ဗူခါရီကျမ်းတစ်အုပ်လုံးကိုအေမာမ်ဟာဖဇ် အစ်ဗနေဟဂျရ်က အကျယ် ဖွင့်ဆို ထား သော ““ ဖသ်ဟွလ်ဘာရီ ””ကျမ်းနှင့် မွတ်စလင်မ်ကျမ်း တစ်ကျမ်းလုံးကို အကျယ် ဖွင့်ဆိုသော အိမာမ်န၀ါဝီတို့၏ ဖွင့်ဆိုချက်များကိုပါ မူရင်းအတိုင်းတင်ပြ ထားသော ရှင်းလင်းချက် များဖြစ်ပေ သည်။
အစ္စလာမ့်ဘ၀တည်ဆောက်မှုတွင်
အမျိုးသားများ ခြေမျက်စေ့ဖုံးအောင် ၀တ် ဆင်ခြင်း အားဖြင့် မည်သည့်အတိုင်း အ
တာအထိ အကျိုးယုတ်သနည်း။ သို့မဟုတ်ခြေ မျက်စေ့ မဖုံးမိစေ ရန်
ဝတ်ဆင်ခြင်းအားဖြင့် မည်ကဲ့သို့အကျိုးများ ရရှိနိုင်သ နည်း။ ဖေါ်ပြ
ပါအမျိုးသားများ ခြေမျက်စေ့အုပ်သည့် ၀တ်ဆင်ခြင်း နှင့်စပ်လျဉ်းသော
ဟဒီဆ်များ၏ အဓိ ကကျောရိုးက မည်သည့်အ ချက်ကိုရည်ညွှန်းနေသနည်း။
အမှန်တကယ်ပင်ခြေ မျက်စေ့ ဖုံးသည်အထိ မ၀တ်ဆင်ရဟု ညွှန်ပြနေသလောဟူသည့်
ဟဒီဆ်၏ ကျယ်ပြန့် မှုနှင့်အရှိတရားများကို အရှိအ တိုင်းဗူခါရီ ကျမ်းနှင့်
မွတ်စလင်မ်ကျမ်းတို့ကို အကျယ်ဖွင့်ဆို ကြသည့် အိမာမ်အစ်ဗနေဟဂျရ်နှင့်
အိမာမ်န၀ါဝီတို့၏ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်၊ ခံယူချက်များကိုပါ
ဟဒီဆ်အမှတ်၊ စာမျက်နှာ၊ အတွဲ များဖြင့် အသေး စိတ်ဖေါ် ပြပါမည်။
မွတ်စလင်မ်ကျမ်းတွင်
တမန်တော်မြတ်၏ မိန့်ချွေချက်ကို အဗူဇရ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်မှာ
သုံးမျိုးသော သူ များကို ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က စကား
ပြောမည်မဟုတ်၊ ထိုသုံးမျိုးသောသူတို့မှာ၊-
(၁) သူတစ်ပါးထံမှ အကျိုးမျှော်ကိုး၍ ကျေးဇူးပြုသူ။(၂) ရောင်းကုန်ပစ္စည်းကို ဈေးကောင်းရလို၍ လိမ်ညာပြီး ကျိန်ဆိုရောင်းချသူ။
(၃) အ၀တ်ကို ဒရွတ်တိုက် စွန်တောင်ဆွဲ၍ ၀တ်ဆင်သူ။
(မွတ်စလင်မ်ကျမ်း သက်ဝင်ယုံကြည်မှုကဏ္ဍ မူရင်းဟဒီဆ်)
အဗူဇရ်(ရသွေ့)သခင်က
အခြားဟဒီဆ်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့သည်မှာ သုံးမျိုးသောသူ အား၊
အလ္လာဟ်အရှင်မြတ်က ကိ ယာမသ်နေ့တွင် စကားမပြော သကဲ့သို့ ထိုသူအား စင်ကြယ်
စေမည်လည်း မဟုတ်။ ထို့ပြင် ထိုသုံးမျိုးသောသူများ အား ပြင်း ထန်သည့်
ပြစ်ဒဏ်ပေးမည်ဟု တမန်တော်မြတ်က ဆိုခဲ့သည်။
(၁) အ၀တ်ကို ဒရွတ်တိုက်စွန်ထောင်ဆွဲ၍ ၀တ်ဆင်သူ။(၃) အကျိုးအမြတ်ရလို၍ ရောင်းကုန်ပစ္စည်းကို လိမ်ညာကျိန်ဆိုရောင်းသူ။
(မွစလင်မ်ကျမ်း သက်ဝင်ယုံကြည်မှုကဏ္ဍ)
အထက်ပါဟဒီဆ်သည်
အ၀တ်ကိုစွန်တောင်ဆွဲ၍ ၀တ်ဆင်သူတိုင်းလော။ ထိုကဲ့သို့ ၀တ်ဆင်ခြင်းအားဖြင့်၊
စစ်ထွက် ရာ၌ ပါ့ပါးသွက်လက်မှုကို အဟန့်အတားဖြစ်ခြင်းကြောင့်လော။
မောက်မာပလွှားမှုကို ပြလို၍ ၀တ်ဆင်ခြင်းကြောင့်လော။ ဖေါ်ပြပါ ဟဒီဆ်သည် အထက်ပါ
အကြောင်းအချက်များ မပါဝင်ပဲ ၀တ်ဆင်သူအားလုံးကို ထိုတားမြစ်ချက်က
အကျုံးဝင်မှုရှိမရှိဆိုသည့် အကြောင်းရင်းကို ဂဃနဏခွဲခြားပြီး သိထားရမည်မှာ
အလွန်အရေး ပါသော အဓိကသော့ချက် ဖြစ်သည်။
(ဗူခါရီကျမ်းတွင်
အဗူဟုရိုင်ရဟ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်မှာ-အကြင်သူ သည် မိမိအ၀တ် ကို ခြေ
မျက်စေ့အောက်သို့ ရောက်သည်အထိ ၀တ်ဆင်ပါကထိုသူသည် အပယ်ငရဲသို့
ဝင်ရောက်ရမည်ဖြစ်သည်။
(ဗူခါရီကျမ်းဝတ်စားဆင်ယင်မှုကဏ္ဍ၊ ဟဒီဆ်အမှတ်၊၅၇၈၇)
အလားတူ နိဆာအီကျမ်းတွင်
ခြေမျက်စေ့အောက် ရောက်သည်အထိ ၀တ်ဆင်ပါက ထိုသူသည် အပယ်ငရဲ သို့ဝင်ရောက်
