Friday, 20 February 2015

မိမိနှုတ်လျှာထိန်းသိမ်းပါ

မိမိနှုတ်လျှာထိန်းသိမ်းပါ
================
အလ္လာဟ်အသျှင်မြတ်ချီးမြှင့်ထားသော မရေမတွက်နိုင်သည့် နေ့အ်မသ်စည်းစိမ်းများ
ထဲတွင်နှုတ်လျှာသည်လည်း အလွန်အဖိုးတန်
သောနေ့အ်မသ်တစ်ခုတွင် အပါအဝင်ဖြစ်လေ
သည်။ထိုနှုတ်လျှာသည် ခန္တာကိုယ်အစိတ်အ
ပိုင်းများ၏ခေါင်းဆောင်ဆိုရင်လည်းဖြစ်ပေသည်။လူသားသည် ထိုနှုတ်လျှာ၏ အကြောင်းခံဖြင့်
တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှု၊မုန်းတီးမှု၊သောက၊
ဝေဒနာ၊ခံစားမှုအစရှိသည်တို့ကို နားလည်
သဘောပေါက်နိုင်ပေသည်။
လူသား၏ခန္တာကိုယ်တွင် ဤမပြောပါးလောက်
သောအစိတ်အပိုင်းလေး၏အရေးပါအရာ
ရောက်မှုကိုစဉ်းစားတွေးခေါ်နိုင်ပေသည်။
ထို့ပြင်အရသာကို မြည်းစမ်းရာတွင်လည်း ထိုနှုတ်လျှာအပေါ်၌သာမူတည်နေပေသည်။
နှုတ်လျှာမရှိဘဲမည်သည့်အစား အသောက်ကိုမ
ဆိုအရာသာသိရှိနိုင်မည်မဟုတ်ပေ။
ထိုနှုတ်လျှာ၏ထွက်သောစကားတစ်ခွန်းကြောင့်
မိတ်ဆွေမှရန်သူ။ရန်သူမှမိတ်ဆွေ အဖြစ်သို့
ပြောင်းလဲနိုင်ပေသည်။နှုတ်လျှာကြောင့်ပင့်
အလွန်တရာကြီးမားသောပြဿ နာများကို
ဖြစ်ပေါ်စေနိုင်သလို ကြည်နူးဖွယ်ငြိမ်းချမ်းသာ
ယာမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
ထို့ပြင် သာသနာရေးရာကိစ္စများတွင်လည်း
ထိုနှုတ်လျှာ၏အသုံးဝင်အရေးပါမှုကိုမြင်တွေ့နိုင်
ပေသည်။ကလီမဟ်သက်ဝင်ရုံကြည်ရာ၌နှုတ်မှ
ဖွင့်ဟဝန်ခံပြောဆိုခြင်းမရှိလျှင် အီမန်သက်ဝင်
ရုံကြည်မှုအထမမြောက်နိုင်ပေ။ထိုနှုတ်လျှာ၏
အကြောင်းခံဖြင့် လူသားကို ဂျန္နသ်၊ဂျဟန္နမ်၏
စီရင်မှုဖြစ်ပေါ်စေသည်။ခန္တာကိုယ်ရှိနှလုံးသားနှင့်
ဦးနှောက်သည်လူသား၏ခန္တာကိုယ်တစ်ခုလုံးကို
ထိန်းချုပ်ထားလေသည်။ထိုအရာများအပေါ်၌သာလူသား၏ကောင်းခြင်းဆိုးခြင်းသည်မူတည်
နေပေသည်။ဦးနှောက်နှင့်နှလုံးသား၏ကောင်း
ခြင်းဆိုးခြင်းများကိုနှုတ်လျှာမှတဆင့်သိရှိနိုင်ပေ
သည်။ထိုအရာများကောင်းမည်ဆိုလျှင်နှုတ်လျှာ
လည်းကောင်းမည်။ထိုအရာများညစ်ညမ်းမည်ဆိုလျှင်နှုတ်လျှာလည်းညစ်ညမ်းမည်ဖြစ်သည်။
