Monday, 9 March 2015

"ဗစ္စမစ်လ္လာဟ်တော်"၏ နက်နဲမှု

ဗစ္စမစ်လ္လာဟ်တော်၏ နက်နဲမှုကို စဉ်စားကြည့်လျှင်
အရှင်မြတ်၏ ဂုဏ်နာမ်တော် "ရဟ်မာန်"
(အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော)
"ရဟီးမ်" (မပြတ်မစဲ ကရုဏာပြုတော်မူသော)
နာမံတော်နှစ်ပါးကို အစချီကာ ပြုလုပ်သူသည်
မိမိနှလုံးသား၌ ကြည်လင်မှုရှိကြောင်း၊
ရည်ရွယ်ချက်၌ သန့်ပြန့်ကြောင်း၊ ဆန္ဒ၌မြင့်မားကြောင်း၊
တစ်ဆူတည်းသောအရှင်ကိုသာ ကိုးကွယ်ကြောင်း၊
တုပနှိုင်းယှဉ်ခြင်းနှင့်ကင်းဝေးကြောင်း
စသည်များကို လက်တွေ့ဖော်သူတစ်ဦးဖြစ်ကြောင်း
ရုပ်လုံးဖော်ပြသူဖြစ်ပေသတည်း။
လိုရင်းအချက်ကား
(ဗစ္စမစ်လ္လာတော်ထက်သာပို၍ အစွမ်းပြုသော
ရုပ်နာမ်နှစ်ပါးကို မြင့်တင်ပေးသော
"ဇိက်ရ်"ဟူ၍ အခြားမရှိပါ။)

ဟဒီးစေကွဒ်စီတစ်ပုဒ်

တမန်တော်မြတ်(ဆွ)ကိုယ်တော်သည် အဆိုပါ
ဟဒီးဆ်တော်ကို ဂျစ်ဗ်ရာအီလ်(အ)ထံမှ
လည်းကောင်း၊ ၎င်းသည် မီကာအီလ်(အ)ထံမှ
လည်းကောင်း၊ ၎င်းသည် အစ္စရာဖိလ်(အ)ထံမှ
လည်းကောင်း၊ "ကစမ်"အသီးသီး ကြိမ်ဆို၍
မိန့်ကြားထားပေသည်။
အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်
မိန့်ကြားတော်မူသည်။ အို-အစ္စရာဖိလ်၊ ငါအရှင်၏
ဂုဏ်တော်အနန္တ၏ ကစမ်၊ ငါအရှင်၏
ကြီးကျယ်ထွတ်မြတ်ခြင်း၏ ကစမ်၊ ငါအရှင်၏
ရက်ရောတော်မူခြင်း၏ ကစမ်၊ အကြင်သူ
"ဗစ္စမစ်လ္လာဟ်ဟစ်ရ်ရဟ်မာနစ်ရဟီးမ်"ကို
စူရဟ်ဖာသိဟာနှင့်တကွ တွဲ၍ဖတ်ခဲ့သော်၊
ငါအရှင်သည် ထိုသူ၏ အပြစ်များကို ပလပ်ပေးမည်
ဖြစ်ကြောင်း၊ ထိုသူ၏ ကောင်းမှုများကို လက္ခံမည်
ဖြစ်ကြောင်း၊ ထိုသူ၏ နှုတ်လျှာကို ငရဲမီးမှ
ချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း၊ ထိုသူအား
ငရဲမီးဘေးမှလည်းကောင်း၊ သင်္ချိုင်း၏ ပြစ်ဒဏ်များမှ
လည်းကောင်း၊ နောင်တမလွန်၏ ပရိဒေဝ၊
ပူဆွေးမှုများမှ လည်းကောင်း၊ ကာကွယ်ပေးမည်
ဖြစ်ကြောင်း၊ အသင် အစ္စရာဖိလ် သက်သေထူလော့ဟု
အလ္လာဟ်အရှင်မြတ် မြွက်ကြားတော်မူခဲ့ပေသည်။
(ရူဟွလ်ဗယာန်ကျမ်း)

ရစူလ်ကိုယ်တော်မြတ်(ဆွ)နှင့် သူတော်စင်များ၏
ကျင့်စဉ်များသည် ဗစ္စမစ်လ္လာဟ်တော်၏
အရေးပါမှုကို သာပို၍ တောက်ပလင်းပြောင်စေသည်။
တမန်တော်မြတ်(ဆွ)ကိုယ်တော်၏ ဓလေ့တော်၌
စားလျှင်သော်လည်းကောင်း၊ သောက်လျှင်တော်
လည်းကောင်း၊ ဝုဇူပြုလုပ်လျှင်သော်လည်းကောင်း၊
သားကောင်းလှီးဖြတ်လျှင်သော် လည်းကောင်း၊
အချုပ်မှာအလျဉ်း သင့်သည့် ကိစ္စ၌ ရှေ့ပြေးအဖြစ်
စကားချီးပမာ အသုံးပြုခဲ့၏။

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment