Sunday, 8 March 2015

လုပ်​ရပ်​တိုင်းမှာ နီယသ်​ကအ​ရေးကြီးသာ

အမလ်၏အစားသည်နီယသ်ပေါ်တွင်သာမူတည်သည်

ဟဇရသ်အုမရ်ဗင်န်ခသ်သွားဗ်{ရသွေ့}သခင်ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သခင်{ဆွ}အမိန့်ရှိတော်မူသည်ကို ကြားခဲ့သည်။ " အမလ်ကောင်းမှုကုသိုလ် အားလုံး၏အစားသည် ၎င်း၏နီယသ် [ စိတ်စေတနာ ] အပေါ်၌သာမူတည်လေသည်။ ထို့နောက် လူသားသည် မိမိထားရှိခဲ့သော နီယသ်[ စိတ်စေတနာ ] အတိုင်းသာ ရရှိခံစားရမည် ဖြစ်သည်။ သို့ရာတွင်လူသားသည် အလ္လာဟ်{ဆွဗ်ဟားနာဟူဝသအာလာ} နှင့် အရှင့်ရစူလ် အတွက်ရည်စူး၍ ဟဂ်ျရသ် ပြုပြောင်းရွှေ့ခဲ့လျှင် ဆိုလိုသည်မှာ အရှင်မြတ် နှင့် အရှင့်ရစူလ် ကျေနပ်နှစ်သက် စေရန် ရည်စူးချက်မှတပါး အခြားမည်သည့် ရည်စူးချက် ဆန္ဒတစုံတရာ မပါရှိဘဲ ဟိဂ်ျရသ် ပြုပြောင်းရွှေ့ခဲ့လျှင် ထိုသူ၏ ဟိဂ်ျရသ် ပြောင်းရွှေ့ မှုသည် အလ္လာဟ်{ဆွဗ်ဟားနာဟူဝသအာလာ} နှင့် အလ္လာဟ် ရစူလ်အတွက်ဖြစ်သွားပေမည်။ ဆိုလိုသည်မှာ ထိုသူသည် ထိုဟဂ်ျရသ် ၏စဝါဗ်[ကုသိုလ်]ကိုရရှိမည်။ အကြင်သူသည် လောကိတစုံတရာ သို့မဟုတ် အမျိုးသမီးတဦး နှင့် နေကာဟ် [ထိမ်းမြားလက်ထပ်]မှုပြုရန် ဟိဂ်ျရသ် ပြုပြောင်းရွှေ့ခဲ့လျှင်မူ < ထိုသူ၏ ဟဂ်ျရသ် ပြာပြောင်းရွှေ့ မှုသည် အလ္လာ အရှင် နှင့် အလ္လာဟ် ရစူလ် အတွက်မဟုတ်တော့်ချေ > အခြားသော နီယသ်ဆန္ဒ တစုံတရာ အတွက်ဖြစ်သွားပေသည်။ < အရှင်မြတ်ထံတွင် ထိုသူ၏ ဟိဂ်ျရသ်ပြောင်းရွှေ့မှုသည်လည်း ဤ မက်ဆန္ဒ အတွက်သာ ဖြစ်ကြောင်း သတ်မှတ် လက်ခံတော်မူမည် ဖြစ်သည်။

( ဗိုခါရီ ကျမ်း )

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment