Sunday, 22 March 2015

နမာဇ်၏ ဖရပ်ဇ်အချက်အလက်များ

နမာဇ်ဖတ်ရာတွင် အချို့မှာ ဖရဇ်ပ်ဖြစ်၍ အချို့မှာ ၀ါဂျစ်ဗ်၊
အချို့မှာ စွန္နသ် ၊ အချို့မှာ မွတ်စ်သဟဗ် အသီးသီးဖြစ်ကြပေ၏ ။
၎င်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
ခြောက်ပါးသောအရာသည် နမာဇ်တွင် ဖရပ်ဇ်ဖြစ်၏ ။

၁။ နိယသ်ပြုသောအခါ အလ္လဟုအပ်က်ဗရ် ရွတ်ဆိုခြင်း ။

၂။ ကိုယာမ် – ဖရ်ဇ်နှင့် ၀ါဂျစ်ဗ်နမာဇ်များကို မတ်တပ်ရပ်၍ ဖတ်ခြင်း ။

၃။ ကိရအသ် (၀ါ) ကျမ်းမြတ်ကုရ်အာန်၏ အာယသ်သော်လည်းကောင်း ၊
စူရဟ်သော်လည်းကောင်းဖတ်ခြင်း ။

၎။ ရုကုအ်ဦးညွတ်ခြင်း ။

၅။ စဂျဒဟ်နှစ်ကြိမ်ဦးချခြင်း ။

၆။ နောက်ဆုံး ကိုင်ဒါအထိုင်တွင် အသ်အဟီးယာသ်ဖတ်ရုံခန့်မျှ ထိုင်ခြင်း။

အကယ်၍ ဖော်ပြပါ အချက်အလက်များအနက် အချက်တစ်ချက်ကိုပင်
သိပါလျက်သော် လည်းကောင်း၊ မေ့မှား၍သော်လည်း ကောင်း
လွတ်ကျန်ခဲ့သော် နမာဇ် ပြီးမြောက်မည် မဟုတ်ချေ ။

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment