယူစွဖ်ကို ကျွန်တော်တို့ရဲ့ ပစ္စည်းတွေနားမှာ ထားပြီး အပြေးပြိုင်ဖို့ သွားခဲ့ကြတယ်။ ဝံပုလွေဟာ ယူစွဖ်ကို ကိုက်စားပစ်လိုက်တယ်။) ကုရ်အာန် (၁၂း ၁၆ ၊ ၁၇)

(ဒါ့ပြင် သူတို့ဟာ ယူစွဖ်ရဲ့ အင်္ကျီပေါ်မှာ မဟုတ်မမှန်တဲ့ သွေးတွေ (သုတ်လိမ်း)ပြီး ယူလာခဲ့ကြတယ်။) (ကုရ်အာန်- ၁၂း၁၈)

သူတို့ရဲ့ဖခင် ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ နဗီတစ်ပါးဖြစ်တယ်။ သူရဲ့သားတွေထက်ပိုပြီး အသိပညာရှိတဲ့ အဖိုးအို တစ်ဦးလည်းဖြစ်တယ်။ ဝံပုလွေဟာ လူတစ်ယောက်ကို စားမယ်ဆိုရင် အဲဒီလူကို ကုတ်ဖဲ့ဆုတ်ဖြဲပြီးမှ စားတတ် တယ်ဆိုတာကို ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)က ကောင်းကောင်း သိနေခဲ့တယ်။ ယူစွဖ်လေးရဲ့ အင်္ကျီကတော့ သွေးတွေ စွန်းနေပေမယ့် အကောင်းအတိုင်းပဲ ရှိနေတယ်။ 

အဲဒါနဲ့ ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)က ဒီသွေးတွေဟာ အတုတွေ၊ သူတို့ပြောတဲ့ ဖြစ်ရပ်ဟာ လုပ်ကြံထားတဲ့ ဖြစ်ရပ်ဆိုတာ ကောင်းကောင်းသိသွားခဲ့တယ်။ 

“တကယ်တော့ ဒီဖြစ်ရပ်ဟာ မင်းတို့ လုပ်ကြံထားတာပါ”

(ဒါကြောင့် (ငါ့အတွက်) သည်းခံမျိုသိပ်ခြင်းသာ ကောင်းမြတ်ပါပေတယ်) (ကုရ်အာန်- ၁၂း၁၈)

ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ ယူစွဖ်လေးအတွက် ယူကျုံးမရဖြစ်ပြီး အရမ်းကို ပူဆွေးသောကရောက်ခဲ့တယ်။ ဒါပေမယ့်သူဟာ သည်းခံမျိုသိပ်ခဲ့တယ်။

(စ) ရေတွင်းထဲက ယူစွဖ်လေး
==================

ညီအစ်ကိုတွေဟာ ယူစွဖ်လေးကို ရေတွင်းထဲမှာ ပစ်ပြီး သူတို့ကတော့ အိမ်ကို ပြန်သွားခဲ့ပြီ။သူတို့တွေကတော့ အစားအသောက်တွေစားပြီး အိပ်ရာတွေပေါ်မှာ အိပ်နေကြတယ်။ 

ယူစွဖ်လေး ခမျာမှာတော့ ရေတွင်းထဲမှာ။ အစားအသောက်မရှိ။ အိပ်ရာခင်းမရှိ။ 

ညီအစ်ကိုတွေဟာ ယူစွဖ်လေးကို မေ့လိုက်ပြီး အိပ်ပျော်သွားခဲ့ကြပြီ။ ယူစွဖ်လေးကတော့ အိပ်လည်းမပျော်နိုင်၊ ဘယ်သူ့ကိုမှ မမေ့နိုင်ဘူး။ 

သူ့ဖခင် ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)က ယူစွဖ်ကို တမ်းတနေပြီး ယူစွဖ်လေးကလည်း သူ့အဖေ ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်) ကိုသာ သတိရနေခဲ့တယ်။

ယူစွဖ်လေးဟာ တောထဲက အရမ်းကို နက်တဲ့ ရေတွင်းပျက်ထဲမှာပဲ ရှိနေတယ်။ တောဟာလည်း တောရိုင်းဖြစ်ပြီး ညဖက်လည်း ဖြစ်နေတော့ အရမ်းအရမ်းကို မှောင်မည်းနေခဲ့တာပေါ့။

ကဲ…… ချစ်ပရိတ်သတ်ကြီးရေ……
တမန်တော်ယူစွဖ်(အလိုင်ဟိစ္စလာမ်)ရေတွင်းထဲမှာ ဘာတွေ ဆက်ဖြစ်မလဲ။
ဘယ်ကို ရောက်သွားမလဲ ဆိုတာကို အပိုင်း(၄)မှာ ဆက်လက် အားပေး ဖတ်ရှုကြပါလို့
ဆန္ဒပြုရင်း ….

