Saturday, 28 March 2015

ကုရ်အာန်၊ ဟဒီးဆ်တော်လာ မိဘနှစ်ပါး၏ အဆင့်အတန်း

၁။ မိခင် နှင့် ဖခင် သည် အစားမရနှိင်သည်. အလ္လာဟ်အရှင်မြတ်၏
နေအ်မသ်စည်းစိမ်တော်ဖြစ်သည်။
( ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်း )

၂။ မိခင် နှင့် ဖခင် မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက်
ဒိုအာတောင်းခံရန် အလ္လာဟ်အရှင်မြတ်က အထူး
မိန့်ကြားတော်မူထားသည်။ ( စူရာဟ် ဗနီအစ္စရာအီးလ် )

၃။ မိခင် နှင့် ဖခင် တို့က သားသမီးများအဖို. တောင်းခံသောဒိုအာကို
မိခင်ဖခင်များ ဘာသာခြားများ ဖြစ်လင့် ကစား
အလ္လာဟ်အရှင်မြတ်က မုချလက်ခံတော်မူသည်။ ( ဗုခါရီကျမ်း )

၎။ မိခင် နှင့် ဖခင် ၏ တောင်းဆုဒိုအာကြောင့်
သက္ကဒီရ်နဖူးစာပင် ပြောင်းလဲသွားနှိင်သည်။ ( သိရ်မိဇီကျမ်း )

၅။ မိခင် နှင့် ဖခင် ၏ ကျေနပ်မူတွင် အလ္လာဟ်အရှင်မြတ်၏
ကျေနပ်မူရှိပြီး မိခင် နှင့် ဖခင်မကျေနပ်ပါက
အလ္လာဟ်အရှင်မြတ်သည်လည်း ကျေနပ်မည်မဟုတ်။ ( ဗုခါရီကျမ်း )

၆။ မိခင် နှင့် ဖခင် ၏ အမိန့်ကိုနာခံခြင်းနှင့် မိဘနှစ်ပါးအား
ပြုစုစောင့်ရှောက်ခြင်းဖြင့် ရိုဇီရိက္ခာပေါကြွယ်ဝ
ပြီး အသက်ရှည်စေ၏။ ( အဟ်မဒ်ကျမ်း )

၇။ မိခင် နှင့် ဖခင် တို.အား ကရုဏာအရှုဖြင့်
တစ်ကြိမ်ကြည့်ခြင်းသည် ကဗူးလ်ပြုလက်ခံခြင်းခံရသော ဟဂ်ျ၏
အကျိုးကုသိုလ်ရရှိလေသည်။ ( ဗိုင်ဟကီကျမ်း )

၈။ မိခင် နှင့် ဖခင် ၏ ကျေးဇူးသိတတ်သကဲ့သို့ အလ္လာဟ်အရှင်မြတ်၏
ကျေးဇူးကို သိတတ်ရန် အရေးကြီး၏။
( စူရာဟ်လွဟ်က်မာန်၊ အစောင်-၂၀ )

၉။ မိခင် နှင့် ဖခင် ၏ အမိန့်ကို ဖီဆန်သူသည် မသေဆုံးမီအလျင်
ဤဒွန်ယာလောကတွင်လည်း မုချအပြစ်
ဒဏ်ပေးခြင်းခံရမည။် ( ဗိုင်ဟကီကျမ်း )

၁၀။ မိခင် နှင့် ဖခင် တို့၏ ရှေ့မှောက်တွင် ကျိုးနွံစွာနေရန်
အလ္လာဟ်အရှင်မြတ် အမိန့်ပြငှာန်းတော်မူထားသည်။
( စူရာဟ်ဗနီအစ္စရာအီးလ်၊ အစောင်-၁၅)

၁၁။ မိခင် နှင့် ဖခင် တို့၏ အမိန့်ကို ဖီဆန်သူအတွက်
အလ္လာဟ်အရှင်မြတ်က ဂျန္ဒသ်ကို ဟရာမ်ဟု သတ်မှတ်
ထားသည်။ ( ဒါရမီ၊ မွတ်စ်နဒေအဟ်မဒ်၊ နစအီကျမ်းများ )

၁၂။ မိခင် နှင့် ဖခင် တို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ခြင်းသည်
ဂျိဟာဒ်တွင် အသက်ပေးလှူခြင်းထက်
အရေးကြီးသည်။ ( ဗုခါရီ နှင့် မွတ်စ်လင်မ်ကျမ်း )

၁၃။ မိခင် ၏ ခြေဖ၀ါးအောက်တွင် အလ္လာဟ်အရှင်မြတ်၏
အထွတ်မြတ်ဆုံးသော နေအ်မသ်တော်များ
နှင့် ပြည့်စုံသည့် ဂျန္ဒသိရှိသည်။ ( နစအီကျမ်း )

၁၄။ မိခင် အား ပြုစုစောင့်ရှောက်ခြင်းသည် ရစူလွလ္လာဟ် (ဆွ) အား
ဇိယာရသ်ပြုခြင်းဟူသော မြင့်မြတ်
လှသည့် ကိစ္စရပ်ထက် သာပို၍ ဦးစားပေးဆောင်ရွက်ရသော
ကိစ္စရပ်ဖြစ်သည်။

၁၅။ မိခင် ၏ တောင်းဆုဒိုအာကြောင့် အလ္လာဟ်အရှင်မြတ်က
တမန်တော် မူဆာ (ဆွ) အား နူးညံ့စွာ
စကားဆိုတော်မူခဲ့သည်။

۞အလ္လာဟ်အရှင်မြတ် ကျွနှ်ပ်တို့အားလုံးကို မိဘနှစ်ပါးအား
အပြည့်အ၀ နိဒ်မသ်ပြုနှိင်စွမ်းနှင့်
အမိန့်နာခံနှိင်စွမ်း ချီးမြင့်ပေးသနားတော်မူပါစေ။ ( အာမီးန် ) ۞

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment