ဟဒီစ်သြဝါဒတစ်ပုဒ်တွင်လာရှိသည်မှာ
တမန်တော်မြတ်(ဆွ)သည်အဟ်
လေဗိုင်သ်မိမိ မိသားစုအားအောက်ဖေါ်ပြပါအချက်အလက်များသည်
သူဋ္ဌေးသူကြွယ်ဖြစ်စေသည်ဟုမိန့်ကြားတော်မူခဲ့သည်။
၁။တစ်ဦးနှင့်တစ်ဦးတွေ့ဆုံနှုတ်ဆက်ခြင်း
၂။အလ္လာဟ်လမ်းတော်၌ဂျေဟာဒ်တိုက်ပွဲဝင်ခြင်း
၃။ဖဂ်ျရ်နမာဇ်နောက်ပိုင်းမအိပ်ဆက်ခြင်း
၎။တမလွန်အာခေရသ်လောကုတ္တရာကိုဒွန္နယာ
လောကီထက်ဦးစားပေးခြင်း
၅။ဖဂ်ျရ်နမာဇ်နှင့်အေရှာနမာဇ်ကိုစွဲမြဲစွာဖတ်ခြင်း
၆။မိသားစုအားနမာဇ်ဖတ်ရန်တိုက်တွန်းနှိုးဆော်
သတိပေးခြင်း
၇။မိမိကိုယ်တိုင်အေဗါဒသ်ခဝပ်ကိုးကွယ်မှုတွင်
မွေ့လျှော်နေခြင်း
၈။ကြာသပတေးနေ့နှင့်သောကြာညများတွင်ပိုမို
၍တောင်းဆုဒိုအာပြုခြင်း
၉။အလွဲသုံးစားမှုမပြုဘဲမှန်ကန်တိကျစွာပေးအပ်ခြင်း
၁၀။ရိုဇီရိက္ခာရှာဖွေရာတွင်သည်းခံခြင်းတရား
လက်ကိုင်ထားပြီး ဆန္ဒမစောခြင်း
၁၁။အလ္လာဟ်အရှင်မြတ်အပေါ်အပြည့်အဝယုံ
ုံကြည်ကိုးစားခြင်း
၁၂။ရှောင်ကြည်တရားရင်ဝယ်ပိုက်ထားခြင်း
၁၃။မိမိအိမ်တံခါးဝတွင်တောင်းဆုဒိုအာပြုခြင်း
၁၄။နံနက်စောစောအိပ်ရာထခြင်း
၁၅။အလှူဒါနများမြှောင်စွာပြုခြင်း
၁၆။ဧည့်သည်ကိုဂုဏ်ပေျးလးစားခြင်း
၁၇။ရှဗေဗရားအသ်ညမြတ်တွင်တောင်းဆုဒိုအာ
များစွာပြုခြင်း
၁၈။ကျအ်းမြတ်ကုရ်အာန်ကိုရိုသေလေးစားခြင်း
၁၉။'အာရှုရာနေ့'တွင်မိသားစုအပေါ်ချောင်လည်
စွာသုံးစွဲခြင်း
၂၀။မိသားစုနှင့်ကြင်နာယုယစွာဆက်ဆံခြင်း
၂၁။မိဘနှစ်ပါးအတွက်အလှူဒါနပြုခြင်း
၂၂။အလ္လ်ာအရှင်မြတ်အားနှလုံးသည်းပွတ်မှ
ကြောက်ရွံခြင်း
၂၃။ရက်ရောသောအလေ့အထမွေးမြူခြင်း
၂၄။အကုသိုလ်ဒုစရိုက်များမှရှောင်ကြဉ်ခြင်း
၂၅။မုသားပြောဆိုခြင်းနှင့်လိမ်လည်၍သက်သေ
ထွက်ဆိုခြင်းမှရှောင်ကြဉ်ခြင်း
၂၆။မကောင်းမှုဟူသရွေ့မှရှောင်ကြဉ်ခြင်း၊အထူး
သဖြင့်'ဇေနာ'ကာမေသုမိစ္ဆာကံကျူးလွန်ခြင်းမ
ှ ရှောင်ကြဉ်ခြင်း
၂၇။အာဇန်သံကိုကြားရသောအခါအဖြေပေးခြင်း
၂၈။မှန်ကန်သောစကားကိုပြောဆိုခြင်း
၂၉။လောကီရမက်တို့အားစွန့်လွှတ်ခြင်း
၃၀။မစားသောက်မီအလျင်မိမိလက်ကိုဆေးကြော
ခြင်း
၃၁။စားသောက်ပြီးနောက်အလ္လာဟ်အရှင်မြတ်အား
ကျေးဇူးတင်ခြင်း
၃၂။အေရှာနမာဇ်ကိုဂျမာအသ်နှင့်ဖတ်ခြင်း
စသည်အချက်များသည်ချမ်းသာ
ကြွယ်ဝစေပြီးဥစ္စာပစ္စည်းတိုးပွားစေသောအချက်များပင်ဖြစ်သည်။
မော်လ၀ီနူရ်အဟ်မဒ် @ Ahmad Mgk
No comments:
Post a Comment