ရမည်ဖြစ်သည်။ (နိဆာအီ အလှတန်ဆာကဏ္ဍ၊ အတွဲ ၈/၂၀၈)
ဖေါ်ပြပါ ဟဒီဆ်၏ရည်ညွန်းချက်သည်
ခန္ဓာကိုယ်ပေါ်၌ ၀တ်ဆင်သောအ၀တ်အစား၏ အတိုင်းအတာ (တိုခြင်း၊ ရှည်ခြင်း)ကို
ဆိုခြင်းမဟုတ်။ ထို ၀တ်စားဆင်ယင်သူ၏ လုပ်ရပ်အမူ အရာကိုသာ ပြောဆို
ခြင်းဖြစ်သည်။
(ဗူခါရီကျမ်း အကျယ်ဖွင့်ဆိုချက် ဖသ်ဟွလ်ဘာရီကျမ်း အတွဲ၊၁၀ သုံးသပ်ချက်-၂၅၇)
မာနမပါဘဲ အ၀တ်ကိုစွန်တောင်ဆွဲ၍ ၀တ်ခြင်းကဏ္ဍတွင်
မာနမပါဘဲ အ၀တ်ကို
စွန်တောင်ဆွဲ၍၀တ်ဆင်မှုနှင့် စပ်လျဉ်း၍ ဗူခါရီကျမ်းကိုဖွင့်ဆိုသူ
အိမာမ်အစ်ဗနေ ဟဂျရ်နှင့် မွတ်စလင်မ်ကျမ်းကို အကျယ်ဖွင့်ဆိုသူ
အိမာမ်န၀ါဝီတို့ နှစ် ဦးသည် ဖေါ်ပြပါ ၀တ်စားဆင်ယင်မှု ဟဒီဆ်များအပေါ် အသေး
စိတ်ပြန်လည် ဖွင့်ဆိုရာ၌ တစ်ဦးနှင့်တစ်ဦး တူညီနေသောအချက်မှာ
ဝတ်စားဆင်ယင်ရာ၌ မာနထောင်လွှားမှုကို အခြေ ခံ၍ ၀တ် ဆင်ခြင်းကိုသာ
တားမြစ်ခြင်းဖြစ်သည် ဆိုသောအချက်ပင်ဖြစ် သည်။
ဗူခါရီကျမ်း
ဝတ်စားဆင်ယင်မှုကဏ္ဍတွင် မာနထောင်လွှားမှုမပါပဲ အ၀တ်ကိုစွန်တောင်
ဆွဲ၍၀တ်ဆင်ခြင်းအခန်း၌ (အဗ္ဗဒွ လ္လာဟ်ဗင်န်အွမ္မရ(ရသွေ့)သခင်က
ဆင့်ပြန်ခဲ့သည်မှာ၊ တမန်တော်မြတ်ကမိန့်ဆို၏၊ အကြင်သူသည်မာနထောင် လွှားခြင်း
အားဖြင့် မိမိအ၀တ်ကို စွန်တောင်ဆွဲ၍ ၀တ်ဆင်လျှင် ကိယာမသ်နေ့တွင်ထိုသူအား
အလ္လာဟ်အ ရှင်မြတ်က ကြည့် မည်မဟုတ်) ဟု မိန့်ဆိုခဲ့သည်။
ထိုမိန့်ဆိုချက်နှင့်စပ်လျဉ်းပြီး အဗူဘကရ်(ရသွေ့)သခင်က၊
အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော် ကျွန်ုပ်သည်လည်း အ၀တ်ကိုစွန်တောင်ဆွဲ၍
ဝတ်ခဲ့ပါသည်။ ထိုအတွက်ကြောင့် ထိုသူများကဲ့သို့ အပြစ်ကျူးလွန်သူများတွင်
ပါဝင်ခြင်းရှိမရှိ လျှောက် ထားရာ၊ တမန်တော် မြတ်
ကအသင်သည်မာနထောင်လွှားမှုဖြင့် ၀တ်ဆင်ခြင်းမဟုတ် သောကြောင့် ထိုအပြစ်ကျူး
လွန် သူများ တွင် အသင်ပါဝင်ခြင်းမရှိပါဟု ဖြေကြားခဲ့သည်။
(ဗူခါရီကျမ်း စာမျက်နှာ၊ ၂၅၄၊ ဟဒီဆ်အမှတ်-၅၇၈၄)
ဗူခါရီကျမ်း အထက်ပါကဏ္ဍ၌ပင် အဗူဘက္ကရ်(ရသွေ့)သခင်က
ဆင့်ပြန်ခဲ့သည်မှာ ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့် အတူရှိနေချိန်တွင်
နေကြတ်သွား၏။ ထိုအခါ တမန်တော် မြတ်က ဗလီဝတ်ကျောင်းတော်သို့ ကတိုက်ကရိုက်
ထွက်သွား၏။ ထိုအခါ ကိုယ်တော်၏ ၀တ်ရုံသည်
ဒရွတ်တိုက်စွန်တောင်ဆွဲလျက်နှင့်ပင် ဗလီသို့အရောက်သွားခဲ့သည်။
တဖန် ဗူခါရီကျမ်း ၀တ်စားဆင်ယင်မှုကဏ္ဍ၌ပင် (အဗူဟုရိုင်ရဟ်(ရသွေ့)သခင်က
ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်က မိန့်ချွေခဲ့သည်မှာ အကြင်သူသည်
မာနထောင်လွှာမှုကို ပြလိုမှုဖြင့် ၄င်း၏အ၀တ်ကို ဒရွတ်တိုက်ဆွဲ၍ ၀တ်ဆင်ပါက
အလ္လာဟ်အ ရှင်မြတ်သည် ကိယာ မသ်နေ့တွင် ထိုသူအားကြည့်မည်မဟုတ်) ဟု
မိန့်ဆိုထား၏။
(ဗူခါရီကျမ်း ဟဒီဆ်အမှတ် ၅၇၈၈)
ဆက်လက်ပြီး
အဗူဟုရိုင်ရဟ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန် တော်မြတ်က
မိန့်ချွေခဲ့၏။ အကြင်သူသည် မိမိကိုယ်မိမိအထင်ကြီးပြီး အများရှေ့တွင်
မော်ကြွားစွာလမ်း လျှောက်သူအား ကမ္ဘာမြေကြီးထဲသို့ နစ်မြုပ်စေမည်။
(ဗူခါရီကျမ်းဟဒီဆ်အမှတ်-၅၇၈၉)
အလားတူ
အစ်ဗနေအွမ္မရ်(ရသွေ့)သခင်ကလည်း ဆင့်ပြန်ခဲ့၏။ တမန်တော်မြတ်က
မိန့်ချွေခဲ့သည်မှာ၊ အကြင်သူသည် အ၀တ်ကို စွန်တောင်ဆွဲ၍ ၀တ်ဆင်ပါက ထိုသူအား
အလ္လာဟ်အရှင်မြတ်က မြေကြီးထဲသို့ နစ်မြုပ်စေ မည်ဖြစ် သည်။
မွတ်စလင်မ်ကျမ်းတွင်
အဗူဟုရိုင်ရဟ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည့်နည်းတူ အစ်ဗ နေအွမ္မရ်ကလည်း
ဆင့်ပြန် ခဲ့ သည်။ ဆင့်ပြန်ပုံဝါကျ တူနေသည့်အချက်မှာ တမန်တော်မြတ်
မိန့်ကြားသည်ကို ကျွန်ုပ်၏ဤနားနှစ်ဖက်ဖြင့် ကြားခဲ့သည်မှာ၊ အကြင်သူသည်
မာနထောင် လွှားလိုမှုမှတစ်ပါး အခြားရည်ရွယ်ချက်မရှိပဲ အ၀တ်ကို စွန်တောင်ဆွဲ၍
ဝတ်ဆင်သူအား အလ္လာဟ် အရှင်မြတ်က ကိယာမသ်နေ့တွင် လှည့်၍ပင်ကြည့်မည်မဟုတ်ပါ
ဆိုသည့်အချက်ကို မွတ်စလင်မ်ကျမ်းအား အကျယ်ဖွင့်ဆိုသူ အိမာမ်န၀ါဝီက““ဖေါ်ပြပါ
ဟဒီဆ်၏ရည်ညွှန်းချက် အစစ်အမှန်””မှာ အ၀တ်ကိုဝတ်ဆင်ရာ၌ ခြေမျက်စေ့ဖုံးသည်အထိ
ဝတ် ဆင်ခြင်း၊ (သို့မဟုတ်) အ၀တ်ကို ဒရွတ်တိုက်စွန်တောင်ဆွဲ၍
ဝတ်ဆင်ခြင်းဆိုသည့် ““၀တ်စားဆင်ယင်မှုပုံစံ””ကို ဆိုလိုခြင်း မဟုတ်။
ထိုဝတ်စားဆင်ယင်သူ၏ ““မာနထောင်လွှားမှု၊ မော်ကြွားမှု””ကိုသာ တား မြစ်သော
ဟဒီဆ်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်၊ ထိုဟဒီဆ်၌ (ခုယာလား) (မာန)ဟူသော စကားလုံးအားဖြင့် (ခါးဆ်) အထူးပြုကန့်သတ်ထား ပြီးဖြစ် သည်။ (အိမာမ်န၀ါဝီ၏ မွတ်စလင်မ်ကျမ်းဖွင့်ဆိုချက် မာနထောင်လွှားမှုကဏ္ဍ၊ အတွဲ၊ ၄၊ စာမျက်နှာ-၇၉၅)
(လိဂိုက်ရစ်လ်-ခုယာလား)
မာနထောင်လွှားမှုမပါပဲ အ၀တ်ကို စွန်တောင်ဆွဲ ၀တ်ခဲ့သော
အဗူဘက္ကရ်(ရသွေ့)သခင်ကို တမန်တော်မြတ်က အသင်သည်မာနထောင်လွှား မှုဖြင့်
ဝတ်စားဆင်ယင်သူတွင် မပါဝင်ဟုမိန့်ဆိုခဲ့ခြင်းသည် မာနမပါပဲ
စွန်တောင်ဆွဲ၍၀တ်ခြင်း၊ (တစ်နည်း) ခြေမျက်စေ့ဖုံးအုပ်သည်အထိ
ဝတ်ဆင်ခြင်းအပေါ် ခွင့်ပြုချက် ပေးပြီး ဖြစ်လေ သည်။
ဖေါ်ပြပါ ဟဒီဆ်များနှင့်
ထိုဟဒီဆ်များကို အကျယ်ဖွင့်ဆိုထားသော အိမာမ်နှစ်ပါးသည် လူအများလွယ်ကူစွာ
သိရှိနိုင်ရန် တင်ပြထားခြင်းဖြစ်ပေသည်။ ထိုတင်ပြချက်များကို ခြုံငုံသုံး
သပ်ကြည့်မည်ဆိုလျှင် အ၀တ်ကို စွန်ထောင်ဆွဲ၍ ၀တ်ဆင်ခြင်း သို့ မဟုတ်
ခြေမျက်စေ့ အပေါ် သို့ အုပ်သည် အထိ ၀တ်ဆင်ခြင်းများကို တားမြစ်ခြင်း
မဟုတ်ပေ။ မာနထောင်လွှားမှု (ခုယာ လား) ကိုသာ တားမြစ်ခြင်းဖြစ်ပေသည်။
(အိမာမ်န၀ါဝီဖွင့်ဆိုထားသော မွတ်စလင်မ်ကျမ်း၊ အတွဲ၊၁ စာမျက်နှာ-၃၀၅)
အမျိုးသားများ ခြေမျက်စေ့အုပ်သည့် ၀တ်ဆင်မှု
ယခုတင်ပြမည့် ၀တ်စားဆင်ယင်မှု
ဟဒီဆ်များမှာ ဗူခါရီကျမ်းနှင့်မွတ်စလင်မ်ကျမ်းတို့မှ ဖြစ်သည်။
ဗူခါရီကျမ်းတစ် အုပ်လုံးကို အိမာမ်ဟာဖဇ်အစ်ဗနေဟဂျရ်က အကျယ်ဖွင့်ဆိုထား သော
““ ဖသ်ဟွလ်ဘာရီ ””ကျမ်းနှင့် မွတ်စလင်မ်ကျမ်း တစ်အုပ်လုံးကို အကျယ်ဖွင့်
ဆိုသော အိမာမ်န၀ါဝီတို့၏ ဖွင့်ဆိုချက်များကိုပါ မူရင်းအတိုင်း တင်ပြထားသော
ရှင်းလင်းချက် များ ဖြစ်ပေသည်။
အစ္စလာမ့်ဘ၀တည်ဆောက်မှုတွင်
အမျိုးသားများ ခြေမျက်စေ့ဖုံးအောင် ၀တ် ဆင်ခြင်း အားဖြင့် မည်သည့်အတိုင်း အ
တာအထိ အကျိုးယုတ်သနည်း။ သို့မဟုတ် ခြေမျက်စေ့ မဖုံးမိစေ ရန်
ဝတ်ဆင်ခြင်းအားဖြင့် မည်ကဲ့သို့အကျိုးများ ရရှိနိုင်သ နည်း။ ဖေါ်ပြပါ
အမျိုးသားများ ခြေ မျက်စေ့အုပ်သည့် ၀တ်ဆင်ခြင်း နှင့်စပ်လျဉ်းသော
ဟဒီဆ်များ၏ အဓိကကျောရိုးက မည် သည့်အချက်ကို ရည်ညွှန်းနေသနည်း။ အမှန်တကယ်ပင်
ခြေမျက်စေ့ဖုံးသည်အထိ မ၀တ် ဆင်ရဟု ညွှန်ပြနေသလော ဟူ သည့် ဟဒီဆ်၏
ကျယ်ပြန့်မှုနှင့် အရှိတရားများကို အရှိအ တိုင်းဗူခါရီကျမ်းနှင့်
မွတ်စလင်မ်ကျမ်းတို့ကို အကျယ်ဖွင့်ဆိုကြသည့် အိမာမ်အစ်ဗနေဟဂျရ်နှင့်
အိမာမ်န၀ါဝီတို့၏ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်၊ ခံယူချက်များကိုပါ
ဟဒီဆ်အမှတ်၊ စာမျက်နှာ၊ အတွဲ များဖြင့် အသေးစိတ်ဖေါ် ပြပါမည်။
မွတ်စလင်မ်ကျမ်းတွင်
တမန်တော်မြတ်၏ မိန့်ချွေချက်ကို အဗူဇရ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်မှာ
သုံးမျိုးသော သူများကို ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က စကား
ပြောမည်မဟုတ်၊ ထိုသုံးမျိုးသောသူတို့မှာ၊-
(၁) သူတစ်ပါးထံမှ အကျိုးမျှော်ကိုး၍ ကျေးဇူးပြုသူ။(၂) ရောင်းကုန်ပစ္စည်းကို ဈေးကောင်းရလို၍ လိမ်ညာပြီး ကျိန်ဆိုရောင်းချသူ။
(၃) အ၀တ်ကို ဒရွတ်တိုက် စွန်တောင်ဆွဲ၍ ၀တ်ဆင်သူ။
(မွတ်စလင်မ်ကျမ်း သက်ဝင်ယုံကြည်မှုကဏ္ဍ မူရင်းဟဒီဆ်)
အဗူဇရ်(ရသွေ့)သခင်က
အခြားဟဒီဆ်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့သည်မှာ သုံးမျိုးသောသူ အား၊
အလ္လာဟ်အရှင်မြတ်က ကိ ယာမသ်နေ့တွင် စကားမပြော သကဲ့သို့ ထိုသူအား စင်ကြယ်
စေမည်လည်း မဟုတ်။ ထို့ပြင် ထိုသုံးမျိုးသောသူများ အား ပြင်း ထန်သည့်
ပြစ်ဒဏ်ပေးမည်ဟု တမန်တော်မြတ်က ဆိုခဲ့သည်။
(၁) အ၀တ်ကို ဒရွတ်တိုက်စွန်ထောင်ဆွဲ၍ ၀တ်ဆင်သူ။(၃) အကျိုးအမြတ်ရလို၍ ရောင်းကုန်ပစ္စည်းကို လိမ်ညာကျိန်ဆိုရောင်းသူ။
(မွစလင်မ်ကျမ်း သက်ဝင်ယုံကြည်မှုကဏ္ဍ)
အထက်ပါဟဒီဆ်သည်
အ၀တ်ကိုစွန်တောင်ဆွဲ၍ ၀တ်ဆင်သူတိုင်းလော။ ထိုကဲ့သို့ ၀တ်ဆင်ခြင်းအားဖြင့်၊
စစ်ထွက်ရာ ၌ ပေါ့ပါးသွက်လက်မှုကို အဟန့်အတားဖြစ်ခြင်းကြောင့် လော။
မောက်မာပလွှားမှုကို ပြလို၍ ၀တ်ဆင်ခြင်းကြောင့်လော။ဖေါ်ပြ ပါဟဒီဆ်သည် အထက်ပါ
အကြောင်းအချက်များ မပါဝင်ပဲ ၀တ်ဆင်သူအားလုံးကို ထိုတားမြစ်ချက်က
အကျုံးဝင်မှုရှိမရှိဆိုသည့် အကြောင်းရင်းကို ဂဃနဏခွဲခြားပြီး သိထားရမည်မှာ
အလွန်အရေး ပါသော အဓိကသော့ချက် ဖြစ်သည်။
(ဗူခါရီကျမ်းတွင်
အဗူဟုရိုင်ရဟ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်မှာ-အကြင်သူသည် မိမိအ၀တ်ကို ခြေ
မျက်စေ့အောက် သို့ ရောက်သည်အထိ ၀တ်ဆင်ပါကထိုသူသည် အပယ်ငရဲသို့
ဝင်ရောက်ရမည်ဖြစ်သည်။
(ဗူခါရီကျမ်းဝတ်စားဆင်ယင်မှုကဏ္ဍ၊ ဟဒီဆ်အမှတ်၊၅၇၈၇)
အလားတူ နိဆာအီကျမ်းတွင် ခြေမျက်စေ့အောက် ရောက်သည်အထိ ၀တ်ဆင်ပါက ထိုသူသည် အပယ်ငရဲ သို့ဝင်ရောက် ရမည်ဖြစ်သည်။
(နိဆာအီ အလှတန်ဆာကဏ္ဍ၊ အတွဲ ၈/၂၀၈)
ဖေါ်ပြပါ ဟဒီဆ်၏ရည်ညွန်းချက်သည်
ခန္ဓာကိုယ်ပေါ်၌ ၀တ်ဆင်သောအ၀တ်အစား၏ အတိုင်းအတာ (တိုခြင်း၊ရှည်ခြင်း) ကို
ဆိုခြင်းမဟုတ်။ ထို ၀တ်စားဆင်ယင်သူ၏ လုပ်ရပ်အမူ အရာကိုသာ ပြောဆို
ခြင်းဖြစ်သည်။
(ဗူခါရီကျမ်း အကျယ်ဖွင့်ဆိုချက် ဖသ်ဟွလ်ဘာရီကျမ်း အတွဲ၊၁၀ သုံးသပ်ချက်-၂၅၇)
မာနမပါဘဲ အ၀တ်ကိုစွန်တောင်ဆွဲ၍ ၀တ်ခြင်းကဏ္ဍ
မာနမပါဘဲ အ၀တ်ကို
စွန်တောင်ဆွဲ၍၀တ်ဆင်မှုနှင့် စပ်လျဉ်း၍ ဗူခါရီကျမ်း ကိုဖွင့် ဆိုသူ
အိမာမ်အစ်ဗနေ ဟဂျရ်နှင့် မွတ်စလင်မ်ကျမ်းကို အကျယ်ဖွင့်ဆိုသူ
အိမာမ်န၀ါဝီတို့နှစ်ဦးသည် ဖေါ်ပြပါဝတ်စားဆင်ယင်မှု ဟဒီဆ်များအပေါ်
အသေးစိတ်ပြန် လည် ဖွင့်ဆိုရာ၌ တစ်ဦးနှင့်တစ်ဦး တူညီနေသောအချက်မှာ
ဝတ်စားဆင်ယင်ရာ၌ မာနထောင်လွှားမှုကို အခြေခံ၍ ၀တ်ဆင်ခြင်း ကိုသာ
တားမြစ်ခြင်းဖြစ်သည် ဆိုသောအချက်ပင်ဖြစ် သည်။
