Tuesday, 17 February 2015

ကျင့်သုံးကြမယ် ကိုယ်တော့်ရဲ့ စွန္ဒသ်တွေကို


Please အဆုံးထိဖတ်ပြီးစဝါးဗ်ယူကြပါနော် စွန္နသ်တော် ရဲ့ အကျိုးကျေးဇူး
အလ္လာဟ်အရှင်မြတ်သည် စွန္နသ်တော်နဲ့ ပြုလုပ်သောအမလ်ကိုသာလက်ခံသည်။ စွန္နသ်တော်ကိုချစ်လျှင် တမန်တော်မြတ် (ဆွ)၏အချစ်တော်ဖြစ်မည်။ တမန်တော်မြတ်(ဆွ) ကိုချစ်သူ သည် အလ္လာဟ်ချစ်သူဖြစ်မည်။ အလ္လာဟ်ကချစ်လျှင် ဂျန္နသ် ဝါဂျိဗ် ဖြစ်သည်။ ဂျန္နသ်တွင် မိမိချစ်သူနှင့်အတူရှင်ပြန်ထရမည်။ အတူနေထိုင်ရမည်။ စွန္နသ်တခုကို အကောင်အထည်ဖော်လျှင် ရှဟီဒီပေါင်း တစ်ရာ ၏ အကျိုးစဝါးဗ် ရမည်။
စွန္နသ်တော်နှင့်အညီ --------
1. ရေသောက်လျှင် အူကျတဲ့ဝေဒနာမှကင်းဝေးမည်။
2. အိပ်လျှင်အိဗာဒသ်ပြုလုပ်တဲ့ စဝါးဗ်းရမည်။
3. လက်နှစ်ဖက်ဆေး၍အစားစားလျှင် သူတပါးထံလက်ဖြန့်ခြင်းမှထိန်းသိမ်းမည်။
4. အခင်းခင်း၍အစားစားလျှင် မာနကင်းမည်။သား သမီးအပေါ် သြဇာရမည်။
5. ဖိနပ်ကိုညာဘက်မှစစီး။ ဘယ်ဘက်မှချွတ်လျှင် ကျောက်ကပ်ဝေဒနာမှကင်းဝေးမည်။
6. လက်သည်းကို သောကြာနေ့တိုင်းညှပ်လျှင် ချမ်းသာသုခ ပေါကြွယ်ဝမည်။
7. အပေါ့သွားလျှင် ညာဘက်စောင်းထိုင်လျှင် ဆီးကျန်တဲ့ဝေဒနာမှ ကင်းဝေးမည်။
8. အလေးသွားလျှင် ဘယ်ဘက်စောင်းထိုင်လျှင် အူအတက်ရောင်ရောဂါမှ ကင်းဝေးမည်။
9. မုတ်ဆိတ်ထားလျှင် လည်ပင်းတွင်ဖြစ်မည့်ဝေဒနာမှ ကင်းဝေးမည်။
10. လုံခြည် ပုဆိုးကို ချက်အပေါ်ဝတ်လျှင် ချက်အောက် ဖြစ်မည့်ဝေဒနာများမှ ကင်းဝေးမည်။
11. မစ္စဝါးသ် တံပူစားလျှင် အသက်ဝိဥာဉ် ချုပ်ငြိမ်းခါနီး ကလေမာဟ် ဖတ်နိုင်မည်။
12. ပက္ကရီ(အစောင်း)ပေါင်းလျှင် ဦးခေါင်းမှာ ဖြစ်မည့်ဝေဒနာကို ကင်းစေမည်။
13. ဂျွတ်ဘာ ဘုရ်ခါ ဝတ်လျှင် ကိုယ်ခန္ဓာ အင်အား ရရှိမည်။
inshaallah နေ့စဉ်လုပ်ဆောင်နေတဲ့ အလုပ်တိုင်းမှာသာ ဒီနည်းစနစ်လေးတွေကျင့်သုံးပြီး နေနိုင်မယ်ဆိုရင် တနေ့တနေ့ရရှိမယ့် စဝါးဗ်တွေကမနဲဘူးနော် ချစ်သူငယ်ချင်းတို့ ဒွန္နီယာ ရဲ့ ရောဂါတွေကလဲကင်းဝေးမယ် အာခေရသ်အတွက်လဲ အမလ် စုဆောင်းပြီးသားဖြစ်မယ် ။ လက်တွေ့လိုက်နာကျင့်သုံးကြစို့နော်..
inshaallah ! aameen ! အမှားပါရင် ခွင့်လွှတ်ပေးနော် ..

BY Princess Sultana

No comments:

Post a Comment