အီမာန်လန်းဆန်းစေရန်
========================
*** ဟဇရသ်အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အားဆွ် (ရေဿွ့ယ လ္လာဟုအန်ဟ်)
သခင်ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ်လလ္လားဟု အလိုင်းဟိ
ဝ စလ္လမ်) ကအမိန့်ရှိတော်မူသည်။ “အ၀တ်အထည်များ ဟောင်းနွမ်းသွားသကဲ့သို့
အသင်တို့၏ စိတ်နှလုံးသားများတွင် အီမာန်သည်လည်း ဟောင်းနွမ်း(အားနည်း)
သွားတတ်သည်။
သို့ရှိရာ အသင်တို့၏ စိတ်နှလုံးသားများတွင်
အီမာန် အမြဲလန်းဆန်းနေစေရန် ဒုအာပြုကြလေကုန်။
” (ဟာကင်မ်ကျမ်း/မွန်သခဗ်အဟာဒီးစ်ကျမ်း)
*** ဟဇရသ်အဘူဟုရိုင်ရဟ်(ရသွေ့ယလ္လားဟုအန်ဟ်)
သခင်ကဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွလ်လလ္လားဟအလိုင်းဟိ ဝ
စလ္လမ်)ကမိန့်တော်မူသည်။ မိမိတို့၏ အီမာန်ကို
လန်းဆန်းအောင်ပြုကြကုန်။ထိုအခါလူတို့က “ ယာ ရစူလလ္လာဟ်… ကျွန်ုပ်တို့
အဘယ်နည်းဖြင့် မိမိတို့ အီမာန်ကို လန်းဆန်းအောင်ပြုရပါမည်နည်း” ဟု
မေးလျှောက်ကြလေရာ တမန်တော်မြတ် (ဆွလ်လလ္လားဟု အလိုင်းဟိ ၀ စလ္လမ်း)က
“လားအိလားဟအိလ်လလ္လားဟ်(အဓိပ္ပါယ်.. အလ္လာဟ်အရှင်မြတ် မှအပ အခြား
ကိုးကွယ်ရာဟူ၍ အလျင်းမရှိ) ကိုများမြောင်စွာ ရွတ်ဖတ်ကုန်” ဟု
ဖြေကြားမိန့်ဆိုတော်မူသည်။
(မွတ်စ်နဒ်အဟ်မဒ်ကျမ်း/သွဗ်ရာနီကျမ်း/မွန်သခဗ်အဟာဒီးစ်ကျမ်း)
No comments:
Post a Comment