Saturday, 28 February 2015

မွတ်စ်လင်မ်တယောက်

ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်အုမရ်{ရသွေ့အလ္လာဟို့အန်းဟို့}သခင်ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သခင်{ဆွလလ္လားဟို့အလိုင်းဟေ့ဝစလာမ်}ထံ ကောင်းကင်တမန်တော်ကြီး ဂျိဗ်ရအီးလ်{အလိုင်းဟေ့စွလားသို့ဝစလာမ်}က < တောသားတယောက်အသွင်ဖြင့်လာရောက်တွေ့ဆုံ၍ > အစ္စလာမ်သာသနာတော်နှင့်ပတ်သက်ပီး မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော်မြတ်သခင်{ဆွလလ္လားဟို့အလိုင်းဟေ့ဝစလာမ်} ကအမိန့ရှိတော်မူသည်။ " အစ္စလာမ်ဟူသည် < စိတ်နှလုံးဖြင့်လည်းကောင်း ၊ နှုတ်ဖြင့်လည်းကောင်း > ဤစကားကိုသက်သေခံပါလော့။ ၎င်းမှာ အရှင်မြတ်မှလွဲ၍ အခြားမည်သူမှကိုးကွယ်ခြင်းခံထိုက်သူမရှိ။ မုဟမ္မဒ်{ဆွလလ္လားဟို့အလိုင့်ဟေ့ဝစလာမ်}သခင်သည် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်တော်မူ၍ နမာဇ်ဝတ်ပြုကြ ၊ ဇကားသ်း ဒါနကြေးပေးဆောင်ကြ ၊ ဟဂ်ျ နှင့် အွမ္မရာ ပြုလုပ်ကြ ၊ ခန္ဓာကိုယ် ကိုမသန့်ရှင်းသော အဖြစ်၌ သန့်ရှင်းမှု ကိုရယူရန် ရေချိုးကြ ၊ ဝိုဇူ< ခြေလက်သုတ်သင်မှု > ကိုပြည့်ဝစွာပြုလော့်။ ၎င်းနောက် ရမ်ဇာန် လမြတ်၏ ရိုဇာ< ဥပုတ် > စောင့်ထိမ်းကြ " ။ ဟဇရသ်ဂျိဗ်ရာအီးလ်{အလိုင်းဟေ့စွလားသို့ဝစလာမ် } ကဆက်၍ မေးမြန်းသည်မှာ အကယ်၍ ကျွန်တော်မျိုး ဤ အမလ်< ကောင်းမှု > များကိုလိုက်နာခဲ့ပါက အဘယ် ကျွန်ုပ်သည် မွတ်စ်လင်မ် တယောက်ဖြစ်ပီလော။ ထိုအခါ ကိုယ်တော် ကဟုတ်ပါသည်ဟု ဖြေကြားတော်မူသည်။ ထိုအခါ ဂျိဗ်ရာအီးလ်{အလိုင်းဟေ့စွလားသို့ဝစလာမ်} က ကိုယ်တော်သည် အမှန်အတိုင်းအမိန့်ရှိခဲ့ပါသည်ဟု မိန့်ကြားတော်မူသည်။ 

( အိဗ်နေခိုဇိုင်မဟ် ကျမ်း )

မော်​လ၀ီနူရ်းအဟ်​မဒ်​@Ahmad Mgk

No comments:

Post a Comment