အီမန်ဟူသော အာရဗီ ဘာသာစကား၏ အဓိပ္ပာယ်ကား သဒ္ဒါယုံကြည်မှုပင်ဖြစ်သည်။
အလ္လာဟ်
အရှင်အား အကြွင်းမဲ့ယုံကြည်ခြင်းမှု ကိုဆိုသည်၊
အလ္လာဟ် အရှင်ကို ယုံကြည်သဖြင့် ထိုအရှင်ကို
နာခံတဲ့အခါ မွတ်စလင် ဖြစ်သွားတော့သည် ၊
ဤသို့ဖြင့် အစ္စလာမ် နှင့် အီမန်တို့မှာ အတူတူပင်ဖြစ်သည် ။
အီမန်ခေါ် သဒ္ဒါယုံကြည်မှုမရှိလျှင် မွတ်စလင် တစ်ဦးမဖြစ်နိုင်ပေ ၊
အစ္စလာမ် နှင့် အီမန်တို့မှာ သစ်ပင်နှင့်
သစ်စေ့ကဲ့သောပင်တည်း ၊ အီမန် မပါရှိဘဲ အစ္စလာမ်မဖြစ်နိုင်ချေ။
အီမန်ယုံကြည်မှု ၇ မျိုးရှိသည်
အောက်ပါတို့ဖြစ်၏
၁။ အလ္လာဟ် အရှင်ကို ယုံကြည်ခြင်း။
၂။ ကောင်းကင်တမန်တို့ကို ယုံကြည်ခြင်း။
၃။ တမန်တော်တို့ကိုယုံကြည်ခြင်း။
၎။ အလ္လာဟ် အရှင်တော်၏ ကျမ်းတော်များကို ယုံကြည်ခြင်း။
၅။ တမန်လွန်ဘ၀ကို ယုံကြည်ခြင်း။
၆။ ကောင်းမှု မကောင်းမှုတို့သည် အလ္လာမ် အရှင်ထံမှကျလာသည်ဟုယုံကြည်ခြင်း။
၇။ သေပြီးနောက် တဖန်ရှင်သန်ထမြောက်ကာ အလ္လာဟ် အရှင်မြတ်ရှေ့တော်၌
စစ်မေးခြင်းခံရမည်ကိုယုံကြည်ခြင်း ၊ အီမန်ယုံကြည်မှုမရှိသူအား
ငြင်းပယ်ခြင်း (သို့မဟုတ်) ကာဖိရ်များဟုခေါ်သည်
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Monday, 9 March 2015
အစ္စလာမ် နှင့် အီမန် (2)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment