စလ္လာမ်မေတ္တာပို့သခြင်း၏ နည်းများ(၁)
၁။နဗီအပေါင်းတို့၏ခေါင်းဆောင်
ကိုယ်တော်မြတ်သခင်(စလ္လမ်) မိန့်မြွက်တော်မူခဲ့၏။
အသျှင်မြတ်နှင့်အနီးကပ်ဆုံးသောသူသည် သူတစ်ပါး၏
စလာမ်ကို မစောင့်ဆိုင်းဘဲ ဦးစွာစလာမ်ပြုသူဖြစ်၏။
၂။အစ္စလာမ်သာသနာတော်၏
အမြတ်ဆုံးသောအလုပ်သည် သူဆင်းရဲများအား ကျွေးမွေးခြင်းဖြစ်၏။
ထို့အပြင် မွတ်စ္စလင်(မ်)တိုင်းအား သိကျွမ်းသည်ဖြစ်စေ၊
မသိကျွမ်းသည်ဖြစ်စေ စလာမ်ပို့သခြင်း ဖြစ်ပေသည်။
၃။နှုတ်ခွန်းဆက်မည့်အလျင် စလာမ်ပြုရပေမည်။
၎။ဦးစွာစလာမ်ပြုရန်မှာ
အစီးအနင်းရှိ သူသည်လမ်းလျှောက်သူအား
လမ်းလျှေက်သောသူသည် ထိုင်နေသူအား၊
လူနည်းစုသည် လူများစုအား၊
လူငယ်သည်လူကြီးအား
စတင်စလာမ်ပြုရ၏။
ဂျုးနှင့် ခရစ်ယန်အား စလာမ်မပြုရ။
ဘာသာခြားတိုင်းသည်ထိုအမိန့်၌ပါဝင်လေသည်။
၅။မွတ်စ္စလင်(မ်)ညီနောင်တစ်ဦးအား
စလာမ်ပြု၍ သစ်ပင်၊ အုတ်နံရံ စသည်တို့
ကွယ်ပြီးလည်းကောင်း၊
အနည်းငယ်အချိန်သော်လည်းကောင်း၊
ခြားနား၍ တွေ့ဆုံခဲ့ပါမူ
ထပ်လောင်းစလာမ်ပြုရပေ၏။
ထိုသို့ ထပ်ဆင့်တွေ့ဆုံသောအခါ
အနည်းငယ်သာကြာသေးသည်ဖြစ်၍
စလာမ်ပေးရန်မလိုဟုမယူဆရပေ။
စလာမ်ထပ်လောင်းပေးလိုက်ရမည်။
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Copy By. အစ္စလာမ့်ပုံရိပ်
No comments:
Post a Comment