မော်​လ၀ီအဟ်​မဒ်​@Ahmad
Copy By သင့်​အတွက်​အစ္စလာမ့်​စာမျက်​နှာ

Wednesday, 25 February 2015

စူရာဟ်(နားစ်)

စူရာဟ်(နားစ်)

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيم
In the name of Allah, the Beneficent, the Merciful.

မပြတ်မစဲ ကြင်နာသနားသော မဟာဂရုဏာ ရှင်ဖြစ်သည့် အလ္လာဟ်အရှင်၏ နာမံတော် (၀ါ) အလ္လာဟ် အရှင်ပြ နည်းနာ နည်းစနစ်အားဖြင့် စတင်ပါ၏ ။

قُلْ أَعُوذُ بِرَبِّ النَّاسِ

(114-1) Say, “I seek refuge in the Lord of mankind,

(၁၁၄-၁) ကျွန်တော်မျိုးသည် လူသားခပ်သိမ်းတို့၏ ဖန်ဆင်းရှင်ထံ အကာအကွယ်ယူပါ၏ (ဟု) အသင်ပြောကြားပါလေ။ 

مَلِكِ النَّاسِ

(114-2) The Sovereign of mankind.

(၁၁၄-၂) လူသားခပ်သိမ်းတို့၏ စိုးပိုင်သောဘုရင်ထံ (ကျွန်တော်မျိုးအကာအကွယ် ယူပါ ၏ ဟု အသင်ပြောကြားပါလေ)

إِلَٰهِ النَّاسِ

(114-3) The God of mankind,

(၁၁၄-၃) လူသားခပ်သိမ်းတို့၏ ကိုးကွယ်ရာအရှင်ထံ(ကျွန်တော်မျိုး အကာအကွယ် ယူ ပါ၏ ဟု အသင်ပြောကြားပါလေ)

مِن شَرِّ الْوَسْوَاسِ الْخَنَّاسِ

(114-4) From the evil of the retreating whisperer –

(၁၁၄-၄) (ခန္နားစ်)ဟုခေါ်သော မကောင်းသော အကြံအစည်များကို ထည့်သွင်းပေး ၍ နောက် ဆုတ်တတ်သော မကောင်း မှုမှ (ကျွန်တော်မျိုး အကာအကွယ် ယူပါ၏ဟု အသင်ပြောကြားပါလေ)

الَّذِي يُوَسْوِسُ فِي صُدُورِ النَّاسِ

(114-5) Who whispers into the hearts of men,

(၁၁၄-၅) ထို (ခန္နားစ်) သည် လူသားတို့၏ နှလုံးသားများအတွင်းသို့ မကောင်းသော အကြံအစည်များ ထည့် သွင်းပေး၏။

مِنَ الْجِنَّةِ وَالنَّاسِ 

(114-6) From among the Jinn and mankind.’

(၁၁၄-၆) (ထိုသို့မကောင်းသော အကြံအစည်ထည့်သွင်းပေးရာ၌) ဂျင်များနှင့် လူသားတ
ို့ အားဖြင့် (ထည့်သွင်းပေးသည်။)

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(2)


(ဂ) ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဆီသို့ ညီအစ်ကိုတစ်စု
================================

သူတို့ဟာ အဲဒီဆုံးဖြတ်ချက် အပေါ်မှာ သဘောလည်း တူကြပြီးရော သူတို့ရဲ့ အဖေ ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဆီကို လာကြတယ်။ 

ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ ယူစွဖ်လေးအတွက် တော်တော်စိုးရိမ်နေခဲ့တယ်။ ပြီးတော့ သူရဲ့သားတွေဟာ ယူစွဖ်လေးကို မချစ်ကြပဲ မနာလိုမုန်းတီးကြတယ် ဆိုတာကိုလည်း သူကောင်းကောင်းသိနေခဲ့တယ်။

ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ ယူစွဖ်လေးကို သူ့အစ်ကိုတွေနဲ့ လုံးဝမလွှတ်ဘူး။ ယူစွဖ်လေးဟာ သူရဲ့ညီ (ဗင်န်ယာမီးန်)နဲ့ပဲ ကစားရတယ်။ ဘယ်တော့မှ ဝေးဝေလံလံမသွားရဘူး။
ယူစွဖ်လေးရဲ့ ညီအစ်ကိုတွေဟာ အဲဒီအကြောင်းတွေကို ကောင်းကောင်းသိကြတယ်။ ဒါပေမယ့် သူတို့ဟာ မကောင်းမှုကို လုပ်ဖို့ သံဋိဏ္ဍာန်ချလိုက်ကြတယ်။

“အဖေ . . ယူစွဖ်ကို ကျွန်တော်တို့နဲ့ ဘာလို့မလွှတ်တာလဲ။ ဘာကို ကြောက်နေတာလဲ။ သူက ကျွန်တော်တို့ရဲ့ အဖိုးတန် ညီငယ်လေးပဲဟာ။ ကျွန်တော်တို့ဟာ အဖေတစ်ယောက်တည်းရဲ့ သားတွေ၊ အမြဲ တူတူဆော့နေကြတဲ့ ညီအစ်ကို တွေပဲလေ။ ဘာကြောင့် ကျွန်တော်တို့တွေအားလုံး တူတူမသွားရမှာလဲ။ ကျွန်တော်တို့အားလုံး တူတူဆော့ကြမယ်လေ” 

“(အဖေ . . ယူစွဖ်ကို)ကျွန်တော်တို့နဲ့ တူတူ ပျော်ပျော်ရွှင်ရွှင် ကစားဖို့လွှတ်ပါ။ မုချဧကန် ကျွန်တော်တို့တွေဟာ သူ့ကို စောင့်ရှောက်ကြမယ့်သူတွေ ဖြစ်ပါတယ်။)” (ကုရ်အာန် ၁၂:၁၂)

ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ အသိဥာဏ်၊ အမြော်အမြင်နဲ့ ပြည့်စုံတဲ့ အဖိုးအိုတစ်ဦးဖြစ်တယ်။ ယူစွဖ်လေးကို သူနဲ့ အဝေးကြီးကို ခေါ်ဆောင်သွားမှာကို လုံးဝ မနှစ်သက်ဘူး။ ယူစွဖ်လေး အပေါ်မှာလည်း တော်တော်ကို စိုးရိမ်ကြောက်ရွံ့ခဲ့တယ်။ သူက သူ့သားတွေကို ပြောတယ်။ 

“(မင်းတို့ ယူစွဖ်ကို သတိမမူ မေ့လျော့နေတဲ့ အချိန်မှာ သူ့ကို ဝံပုလွေကိုက်စားမှာကိုလည်း ငါစိုးရိမ်မိတယ်။)” (ကုရ်အာန်-၁၂း၁၃)

သူ့သားတွေက “ဘယ်တော့မှ မဖြစ်စေရဘူးအဖေ။ သူ့ကို ဘယ်လိုလုပ် ဝံပုလွေစားမှာလဲ။ ကျွန်တော်တို့ ရှိနေကြတာပဲ။ ကျွန်တော်တို့ဟာ သန်မာတဲ့ လူငယ်တွေပဲ။ သူ့ကို ဝံပုလွေမစားနိုင်ပါဘူး” 

အဲဒီလိုနဲ့ နောက်ဆုံးတော့ ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ ယူစွဖ်လေးကို ထည့်ပေးဖို့ သဘောတူလိုက်ရတယ်။

(ဃ) တောအုပ်ဆီသို့
============

ယူစွဖ်လေးကို သူတို့နဲ့ အတူလိုက်ဖို့ ခွင့်ပြုလိုက်တဲ့အတွက် ညီအစ်ကိုတွေဟာ တော်တော်လေးကို ပျော်ရွှင်သွားကြတယ်။ သူတို့ဟာ တောအုပ်ဆီကို သွားကြတယ်။ ပြီးတော့ ယူစွဖ်လေးကို ရေတွင်းထဲ ပစ်လိုက်ကြတယ်။ သူတို့တွေဟာ ငယ်ရွယ်တဲ့ ယူစွဖ်လေးကို လုံးဝလုံးဝ မသနားခဲ့ကြဘူး။ ဒါ့ပြင် သူတို့တွေဟာ သူတို့အဖေ အဖိုးအို ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်) ကိုလည်း မသနားခဲ့ကြဘူး။ 

