Sunday, 22 March 2015

နမာဇ်၏ ၀ါဂျစ်ဗ်အချက်များ

နမာဇ်ဖတ်ရာတွင် အချို့မှာ ဖရဇ်ပ်ဖြစ်၍ အချို့မှာ ၀ါဂျစ်ဗ်၊
အချို့မှာ စွန္နသ် ၊ အချို့မှာ မွတ်စ်သဟဗ် အသီးသီးဖြစ်ကြပေ၏ ။
၎င်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်

(9)​ပါးသောအရာသည် နမာဇ်တွင် ၀ါဂျစ်ဗ်ဖြစ်၏  ။

နမာဇ်၏ ၀ါဂျစ်ဗ်အချက်များ

၁။ ရကအသ်တိုင်းတွင် စူရဟ်ဖွာသီဟာဖတ်ခြင်း ။

၂။ ဖရပ်ဇ်နမာဇ်၏ ပထမနှစ် ရကအသ်တွင် စူရဟ်ဖွာတော်ကြီး
တစ်ပုဒ်ကို သို့မဟုတ်အာယသ်ပုဒ်ကို ရွတ်ဖတ်ခြင်း ။

၃။ ကောင်မာဟ် (၀ါ) ရူကုအ်မှ ပြန်ရပ်ခြင်း ။

၎။ ဂျလ်ဆာ (၀ါ) စဂ်ျဒဟ် နှစ်ခုကြားတွင် ညင်သာစွာထိုင်ခြင်း ။

၅။ သအ်ဒီလေအရ်ကာန် (၀ါ) ရုကုအ်စဂ်ျဒဟ် စသည်များကို
ဖြည်းညင်းစွာပြုခြင်း ။

၆။ သုံးရကအသ် လေးရကအသ် အစရှိသော နမာဇ်များတွင်
နှစ်ရကအသ်အပြီး အရှဟ်ဟွဒ် (၀ါ) အသ်သဟီယာသ် ဖတ်ရုံမျှ
ထိုင်ခြင်းနှင့် အသ်သဟီယာသ်ဖတ်ခြင်း ။

၇။ သရှဟ်ဟွဒ် ဖတ်ပြီးလျှင် တတိယရကအသ်အတွက် မတ်တပ်ရပ်ခြင်း ။

၈။ ၀ိသိရ်နမာဇ်၏ နောက်ဆုံးရကအသ်တွင် ဒိုအာကုနူသ်ဖတ်ခြင်း ။

၉။ နမ်ာဇ် အဆုံးသတ်ခြင်းငှာ အပ်စလာမုအလိုင်းကွမ်
ဝရတ်အသွလ္လာအက္ခရာကို ဆိုခြင်း ။

အကယ်၍ ဖော်ပြပါ ၀ါဂျစ်ဗ် အချက်များအနက် တစ်စုံတစ်ရာ ကျန်ရစ်သွားမူ
သို့မဟုတ် ဆောင်ရွက်ရာ၌ ကြန့်ကြာသွားမှုအတွက်

စဂ်ျဒဟ်စဟူပြုရန် ၀ါဂျစ်ဗ်ဖြစ်၏ ။
မပြုလုပ်လျှင် နမာဇ်မပိုင်ပေ ။ ထပ်မံ ဖတ်ရမည် ။

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment