Friday, 20 February 2015

စူရာဟ်(အစ်ခ်လားစ်)

بسم الله الرحمن الرحيم
In the name of Allah, the Beneficent, the Merciful.
မပြတ်မစဲ ကြင်နာသနားသော မဟာဂရုဏာ ရှင်ဖြစ်သည့် အလ္လာဟ်အရှင်၏ နာမံတော် (၀ါ) အလ္လာဟ် အရှင်ပြ နည်းနာ နည်းစနစ်အားဖြင့် စတင်ပါ၏ ။
قُلْ هُوَ اللَّهُ أَحَدٌ
112:1 Say: He, Allah, is One.
(၁၁၂-၁) ထို အလ္လာဟ်အရှင်သည် တစ်ဆူတည်း ဖြစ်သည်ဟူ၍ အသင်ပြောကြားပါလေ။
اللَّهُ الصَّمَدُ
112:2 Allah is He on Whom all depend.
(၁၁၂-၂) အလ္လာဟ်သည် အရာခပ်သိမ်းတို့က မှီခိုအားထားရသော အရှင်ဖြစ်၏။

لَمْ يَلِدْ وَلَمْ يُولَدْ
112:3 He begets not, nor is He begotten;
(၁၁၂-၃) ထိုအရှင်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ မွေးဖွားခဲ့ခြင်း အလျင်းမရှိ။ ထိုနည်းတူစွာ မည်သူတစ်ဦးတစ် ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရခြင်း အလျင်း မရှိပေ။
وَلَمْ يَكُن لَّهُ كُفُوًا أَحَدٌ
112:4 And none is like Him.
(၁၁၂-၄) ထိုအရှင်နှင့် ဂုဏ်ရည်တူဟူ၍ တစ်ဦးတစ်ယောက်မျှ အလျင်းမရှိပေ။

မော်လ၀ီနူးရ်အဟ်မဒ်(ခ)ကိုမင်းထက်အောင်

No comments:

Post a Comment