ဟဇရသ်ဗုရိုင်ဒဟ်အတ်စ်လမီ{ရသွေ့အလ္လာဟ်ဟုအန်းဟို့}သခင်ကဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်သခင်{ဆွလလ္လားဟို့အလိုင်းဟေ့ဝစလာမ်}အမိန့်ရှိတော်မူသည်။ " အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သည်။ ပြီးနောက် ၎င်းးကိုသင်ယူဆည်းပူးသည်။ ပြီးနောက် ၎င်းကျမ်းလာ အမိန့်ပညတ်ချက်များအပေါ် လက်တွေ့လိုက်နာကျင့်သုံးခဲ့လျှင် ကေယာမသ် နေ့၌ ၎င်းသူအား နူရ် နှင့် အတိပြီးသော သရဖူကို ဆောင်းပေးခြင်းခံရမည်။ ၎င်းသရဖူ၏လင်းဝင်းတောက်ပမှုသည် နေကဲ့သို့ဖြစ်သည်။ ၎င်းသူ၏ မိဘနှစ်ပါး အားလည်း ဝတ်စုံနှစ်စုံကို ဆင်မြန်းပေးမည်ဖြစ်ရာ ၎င်းဝတ်စုံများသည် တစ်လောကလုံးထက်သာမြတ်ပေသည်။ ၎င်းတို့က ဤဝတ်စုံကို အဘယ်ကြောင့်ဆင်မြန်းပေးရကြောင်း မေးမြန်း စုံစမ်းလေသောအခါ အသင်၏သားက ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သရဇ္ဈယ် သောကြေင့်ဖြစ်ကြောင်း ဖြေကြားတော်မူသည်။
( ဟာကင်းမ် ကျမ်း )
မော်လ၀ီနူးရ်အဟ်မဒ်@Ahmad Mgk
No comments:
Post a Comment