Monday, 23 February 2015

ဟေဒါယဟ်​စာစဉ်

ကျမ်းမြတ်ကုရ်အာန်မှာ “အများစုသော လူတွေ” ဆိုတဲ့
စာသားကို ရှာကြည့်မယ်ဆိုရင် ထိုအများစုသော လူတွေဟာ . . . 

“အီမာန်သက်ဝင် မယုံကြည်ကြပေ။
ကျေးဇူးမသိတတ်ကြပေ။ မသိနားမလည်ကြပေ” 
ဆိုတာကို တွေ့ရလိမ့်မယ်။

ကျမ်းမြတ်ကုရ်အာန်မှာ “ထိုသူများ အနက် အများစု” ဆိုတဲ့
စာသားကို ရှာကြည့်မယ်ဆိုရင် ထိုသူများအနက် အများစုဟာ . . . 

“စည်းကမ်းဖောက်ဖျက်သူများဖြစ်ကြသည်”

“အသိတရား ကင်းမဲ့ကြသည်”

“လျစ်လျုရှု မျက်နှာလွှဲသူများ ဖြစ်ကြသည်”

“အသိဥာဏ်ကင်းမဲ့သော သူများ ဖြစ်ကြသည်”

“နားမထောင်ကြပေ” ဆိုတာကို တွေ့ရလိမ့်မယ်။

ဒါကြောင့် သင်ဟာ ကျမ်းမြတ်ကုရ်အာန်မှာ
အလ္လာဟ်အရှင်မြတ် ပြောထားတဲ့
အနည်းစုသောလူတွေထဲက တစ်ယောက်ဖြစ်ပါစေ။

- ငါအရှင်မြတ်ရဲ့ ကျွန်တို့အနက် ကျေးဇူးသိတတ်ကြသောသူတို့မှာ
နည်းပါးလှပေသည်။ (ကုရ်အာန် - ၃၄း ၁၃)

- ထို(တမန်တော်နူးဟ်)နဲ့အတူ အနည်းငယ်သော
သူတို့သာ အီမာန် သက်ဝင် ယုံကြည်ခဲ့ကြသည်။ (ကုရ်အာန် - ၁၁း ၄၀)

ချစ်မိတ်ဆွေ . . .

သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။

တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလာမ်) မိန့်တော်မူခဲ့တယ် . . .

“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”

( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )

မော်​လ၀ီနူးရ်​အဟ်​မဒ်​@Ahmad Mgk
Copy By
သင့်ဘဝအတွက် အစ္စလာမ့်စာမျက်နှာ

No comments:

Post a Comment