ယူစွဖ်လေးဟာ အရမ်းကို ငယ်ရွယ်တဲ့ ကလေးဖြစ်တဲ့အတွက် အသည်းက နုသေးတယ်။ ရေတွင်းက အရမ်းကို နက်ပြီး အရမ်းကို မှောင်မည်းနေတယ်။ ယူစွဖ်လေးဟာ တစ်ယောက်တည်း ရေတွင်းထဲမှာ နေရရှာတယ်။ 
ဒါပေမယ့် အလ္လာဟ်အရှင်မြတ်ဟာ ယူစွဖ်ကို သတင်းကောင်းပေးခဲ့တယ်။ 

“သင် ဝမ်းမနည်းပါနဲ့။ မစိုးရိမ်ပါနဲ့။ အလ္လာဟ်အရှင်မြတ်ဟာ သင်နဲ့တူတူ ရှိနေတယ်။ သင့်အတွက် ကိစ္စတစ်ခုခု မကြာမီ ဖြစ်လာလိမ့်မယ်။ တစ်နေ့နေ့၊ တစ်ချိန်ချိန်ကျရင် သင့်ညီအစ်ကိုတွေ သင့်ဆီကို ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင့်  သင့်ကို သူတိုဘာလုပ်ခဲ့ကြသလဲဆိုတာကို ပြန်ပြောပြလိုက်ပါ”

ညီအစ်ကိုတွေဟာ ယူစွဖ်လေးကို ရေတွင်းထဲ ပစ်ချပြီးတာနဲ့ စုပြီးတိုင်ပင်ကြတယ်။ 

“ငါတို့ အဖေကို ငါတို့ဘာပြောကြမလဲ”

တစ်ယောက်က “ငါတို့ အဖေဟာ ယူစွဖ်လေးကို ဝံပုလွေကိုက်စားသွားမှာ စိုးရိမ်တယ်လို့ပြောဖူးတယ်”

အဲဒါနဲ့ အားလုံးက “အေး . . ဟုတ်တယ်။ မင်းတော်တယ်။ သူ့ကို ဝံပုလွေစားသွားတယ်လို့ အဖေ့ကို ငါတို့ ပြောလိုက်မယ်”

ညီအစ်ကိုတွေဟာ အဲဒီအတိုင်းပြောဖို့ အားလုံးသဘောတူသွားကြတယ်။ 

“ဟုတ်တယ်။ သူ့ကို ဝံပုလွေစားသွားတယ်လို့ အဖေ့ကို ငါတို့ ပြောလိုက်ကြမယ်” 

တစ်ချို့ကပြောတယ် . .“ပြောတာတော့ ဟုတ်ပါပြီ။ ဘယ်မှာလဲ သက်သေ” 

ကဲ…… ချစ်ပရိတ်သတ်ကြီးရေ……

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ အစ်ကိုတွေက ဘယ်လို သက်သေတွေ ပေးကြမလဲ။
သူတို့အဖေကို ဘယ်လိုလိမ်ကြမလဲ ဆိုတာကို အပိုင်း(၃)မှာ ဆက်လက်
အားပေး ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….

မော်​လ၀ီအဟ်​မဒ်​@Ahmad
Copy By သင့်​အတွက်​အစ္စလာမ့်​စာမျက်​နှာ

Tuesday, 24 February 2015

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(1)

ကဲ . . . အခုတော့ ကျမ်းမြတ်ကုရ်အာန်နဲ့ ဟဒီးဆ်တော်များလာ
တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ပုံပြင်သဖွယ် ရေးသားထားသော
ဖြစ်ရပ်မှန် အတ္ထုပတ္တိလေးကို စလိုက်ကြရအောင် . . .

(က) ထူးဆန်းတဲ့ အိပ်မက်
===============

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ငယ်စဉ်အရွယ် ကလေးဘဝမှာပေါ့။
ယူစွဖ်လေးမှာ ညီအစ်ကို (၁၁)ယောက် ရှိသတဲ့။ ယူစွတ်ဖ်လေးဟာ
အရမ်းကို ချောမောလှပပြီး ဥာဏ်ထက်မြတ်တဲ့ ကလေးတယောက်ပေါ့။ 
ယူစွဖ်လေးရဲ့ ဖခင် တမန်တော်ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်) ကလည်း
သားသမီးတွေထဲမှာ သူ့ကို အချစ်ဆုံးလေ။

တစ်ညမှာ ယူစွဖ်လေးဟာ ထူးဆန်တဲ့အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ
သူ့ကို ကြယ်(၁၁)လုံးနဲ့အတူ နေနဲ့လတို့က စဂ်ျဒဟ်(ဦးချ)ကြတယ်တဲ့။
ယူစွဖ်လေးကအရမ်းကိုအံ့သြသွားတယ်။ အိပ်မက်က
ဘာကိုဆိုလိုသလဲဆိုတာကို နားမလည်နိုင်ဘူး။
ဘာလို့ ကြယ်တွေ၊လတွေကလူတစ်ယောက်ကို စဂ်ျဒဟ်ဦးချကြတာလဲ။
စဉ်းစားရကျပ်ပြီး အဖြေရှာ မရတဲ့အဆုံး
သူ့အဖေကို ဒီထူးဆန်တဲ့ အိပ်မက်ကို ပြောပြလိုက်တယ်။

“အဖေ . . ညကလေ အိပ်မက်ထဲမှ ကြယ်(၁၁)လုံးနဲ့အတူ နေနဲ့လတို့က သားကို
ဦးချတယ်လို့ သားအိပ်မက် မက်တယ်”။

ယူစွဖ်လေးရဲ့ဖခင် ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)ဟာ နဗီတမန်တော်ဖြစ်တယ်။
(ယအ်ကူဗ်အလိုင်းဟိစ္စလာမ်)က ဒီအိပ်မက်ကိုနားထောင်ပြီး
အရမ်းကို ပျော်သွားတယ်။ပြီးတော့ ယူစွတ်ဖ်လေးကိ်ု ပြောတယ်။ 

“သားရဲ့အပေါ်ကို အလ္လာဟ်အရှင်မြတ်ထံကနေ ကောင်းချီး အဖြာဖြာ
ကျရောက်ပါစေ။ သားအတွက် မကြာခင်မှာ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ရှိတယ်။
သားမြင်ခဲ့တဲ့ အိပ်မက်ရဲ့ အလိုသဘောက သားကို အလ္လာဟ်အရှင်မြတ်က
အသိပညာနဲ့ နဗူဝသ် (နဗီအဖြစ်)ချီးမြှင့်မယ်ဆိုတဲ့
နမိတ်လက္ခဏာပဲ ဖြစ်တယ်။ သားလိုပဲ အလ္လာဟ်အရှင်မြတ်က သားရဲ့အဖိုး
အစ္စမာအီလ် (အလိုင်းဟိစ္စလာမ်)နဲ့ အိဗ်ရာဟိမ် (အလိုင်းဟိစ္စလာမ်)
အပေါ်မှာလည်း အဲဒီလို ချီးမြှင့်ခဲ့တယ်။”

တမန်တော်ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)ဟာ အသက်အရွယ်ကြီးပြီး
အမြော်အမြင်ရှိတဲ့ လူတယောက် ဖြစ်တယ်။
လူတွေရဲ့ သဘောသဘာဝကိုလည်း နားလည်တယ်။ ရှိုင်သွာန်က လူတွေကို
ဘယ်လို သွေးဆောင်း ဖြားယောင်းတယ်။ ဘယ်လိုလမ်းမှားအောင်လုပ်တယ်
ဆိုတာကိုလည်းသိတော့ ယူစွဖ်လေးကို သတိပေးတယ် ။

”အို .. ချစ်သားလေး .. ဒီအိမ်မက်ကို သားရဲ့ ညီအစ်ကိုတွေကိုမပြောပြလေနဲ့။
သူတို့တွေဟာ သားအပေါ်မနာလို မုန်းတီးမှုတွေ ဖြစ်လာကြလိမ့်မယ်။”

(ခ) ညီအစ်ကိုများရဲ့မနာလိုမူ
=================

ယူစွဖ်(အလိုင်းဟိစ္စလာမ်)မှာ ညီတစ်ယောက်ရှိသေးတယ်။
သူ့နာမည်က ... ဗင်(န်)ယာမီးန်လို့ခေါ်တယ်။
ဖခင်ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)က သူ့တို့နစ်ယောက်ကို
တစ်ခြားညီအစ်ကိုတွေထက် ပိုချစ်သတဲ့။
အဲဒါကို တခြားညီအစ်ကိုတွေက လုံးဝ မနာလိုကြဘူး။

ညီအစ်ကိုတွေက ပြောကြတယ်။ 
“အဖေက ဘာဖြစ်လို့ သူ့တို့နှစ်ယောက်ကိုပိုချစ်ရတာလဲ။
တကယ်ဆို သူ့တို့နှစ်ယောက်က အားနည်းတဲ့ ကလေးလေးတွေပဲ။
ငါတို့က သန်မာထွားကြိုင်းတဲ့လူငယ်တွေ။
တကယ်ဆို အဖေက ငါတို့ကို ပိုချစ်သင့်တာပေါ့။”

ယူစွဖ်လေးဟာ အသက်ငယ်သေးတာမို့ အဖေက
မပြောဖို့ တားမြစ်ခဲ့တဲ့ အိမ်မက်အကြောင်းကို
သူ့အစ်ကိုတွေကို ပြောပြမိသွားတယ်။ ယူစွဖ်လေးရဲ့ အစ်ကိုတွေဟာ
ဒီအိပ်မက်အကြောင်း သိသွားကြတဲ့နောက် အရမ်းပဲဒေါသထွက် ကြတယ်။
ယူစွဖ်လေးကို ပိုပြီးမနာလိုလာကြတယ်။ မနာလိုမှုတွေကြောင့်
ညီအစ်ကိုတွေဟာ စုဝေးပြီး ယူစွဖ်လေးကို သတ်ဖို့ထိ တိုင်ပင်လာကြတယ်။

သူတို့ထဲကတစ်ယောက်က ပြောတယ်။

“သူ့ကိုသတ်ပြီး ဝေးလံတဲ့နေရာမှာ သွားပစ်လိုက်မယ်။ သူမရှိတော့မှ
အဖေက ငါတို့ကို ပိုချစ်လာမှာ”

နောက်တစ်ယောက်ကတော့ “သူ့ကိုလမ်းမှာရှိတဲ့ ရေတွင်း တစ်တွင်းတွင်းမှာ
ပစ်ချလိုက်မယ်။ ခရီးသွားတွေက သူ့ကို ကောက်ယူသွားကြလိမ့်မယ်”

အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် အကြံတွေ အမျိုးမျိုးပေးကြရင်း
ညီအစ်ကိုတွေအားလုံးဟာ နောက်ဆုံးတော့ ဆုံးဖြတ်ချက် တစ်ခုချလိုက်ကြတယ် . . . ။

--------------------------------------
ကဲ…… ချစ်ပရိတ်သတ်ကြီးရေ……
တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ အစ်ကိုတွေက ဘယ်လို ဆုံးဖြတ်ခဲ့ကြသလဲ။
ဘာတွေ လုပ်ခဲ့ကြသလဲ ဆိုတာကို အပိုင်း(၂)မှာ ဆက်လက် အားပေး ဖတ်ရှုကြပါလို့
ဆန္ဒပြုရင်း ….

ချစ်ပရိတ်သတ်ကြီး . . .
ကိုယ်တိုင်လည်း အကျိုးခံစားပြီး၊ ကိုယ့်ရဲ့ သားသားမီးမီး၊
တူ၊ တူမများကို ပုံပြင်များအဖြစ် ပြန်လည်ပြောပြနိုင်မယ်လို့ ယုံကြည်ပါတယ်။

အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးကို
စစ်မှန်တဲ့ အစ္စလာမ့် စာရိတ္တများနဲ့ သာသနာ့ အသိပညာများ
ချီးမြှင့်ပေးသနားတော်မူပါစေ။
သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် 
သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။

တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . .
“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”
( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )

မော်​လ၀ီအဟ်​မဒ်​@Ahmad
Copy By သင့်​အတွက်​အစ္စလာမ့်​စာမျက်​နှာ

ကိုက်ခဲနာကျင်မှုပပျောက်စေရန်..



ကိုက်ခဲနာကျင်မှုပပျောက်စေရန်..
-----------------------------------

بِسۡمِ اللّٰهِ وَبِاللّٰهِ اَعُوۡذُبِاللّٰهِ وَقُدۡرَتِهٖ مِنۡ شَرِّمَافِيۡهاَ


မြန်မာအသံထွက်
  (ဗစ်မေ့လ္လားဟေ့ ၀ဗေလ္လားဟေ့အအူးဇို့ ဗေ့လ္လားဟေ့ ၀ကွတ်(ဒ်)ရသေ့ဟီမင်းန်ရှတ်ရှေ့မာဖွီးဟာ)
----------------------------------------------------------


နာကျင်သောနေရာကို (၇)ခေါက်ဖတ်ပြီးမန်းမုတ်ပါ၊
အင်ရှာလဟ် အလာဟ်အလိုတော်နဲ့ ကိုက်ခဲမှုတွေ သက်သာလာပါလိမ့်မယ်။


မော်လ၀ီအဟ်မဒ်(ခ)မင်းထက်အောင်