ထို့ကြောင့်ပင်ရန်သူနှင့်မိတ်ဆွေ၊ဖြူ စင်သူနှင့်
ယုတ်ညံ့သူ၊မို့အ်မင်န်နှင့်ကာဖိရ်တို့၏နှုတ်လျှာ
များကွဲပြားခြားနားမှုမှာဤအတွက်ကြေင့်ပင်ဖြစ်
ပေသည်။ထိုကြောင်ပင်လူတစ်ဦး၏နှုတ်လျှာမှထွက်သောစကားသည်၎င်းသူ၏ကိုယ်ကျင့်တရား၊သိက္ခာ၊သမာဓိစသည်တို့ကိုညွန်ပြပေးနေ
သည်။ပမာဆိုသော်လူတစ်ဦး၏နှုတ်လျှာသည်
၎င်းသူ၏ကိုယ်ကျင့်တရားကိုမှတ်ကျောက်တင်
ပေးသောအရာပင်ဖြစ်သည်။
အချုပ်ဆိုရသော်နှုတ်လျှာသည်အလ္လာဟ်အသျှင်
မြတ်ချီးမြှင့်ထားသောအလွန်တရာကြီးကျယ်လှ
သည့်နေ့အ်မသ်စည်းစိမ်တစ်ခုဖြစ်ပေသည်။
သို့ပါသောကြောင့်အလ္လာဟ်အသျှင်ချီးမြင့်ထား
သောနေ့အ်မသ်တော်တွေကိုအလ္လာဟ်အသျှင်
လမ်းညွန်ပြသထားသောပုံစံဖြင့်နည်းစနစ်တကျ
အသုံးပြု ရန်အရေးကြီးပေသည်။သို့မဟုတ်ပါက
အလ္လာဟ်အသျှင်ချီးမြှင့်ထားသောနေ့အ်မသ်
တော်ကိုတလွဲအသုံးပြု ခြင်းသည်အလ္လာဟ်
သျှင်မြတ်၏ချီးမြှင့်မှုကိုကျေးဇူးကန်းရာရောက်ပေ
သည်။ထိုအတိုင်းပင်နှုတ်လျှာတင်သာမက
ခန္တာကိုယ်ရှိအသိတ်အပိုင်းများအားလုံးကို
အလ္လာဟ်အသျှင်မနှစ်မြို့သောအပြုအမှုများမှ
ရှောင်ကျ ဉ်ရန်အထူးပင်အရေးကြီးပေသည်။
အဘယ့်ကြောင့်ဆိုသော်ကျမ်းမြတ်ကုရ်အာန်
တွင်အလ္လာဟ်အရှင်အမိန့်ရှိသည်မှာ
انّ السّمع والبصر والفؤاد کلّ اولآئک کان عنہ مسئولاً
မုချဧကန်နား၊မျက်စိ၎င်းနောက်နှလုံသား၊ထိုအရာများနှင့်စပ်လျှင်း၍စစ်ဆေးမေးမြန်းခြင်းခံရပေမည်။
အလ္လာဟ်အသျှင်မြတ်ထံတော်တွင်ကျွန်ုပ်တို့၏
စကားတစ်လုံးတိုင်းတစ်လုံးတိုင်းကိုစာရင်းအင်း
ရှိနေပေသည်။ကေယာမသ်ကမ္ဘာ့တရားခွင်နေ့
တွင်ထိုစာကားများနှင့်ပက်သက်၍စာရင်းအင်း
စစ်ဆေးခြင်းကိုခံရပေမည်။
အလ္လာဟ်အသျှင်အမိန့်ရှိသည်မှာ
مایلفظ من قول الاّ لدیہ رقیب عتید
လူသားသည်မည်သည့်စကားကိုမှမြွက်ဟသည်
ဟူ၍မရှိပေ။သို့ရာတွင်ချောင်းမြေင်းနေသူတစ်ဦး
၎င်း၏အနီးတွင်ရှိနေပေသည်။
ကျွန်ုပ်တို့သည်မိမိစိတ်ထင်ရာစကားများကိုဆင်
ခြေတုံတရားမဲ့စွာပြောဆိုနေပေသည်။တစ်ခါ
တစ်ရံမိမိပြောဆိုလိုက်သောစကားသည်ဘယ်အတိုင်းအတာဘယ်အခြေအနေကိုရောက်ရှိသွားသည်ကိုသတိမပြုမိပေ။မပြောပါးလောက်
သောစကားတစ်ခွန်းသည်လူသားကိုဂျန္နသ်သုခဘုံနန်းသို့ပို့ဆောင်ပေးနိုင်သလိုဂျဟန္နမ်အပယ်ငရဲဘုံသို့လည်းပို့ဆောင်ပေးနိုင်သည်။
နှုတ်လျှာကိုထိန်းသိမ်းခြင်း၏အကောင်းဆုံး
သောနည်းလမ်းမှာမိမိပြောဆိုမည့်စကားကို
မပြောဆိုမည်အလျှင်ထိုစကား၏အနက်
အဓိပ္ပါယ်မှာ မည်သည့်အတိုင်းအတာသို့ရောက်
ရှိသွားမည်ကိုကောင်းစွာစဉ်းစားပြောဆိုသင့်
သည်။စကားမပြောမှီအလျှင်စဉ်းစားပါပြီးမှပြောဆိုပါ။သို့မဟုတ်ပါကတိတ်တဆိတ်နေလိုက်ခြင်း
သည်အကောင်းဆုံးဖြစ်သည်။
တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာ
အကြင်သူသည်အလ္လာဟ်အသျှင်မြတ်နှင့်အာခိရသ်တမလွန်ဝအပေါ်အီမန်သက်ဝင်ယုံကြည်ထားသူဖြစ်လျှင်စကားပြောဆိုသောအခါ
ကောင်းသောစကားကိုပြောဆိုပါ။သို့မဟုတ်ပါကနှုတ်ဆိတ်နေလိုက်ပါ။(ဗုခါရီကျမ်း)
မိမိနှုတ်လျှာ မှထွက်သောစကားသည်တစ်ခါ
တစ်ရံကြီးမားသောပြဿ နာများကိုခေါ်ဆောင်
သွားနိုင်သလိုတစ်ခါတစ်ခါတစ်ရံငြိမ်းချမ်းသာ
ယာမူဖက်သို့ခေါ်ဆောင်သွားနိုင်သည်။
သို့ပါ၍မိမိပြောဆိုလိုက်သောစကားသည်ပြဿ နာဖက်ကိုခေါ်ဆောင်သွားသောစကားဖြစ်မည်လားအကျိုးဖြစ်ထွန်းမည့်စကားဖြစ်မည်လားဆိုသည်ကိုမပြောခင်အလျှင်စဉ်းစားသုံးသပ်သင့်
ပေသည်။တစ်ခါတစ်ရံမိမိပြောဆိုလိုက်သော
စကားတစ်ခွန်းကြောင့်တစ်ဖက်လူမှာထိခိုက်နစ်နာဆုံးရှုံးသွားမည်ကိုကောင်းစွာစဉ်းစားတွေးခေါ်
သင့်ပေသည်။ထိုနှုတ်လျှာသည်ပင်လျှင်မိမိ၏
ကိုယ်ကျင့်တရား၊သစ္စာသမာဓိ၊အကျင့်သီလကို
မှတ်ကျောက်တင်ပေးသောအရာဖြစ်သည်ကို
ကောင်းစွာသတိပြု သင့်သည်။
ထိုအတွက်ကြောင့်မိမိ၏နှုတ်လျှာကိုထိန်းသိမ်း
ရန်အထူးပင်အရေးကြီးပေသည်။
ကျွန်ုပ်တို့အားလုံးမိမိတို့၏နှုတ်လျှာများကိုထိန်း
သိမ်းနိုင်စွမ်းချီးမြင့်ပေးသနားတော်မှုပါစေ။
အများအတွက်အကျိုးရှိသောစကားများကိုပြောဆိုနိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါစေ။

မော်လ၀ီနူးရ်အဟ်မဒ်(ခ)မင်းထက်အောင်
Copy By Facebook အစ္စလာမ့် အခြေခံ ပညာရေး
ဆရာစည်

No comments:

Post a Comment