ဗူခါရီကျမ်း
ဝတ်စားဆင်ယင်မှုကဏ္ဍတွင် မာနထောင်လွှားမှုမပါပဲ အ၀တ်ကိုစွန်တောင်
ဆွဲ၍၀တ်ဆင်ခြင်းအခန်း၌ (အဗ္ဗဒွ လ္လာဟ်ဗင်န်အွမ္မရ(ရသွေ့)သခင်က
ဆင့်ပြန်ခဲ့သည်မှာ၊ တမန်တော်မြတ်ကမိန့်ဆို၏၊ အကြင်သူသည် မာနထောင်လွှားခြင်း
အားဖြင့် မိမိအ၀တ်ကို စွန်တောင်ဆွဲ၍ ၀တ်ဆင်လျှင် ကိယာမသ်နေ့တွင်ထိုသူအား
အလ္လာဟ်အ ရှင်မြတ်က ကြည့် မည်မဟုတ်) ဟု မိန့်ဆိုခဲ့သည်။
ထိုမိန့်ဆိုချက်နှင့်စပ်လျဉ်းပြီး အဗူဘကရ်(ရသွေ့)သခင်က၊
အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော် ကျွန်ုပ်သည်လည်း အ ၀တ်ကိုစွန်တောင်ဆွဲ၍
ဝတ်ခဲ့ပါသည်။ ထိုအတွက်ကြောင့် ထိုသူများကဲ့သို့ အပြစ်ကျူးလွန်သူများတွင်
ပါဝင်ခြင်းရှိမရှိ လျှောက် ထားရာ၊ တမန်တော် မြတ်
ကအသင်သည်မာနထောင်လွှားမှုဖြင့် ၀တ်ဆင်ခြင်းမဟုတ် သောကြောင့် ထိုအပြစ်ကျူး
လွန် သူများ တွင် အသင်ပါဝင်ခြင်းမရှိပါဟု ဖြေကြားခဲ့သည်။
(ဗူခါရီကျမ်း စာမျက်နှာ၊ ၂၅၄၊ ဟဒီဆ်အမှတ်-၅၇၈၄)
ဗူခါရီကျမ်း အထက်ပါကဏ္ဍ၌ပင်
အဗူဘက္ကရ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်မှာ ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့်
အတူရှိနေချိန်တွင် နေကြတ်သွား၏။ ထိုအခါ တမန်တော် မြတ်က
ဗလီဝတ်ကျောင်းတော်သို့ ကတိုက်ကရိုက် ထွက်သွား၏။ ထိုအခါ ကိုယ်တော်၏
ဝတ်ရုံသည် ဒရွတ်တိုက်စွန်တောင်ဆွဲလျက်နှင့်ပင် ဗလီသို့အရောက်သွားခဲ့သည်။
တဖန် ဗူခါရီကျမ်း
ဝတ်စားဆင်ယင်မှုကဏ္ဍ၌ပင် (အဗူဟုရိုင်ရဟ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်က မိန့်ချွေခဲ့သည်မှာ အကြင်သူသည် မာနထောင်လွှာမှုကို
ပြလိုမှုဖြင့် ၄င်း၏အ၀တ်ကို ဒရွတ်တိုက်ဆွဲ၍ ၀တ်ဆင်ပါက အလ္လာဟ် အရှင်မြတ်သည်
ကိယာ မသ်နေ့တွင် ထိုသူအားကြည့်မည်မဟုတ်) ဟု မိန့်ဆိုထား၏။
(ဗူခါရီကျမ်း ဟဒီဆ်အမှတ် ၅၇၈၈)
ဆက်လက်ပြီး
အဗူဟုရိုင်ရဟ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန် တော်မြတ်က
မိန့်ချွေခဲ့၏။ အကြင်သူသည် မိမိ ကိုယ်မိမိအထင်ကြီးပြီး အများရှေ့တွင်
မော်ကြွားစွာလမ်း လျှောက်သူအား ကမ္ဘာမြေကြီးထဲသို့ နစ်မြုပ်စေမည်။
(ဗူခါရီကျမ်းဟဒီဆ်အမှတ်-၅၇၈၉)
အလားတူ
အစ်ဗနေအွမ္မရ်(ရသွေ့)သခင်ကလည်း ဆင့်ပြန်ခဲ့၏။ တမန်တော်မြတ်က
မိန့်ချွေခဲ့သည်မှာ၊ အကြင်သူသည် အ၀တ်ကို စွန်တောင်ဆွဲ၍ ၀တ်ဆင်ပါက ထိုသူအား
အလ္လာဟ်အရှင်မြတ်က မြေကြီးထဲသို့ နစ်မြုပ်စေ မည်ဖြစ် သည်။
မွတ်စလင်မ်ကျမ်းတွင်
အဗူဟုရိုင်ရဟ်(ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည့်နည်းတူ အစ်ဗ နေအွမ္မရ်ကလည်း
ဆင့်ပြန်ခဲ့ သည်။ ဆင့်ပြန်ပုံဝါကျ တူနေသည့်အချက်မှာ တမန်တော်မြတ်
မိန့်ကြားသည်ကို ကျွန်ုပ်၏ဤနားနှစ်ဖက်ဖြင့် ကြားခဲ့သည်မှာ၊ အကြင်သူသည်
မာနထောင် လွှားလိုမှုမှတစ်ပါး အခြားရည်ရွယ်ချက်မရှိပဲ အ၀တ်ကို စွန်တောင်ဆွဲ၍
ဝတ်ဆင်သူအား အလ္လာဟ်အရှင်မြတ်က ကိယာမသ်နေ့တွင် လှည့်၍ပင်ကြည့်မည်မဟုတ်ပါ
ဆိုသည့်အချက်ကို မွတ်စလင်မ်ကျမ်းအား အကျယ်ဖွင့်ဆိုသူ အိမာမ်န၀ါဝီက““ဖေါ်ပြပါ
ဟဒီဆ်၏ရည်ညွှန်းချက် အစစ်အမှန်””မှာ အ၀တ်ကိုဝတ်ဆင်ရာ ၌ ခြေ
မျက်စေ့ဖုံးသည်အထိ ၀တ်ဆင်ခြင်း၊ (သို့မဟုတ်) အ၀တ်ကို
ဒရွတ်တိုက်စွန်တောင်ဆွဲ၍ ၀တ်ဆင်ခြင်းဆိုသည့် ““၀တ်စား ဆင် ယင်မှုပုံစံ””ကို
ဆိုလိုခြင်းမဟုတ်။ ထိုဝတ်စားဆင်ယင်သူ၏
““မာနထောင်လွှားမှု၊မော်ကြွားမှု””ကိုသာတားမြစ်သော ဟဒီဆ်ဖြစ် သည်။
အဘယ်ကြောင့်ဆိုသော်၊ ထိုဟဒီဆ်၌ (ခုယာလား) (မာန)ဟူသော စကားလုံးအားဖြင့် (ခါးဆ်) အထူးပြုကန့်သတ်ထား ပြီးဖြစ် သည်။
(အိမာမ်န၀ါဝီ၏ မွတ်စလင်မ်ကျမ်းဖွင့်ဆိုချက် မာနထောင်လွှားမှုကဏ္ဍ၊ အတွဲ၊ ၄၊ စာမျက်နှာ-၇၉၅)
(လိဂိုက်ရစ်လ်-ခုယာလား)
မာနထောင်လွှားမှုမပါပဲ အ၀တ်ကို စွန်တောင်ဆွဲ ၀တ်ခဲ့သော အဗူဘက္ကရ်(ရသွေ့) သ
ခင်ကို တမန်တော်မြတ်က အသင်သည်မာနထောင်လွှား မှုဖြင့် ၀တ်စားဆင်ယင်သူတွင်
မပါဝင်ဟုမိန့်ဆိုခဲ့ခြင်းသည် မာနမပါပဲ စွန်တောင်ဆွဲ၍၀တ်ခြင်း၊ (တစ်နည်း)
ခြေမျက်စေ့ဖုံးအုပ်သည်အထိ ၀တ်ဆင်ခြင်းအပေါ် ခွင့်ပြုချက် ပေးပြီး ဖြစ်လေ
သည်။
ဖေါ်ပြပါ ဟဒီဆ်များနှင့်
ထိုဟဒီဆ်များကို အကျယ်ဖွင့်ဆိုထားသော အိမာမ်နှစ်ပါးသည် လူအများလွယ်ကူစွာ
သိရှိနိုင်ရန် တင်ပြထားခြင်းဖြစ်ပေသည်။ ထိုတင်ပြချက်များကို ခြုံငုံသုံး
သပ်ကြည့်မည်ဆိုလျှင် အ၀တ်ကို စွန်ထောင်ဆွဲ၍ ၀တ်ဆင်ခြင်း သို့ မဟုတ်
ခြေမျက်စေ့ အပေါ် သို့ အုပ်သည် အထိ ၀တ်ဆင်ခြင်းများကို တားမြစ်ခြင်း
မဟုတ်ပေ။ မာနထောင်လွှားမှု (ခုယာ လား) ကိုသာ တားမြစ်ခြင်းဖြစ်ပေသည်။
(အိမာမ်န၀ါဝီဖွင့်ဆိုထားသော မွတ်စလင်မ်ကျမ်း၊ အတွဲ၊၁ စာမျက်နှာ-၃၀၅)
ဗူခါရီကျမ်းကို
ဖသ်ဟွလ်ဘာရီကျမ်းအဖြစ် အကျယ်ဖွင့်ဆိုထားသော အိမာမ်အစ်ဗနေ ဟဂျရ်က
ဆိုခဲ့သည်မှာ ဤဟဒီဆ် တွင် အ၀တ်ကိုစွန်တောင်ဆွဲ၍ ၀တ်ဆင်ခြင်း (သို့မဟုတ်)
ခြေမျက်စေ့ဖုံးသည်အထိ ၀တ်ဆင်ခြင်းသည် ကြီးမားသော မာနထောင်လွှားမှုတစ်မျိုး
ပင်ဖြစ်ပေရာ မာနထောင်လွှားရန် မဟုတ်ပဲ ထိုကဲ့သို့ဝတ်ဆင်ခြင်းသည် လည်း ဟဒီဆ်၏
ပြင်ပအမြင် သဘောအရမှာလည်း တားမြစ်ထားခြင်းဖြစ်သည်။ သို့ရာတွင် ဤဟဒီဆ်၌
(မုကိုက်ယစ်သ်) ကာလစည်း ကန့်သတ်ဝေါ ဟာရဖြစ်သာ (ခုယာလာ)
မာနထောင်လွှားမှု တည်းဟူသော စကားလုံးကို ရည်ညွှန်းထားသည့်အတွက် မာနထောင်လွှား
မှုမပါသော ၀တ် ဆင်မှုသည် ခြေမျက်စေ့ဖုံးအုပ်သည်အထိ ၀တ်ဆင်ခြင်း (သို့မဟုတ်)
စွန်တောင်ဆွဲ၍ ၀တ် ဆင်ခြင်းကို တားမြစ် သည့် ဥပဒေအဖြစ် အကျုံးမ၀င်တော့ပေ။
မော်ကြွားရန်ဟူသော
စိတ်ပြဌာန်းချက်မရှိပဲ အ၀တ်ကိုခြေမျက်စေ့ဖုံးသည်အထိ ရှည် လျားစွာဝတ်စား
ဆင်ယင်ခြင်း သည် ““ဟရာမ်””တားမြစ်ချက် မဟုတ်ပေ။ ဟာဖစ်ဖကိဟ်
အစ်ဗနေအဗ္ဗဒွရ်ဗရ်ကလည်း ထိုဟဒီဆ်၏ ဆိုလိုရင်းမှာ မာနထောင်လွှာလိုမှုမပါပဲ
ဝတ်ဆင် ခြင်းသည် ထိုသတိပေးချက်၌ ပါဝင်ခြင်းမရှိပေ။ လူတစ်ယောက်၏
ဝတ်ဆင်ထားသော အ၀တ်သည် မြေကြီးကိုထိသည်အထိ ဒရွတ်တိုက်ဖြစ်နေခြင်းမှာမူ
မည်သည့်အချိန်၌မဆို အပြစ်တင်ဖွယ်ရာ ဖြစ်သည်။
(ဖသ်ဟွလ်ဘာရီ အတွဲ ၁၀ စာမျက်နှာ-၂၆၃)
ဖေါ်ပြခဲ့သော ဟဒီဆ်များနှင့်
ထိုဟဒီဆ်များ၏ အဓိပ္ပါာယ်ရည်ရွယ်ချက်၊ ရည်ညွှန်း ချက်များကို
အသေးစိတ်ခွဲခြား စိတ်ဖြာပြီး အကျယ်တစ်ဝင့်ဖွင့်ဆိုထားသော အိမာမ်ကြီးများ၏
ဖွင့်ဆိုချက်များအရ “အမျိုးသား”များသည် အ၀တ်ကိုခြေ မျက်စေ့ အုပ်သည်အထိ
ဝတ်ဆင် ခြင်း(၀ါ) စွန်ထောင်ဆွဲ၍ ၀တ်ဆင်ခြင်းကို တားမြစ်ခြင်းမဟုတ်။
အ၀တ်ဝတ်ဆင်ရာ၌ မာန ထောင်လွှားမှု ကြွားဝါလိုမှုဖြင့် ၀တ်ဆင်ခြင်းကိုသာ
တားမြစ်ခြင်းဖြစ်သည်။
ထိုဟဒီဆ်၏
ရည်ရွယ်ချက်အစစ်အမှန်သည် မာနထောင်လွှားလိုမှု ကြွားဝါလိုမှုဖြင့် အ၀တ်ကို
တိုတိုဝတ်ဆင်ပါကလည်း ““ဟရာမ်”” တားမြစ်ထားသော အမိန့်တစ်ရပ်ဖြစ် သည် ကို
လုံးဝယုံမှားသံသယဖြစ်ဖွယ်ရာမရှိဟု အခိုင်အမာဆိုထားသော ဟဒီဆ်ဖြစ်သည်။
(ဖသ်ဟွလ်ဘာရီကျမ်း အတွဲ ၁၀ စာမျက်နှာ-၂၆၂)
အစ္စလာမ်သာသနာ၏ အသက်ဝိဥာဉ်ဖြစ်သော
အခြေခံဥပဒေကို လိုက်နာခြင်း၊ ထိန်း သိမ်းစောင့်ရှောက် ခြင်းသည် မွတ်
စလင်မ်တိုင်းအတွက် ဂုဏ်သိက္ခာာကိုတင့်တယ်စေသည့် သမိုင်းပေးတာဝန်တစ်ရပ်
ဖြစ်ပေသည်။ အ၀တ်တိုတို ၀တ်ခြင်းသည် လည်း ၀တ်စားဆင်ယင်မှု တွင် အကျုံးဝင်သော
အချက်တစ်ချက် ဖြစ်ပေသည်။ ထိုကဲ့သို့ ၀တ်စားဆင်ယင်ရာ၌ တိုတို
ဝတ်ခြင်းနှင့် ရှည်ရှည်ဝတ်ခြင်းများသည် မိမိတို့ပတ်ဝန်းကျင်ရှိ ဒေသများတွင်
နေ ထိုင်လျက်ရှိ သော လူများ၏ရိုး ရာ ယဉ်ကျေးမှုနှင့် ဆက်နွယ်နေသော
ကိစ္စရပ်ဖြစ်ပေသည်။
လူ့ဘောင်အဖွဲ့အစည်းကြီး
တစ်ခုလုံးတွင် လူသားတို့အတွက် အရေးကြီးသော လိုအပ် ချက်များ၏အလယ်တွင် ၀တ်စား
ဆင်ယင်မှုကဏ္ဍသည် ပြောပလောက်ဖွယ်ရာမရှိသော အလွန်သေးငယ်သည့် ကိစ္စရပ်သာလျှင်
ဖြစ်ပေသည်။ ကမ္ဘာ့လူသား ထု တစ်ရပ်လုံးတွင် မိမိတို့၏နေထိုင်ရာ သဘာဝရေမြေ၊
ရာသီဥတု၊ ဓလေ့စရိုက်အလိုက် အမျိုးမျိုးအဖုံဖုံ ကွဲပြား ခြားနားစွာ ၀တ်ဆင်
ကြပါသည်။ ၀င်ရိုးစွန်းဒေသတွင် နေထိုင်ကြသော အက်စကီးမိုး လူမျိုး တို့သည်
ဆယ်နှစ်ရာသီလုံး လုံး ရေခဲပြင်ပေါ် တွင် နေ ထိုင်ကြရခြင်းများကြောင့်
၎င်းတို့နှင့် ၄င်းတို့ကဲ့သို့သော ဒေသတွင် နေထိုင်ကြသူများ၏
ဝတ်စားဆင်ယင်မှုများ နှင့် ကမ္ဘာ့အီကွေ တာဒေသများတွင် နေထိုင်ကြသူများ၏
ဝတ်စားဆင်ယင်မှုသည် သဘာဝအနေအထားအရ ဆန့်ကျင်နေမည်သာဖြစ်သည်။ ယင်းဒေသအတွင်း
နေထိုင်သူ အချင်းချင်းအတွင်း၌ပင်လျှင် ဆင်းရဲသူများ၏ ၀တ်စားဆင်ယင်မှုနှင့်
ချမ်းသာသူများ၏ ၀တ်စား ဆင်ယင် မှုများသည်လည်း တူညီနိုင်မည် မဟုတ်ပေ။
ခေတ်အဆက်ဆက် ကွာဟမှု ရှိနေမည်သာ ဖြစ်ပေသည်။
တမန်တော်မြတ်က မိန့်ဆိုခဲ့သည်မှာ
ဖြုံးတီးမှုနှင့်ကြွားဝါမှုများမှ ရှောင်ကြဉ်၍ စားကြ ကုန်၊ သောက်ကြကုန်၊
ဝတ်စား ဆင်ယင်ကြကုန်၊ ပေးကမ်းလှူဒါန်းကြကုန်။ (ဗူခါရီကျမ်း)
ဗူခါရီကျမ်းကို အကျယ်ဖွင့်ဆိုသူ
အိမာမ်ဟာဖစ် အစ်ဗနေဟဂျရ်သခင်က မိမိ၏ ဆရာဖြစ်သော ““သိရ်မီဇီကျမ်း””အား
ကျယ်ဖွင့်ဆိုသူ ဟာဖစ်အိရာကီ၏ အဆိုပါ ၀တ် စား ဆင်ယင်မှုနှင့်စပ်လျဉ်း၍
သုံးသပ်ချက်များကို ပြန်လည်တင်ပြရာတွင် (ထို ဟဒီဆ်များသည်
အ၀တ်ကိုခြေမျက်စေ့အုပ်ခြင်း၊ သို့မဟုတ် စွန်တောင်ဆွဲ၍ ၀တ်ဆင်ခြင်းများကို
တားမြစ်ခြင်း မဟုတ်။ မာနထောင်လွှာမှုနှင့် ကြွားဝါလိုမှုကိုသာ
တားမြစ်ခြင်းဖြစ်သည်) ဟု သိရ်မီဇီကျမ်း ၏ဖွင့်ဆိုချက်ကိုပါ
ပူးတွဲတင်ပြထားသည်။
(ဖသ်ဟွလ်ဘာရီကျမ်း အတွဲ ၁၀ စာမျက်နှာ-၂၆၂)
လူသားဘ၀၏ တိုတောင်းလှစွာသော
သက်တမ်းတွင် အသိပညာဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ကျင့်တရား ထူးကဲစွာ နက်နဲ
သိမ်မွေ့မှုတို့ကို ကြိုးပမ်းရမည်။ ဂုဏ်သရေပျက်စေသော အ ပြောအဆို
အမူအကျင့်များ၊ အများသူငှာ၏ ပြစ်တင်ရှုံ့ချဖွယ်ရာ ဓလေ့စရိုက်များ၊ အစ္စလာမ်
သာသနာ၏ ဆန့်ကျင်ဖက်ဖြစ်သော ပျက်စီးခြင်းဆိုသည့် လမ်းကြောင်းမှ
မိမိ၏ကိုယ်ကို ကာကွယ် ထိန်းသိမ်းရမည်ဖြစ်သည်။
အလားတူ မြင်တွေ့ရသော
ရုပ်ပိုင်းဆိုင်ရာ လုပ်ရှားမှုသဏ္ဍာန်များ၏ အခြားတစ်ဖက် တွင်ရှိသော
မမြင်မတွေ့ရသည့် စိတ်ပိုင်းဆိုင်ရာ နှလုံးသားတွင် တစ်ပါးတည်းသော ဖန်ဆင်း
ရှင်၏်အသိစိတ်ဖြင့် ဘ၀ရှင်သန်နှိုင်ရေးကို နှလုံးသွင်း၍ မိမိ၏စိတ် ဓါတ်ကို
ဖွံ့ဖြိုးတိုးတက်စေ ရန် အစဉ်မပြတ်ကြိုးပမ်းအားထုတ်ရမည်။
လူသား၏အောင်မြင်မှုကို အညွန့်တုံးစေသော မာန ထောင် လွှားမှု၊ ဘ၀င်မြင့်မှု၊
ကြွားဝါလိုမှု၊ မနာလိုဝန်တိုမှု၊ လောဘ၊ ဒေါသ၊ မောဟ၊အတ္တ တဏှာဆိုသည့်
စိတ်ပိုင်းဆိုင်ရာ ရောဂါများကို စင်ကြယ်သန့်ရှင်းစေရန် ကြိုးပမ်းအားထုတ်
ရမည့် တာဝန်မှာ မွတ်စလင်မ်များအတွက် မရှိမဖြစ်လို အပ်သော ရေသောက်မြစ်
ကြီးကဲ့သို့ အရေးပါလှသည့် တာဝန်များဖြစ် ပေသည်။
အမှန်တကယ် ““ ဒီန် ””
အစ္စလာမ့်ဘ၀တည်ဆောက်မှု လမ်းစဉ်ကြီးတစ်ခုလုံးတွင် အဓိကကျသော ဆောင် ရွက်ရမည့်
အချက်မှာ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊
ကိုယ်ကျင့်တရား ကောင်းမွန်မှုဟူသည့် ကျမ်းမြတ်ကုရ်အာန်၏ လမ်းညွှန် မှုကို
တမန်တော် မြတ်က စံပြအကောင်အထည်ဖေါ်ပြသော ပုံစံခွက်ထဲသို့
မိမိတို့၏ကိုယ်စိတ်နှလုံး သုံပါးစလုံးကို ထည့်သွင်း သွန်းလောင်း ပုံဖေါ်ရမည်
ဖြစ်သည်။
အစ္စလာမ့်ပြဌာန်းချက် ဥပဒေများသည်
လူသားများအတွက် ပေါ့ပါးစေသော တာဝန် များဖြင့်သာ နှောင်ဖွဲ့ထားပါသည်။
ကာလံဒေသံအရ ခေတ်တိုင်းနှင့်လည်း အံဝင်၍ လိုက် လျောညီထွေရှိသော ခေတ်မှီသည့်
စနစ်ကြီးဖြစ်သည်။ လူတစ်ယောက်၏ ထမ်းဆောင်နိုင် သောဝန်ထက်ပို၍
တာဝန်ပေးထားခြင်း အလျဉ်းမရှိသကဲ့သို့ မည်သည့်ကျဉ်းကြပ်မှု တစ်စုံတစ်ရာမျှ
မရှိကြောင်း ကိုလည်း ကျမ်းမြတ်ကုရ်အာန်တွင် အကြိမ်ကြိမ် မိန့်ဆိုထားပါသည်။
မွတ်စလင်မ်များအတွင်း
ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်းပြီး၊ အမျိုးသားများ ခြေမျက် စေ့ဖုံးသည်အထိ
ဝတ်စားဆင်ယင် မှုအပေါ် ကွဲကွဲပြားပြား တိတိကျကျ သိရှိနိုင်ရန် ဗူခါရီကျမ်း၊
မွတ်စလင်မ်ကျမ်းနှင့် ထိုကျမ်းများကို အကျယ်ဖွင့်ဆိုသော အိမာမ်
အစ်ဗနေဟဂျရ်၊ အိမာမ်န ၀ါဝီတို့အပြင် သိရ်မီဇီကျမ်းကို အကျယ်ဖွင့်ဆိုခဲ့သော
ဟာဖစ်အိရာကီတို့၏ ဖွင့်ဆိုသုံးသပ်ချက် များ အား မူရင်းအတိုင်းဖေါ်ပြခဲ့ခြင်း
ဖြစ်ပေသည်။
ဖေါ်ပြပါဟဒီဆ်များကို ဖွင့်ဆိုရာ၌ တတ်သိနားလည်ရမည့် ပညာရပ်များနှင့် ၀တ်စားဆင်ယင်မှု ကဏ္ဍများအကြောင်းကို အီဂျစ်နိုင်ငံအလ်အဇ်ဟရ်
အစ္စလာမ့်တက္ကသိုလ်ပါမောက္ခဟောင်း၊ လက်ရှိ (ကာတာတက္ကသိုလ်၌ ““
စီရဟ်နှင့်ရှရီယာ ”” ဌာန တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသော ““
ဒေါက်တာ ယူဆွဖ်ကရ်ဒွါဝီ ”” ၏ (ကိုက်ဖာနသအားမေလို မအာ စွန္နအ်
သွလ်နဗ၀ီယားဟ်) (ခေါ်) ““ တမန်တောမြတ်၏ စွန္နဟ်များနှင့်ဘ၀တည်ဆောက်ကြစို့””
အရဗီမူရင်းကျမ်းမှ မြန်မာမှုပြု၍ တင်ပြခဲ့ခြင်းဖြစ်သည်။
မွတ်စလင်မ်ကျမ်းကို အကျယ်ဖွင့်ဆိုသူ
အိမာမ်န၀ါဝီသခင်မှာ ဟစ်ဂျရီ (၆၃၁-၆၇၆) ဖြစ်သည်။ ဗူခါရီကျမ်းကို ဖသ်ဟွလ်ဘာရီ
ကျမ်းအဖြစ် အကျယ်ဖွင့်ဆိုသူ အိမာမ်ဟာဖစ်အစ် ဗနေဟဂျရ်သခင်မှာ ဟစ်ဂျရီ
(၇၇၃-၈၅၂)ဖြစ်သည်။ ၄င်းတိှု့နှစ်ဦးတို့ ၏ ခေတ် ကာလသည် တစ်ဦးနှင့်တစ်ဦး
နှစ်ပေါင်းတစ်ရာ့ငါးဆယ်နီးပါး ကွာခြားသူများ ဖြစ်သော်ငြားလည်း၊ ၀တ်စား
ဆင်ယင်မှုဆိုင်ရာ ဟဒီစ်များကို ဖွင့်ဆိုရာတွင် ၄င်းတို့နှစ်ဦးစလုံး၏
သဘောထားအမြင်မှာ တူညီလျှက်ရှိနေသည်ကိုမြင်တွေ့ ရပေသည်။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)
No comments:
Post a Comment