Monday, 9 March 2015

အစ္စလာမ် နှင့် အီမန် (1)

အစ္စလာမ် ဟူသောဘာသာစကားမှာ
အာရဗီ ဘာသာစကားဖြစ်၍ `နာခံခြင်း´ဟု အဓိပ္ပာယ်ရ၏ ၊
အလ္လာဟ် အရှင်၏ အမိန်တော်များကို နာခံခြင်းဟု
အဓိပ္ပာယ် ပြန်ဆိုနိုင်မည်ဖြစ်သည်။ အလ္လာဟ်
အရှင်၏ အမိန်တော်များကို
နာခံသော လူသားတို့ကို မွတ်စလင်ဟု ခေါ်သည် ၊

လူသားတို့သည်
သာလျှင်မဟုတ် သေး ၊ နေ ၊ လ၊ နက္ခတ်တာရာ စသော
အခြား သက်ရှိသက်မဲ့ အရာဝတ္ထုအား
လုံးသည် သဘာဝ နိယာမ တစ်ခုခု နှင့်အညီ တည်ရှနေရခြင်း ၊
သွားလာနေရခြင်းတို့ကြောင့်
ယင်းအရာ အားလုံးတို့ကိုလည်း တနည်းအားဖြင့်
မွတ်စလင်များ ဟုခေါ်သည် ၊ အကြောင်းမူကား
ထိုသက်ရှိသက်မဲ့ အရာဝတ္ထုတိုင် လိုက်နာရသောသဘာဝ

၁ ။ တမန်တော် အီဘရာဟိမ်(ပရောဖက် အေဗြဟံ )သည်
အလ္လာဟ် အရှင်၏ အမိန်တော်စကားကို နာခံသူ၏သားကို
ကုရ်ဘာနီ (စွန့်လှူရန်) စီစဉ်သူကို အစွဲပြု၍ အစ္စလာမ
Is Lama ခေါ် စကားလုံးမှ အစ္စလာမ် ဖြစ်လာသည်လည်းဆိုသည်။
နိယာမ အတိုင်း အလ္လာဟ်အရှင်ကပင်
စီမန်ဖန်တီးထားသောကြောင့် ဖြစ်သည်။

အစ္စလာမ်ဘာသာတွင်အခြေခံမှုကြီး ၅ ခုရှိ၏
ယင်းတို့ကား

၁ ။ အလ္လာဟ် အရှင်မှတပါးကိုးကွယ်ဆည်းကပ်ထိုက်သူမရှိ။
၂ ။ တစ်နေလျှင် ၅ ကြိမ်ကျ မှန်မှန် ၀တ်ပြုရခြင်း ။
၃။ ဇကာတ် ဆင်းရဲသားကြေးပေးရခြင်း။
၎။ ရန်မဇန်လ၌ ဥပုသ်သီလ ဆောက်တည်ရခြင်း ။
၅။ ငွေကြေးတတ်နိုင်သူများသည် မိမိတို့ တစ်သက်တာအတွင်း
အနည်းဆုံးတစ်ကြိမ်ခြင်း မက္ကာမြို့
ဟာဂ်ျအိမ်တော်သို့ သွား၍ ဟာဂ်ျပြုရခြင်းတို့ ဖြစ်သည်။

ဆက်​ပါဦးမည်
မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment