ဝူဇူပြုခြင်းသည်အပြစ်ဂိုနာဟ် များမှ လွတ်ငြိမ်းချမ်းသာခွင့် ရရန်
အကြောင်းခံဖြစ်ခြင်း
ဟဒီးစ်တော် တစ်ပုဒ်တွင် ဤသို့လာရှိ၏
အကြင်သူသည် ကောင်းမွန် ကျနသေသပ်စွာဝူဇူပြုလုပ်လျှင် ထိုသူ၏
ခန္ဓာကိုယ်မှ အပြစ်ဂိုနာဟ် ဟူသမျှတို့သည် လက်သည်းများအောက်ကပါ
မကျန်ထွက်သွားသည်ဟု ကိုယ်တော် မြတ် ( ဆွ ) သခင်၏ သြ၀ါဒတော်ကို
ဟဇ်ရသ် အွတ်စ်မာန် သခင် ကဆင့်ပြန်တော်မူခဲ့လေသည် ။ ( ဗုခါရီ - မွတ်စ်လင်မ် )
ဆိုလိုသည်မှာ အကြင်သူသည် ကိုတော်မြတ် ( ဆွ ) သခင်၏
သွန်သင်ပြသလမ်းညွှန်မှုနှင့်အညီ ဂရုတစိုက်လေးစားစွာဖြင့်
သန့်ရှင်းစင်ကြယ်မှုကိုရယူကာ စွန္နသ်တော်နှင့်အညီ ဂရုတစိုက်
ကောင်းမွန်သေသပ်စွာ ၀ူဇူပြုလုပ်လိုက်လျှင် ထိုသူ၏ခန္ဓာကိုယ်
အစိတ်အပိုင်းများနှင့် အတွင်းစိတ်ဓာတ်များပါ
သန့်ရှင်းစင်ကြယ်သွားရုံသာမက ထိုသူသည် အကုသိုလ် ဒုစရိုက်အပေါင်းမှလဲ
သန့်ရှင်းစင်ကြယ်သွားမည်ဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်..။
ဝူဇူပြုသော အင်္ဂါအစိတ်အပိုင်းများသည် ကေယာမသ်နေ့တွင်
ထွန်းလင်းတောက်ပလျှက် ရှိမညှ်ုအကြောင်း
ဟဒီးစ်တော်တခုတွင် ဤသို့လာရှိပေ၏
ငါကိုယ်တော် မြတ်၏အွမ္မသ်များသည် ကေယာမသ်နေ့တွင်ဆင့်ခေါ်ခြင်းခံရပေအံ့ ။
ထိုအခါ ၄င်းတို့၏ခြေလက်မျက်နှာအစရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်းများသည်
လင်းဝင်းတောက်ပလျှက်ရှိပေအံ့ ဟူသော ကိုယ်တော် မြတ်၏သြ၀ါဒတော်ကို
အဗူဟုရိုင်ရဟ်သခင်က ဆင့်ပြန်တော် မူခဲ့ပေသည်..။
ဝူဇူ၏ဖရ်ဇ် ( 4 ) ရပ်
၁ ။ နဖူးဆံမှ မေးအောက်အထိနှင့် တစ်ဖက်နားရင်းမှ
နောက်တစ်ဖက်နားရင်း ထိဆေးကြောခြင်း ။
၂ ။ လက်နှစ်ဖက်ကို တံတောင် ဆစ်အထိဆေးကြောခြင်း ။
၃ ။ ဦးခေါင်း၏ လေးပုံ တစ်ပုံ ကို မစဟ်ပြုလုပ်ခြင်း ။
၎ ။ ခြေထောက်နှစ်ဖက်ကို ခြေ မျက်စိအထိဆေးကြောခြင်း ။
ဝူဇူ၏ဖရ်ဇ်များဆိုင်ရာရှင်းလင်းချက်
ဝူဇူပြုရာတွင်ကိုယ်အင်္ဂါအစိတ်အပိုင်းများပေါ်တွင်
ရေစို၍ရေတစ်စက်နှစ်စက် စီးကျအောင်ဆေးကြောမှသာလျှင်
ဝူဇူအထမြောက်ပေသည် ။
ထိုထက်နည်းလျှင်ဝူဇူပြုလုပ်ရာမရောက်ပေ..။ ဥပမာ...လက်ကိုရေဆွတ်၍
မျက်နှာကိုပွတ်သပ်ရာတွင် ရေသည်မျက်နှာစိုရုံသာစို၍
တစ်စက်မျှပင်စီးမကျပါက မျက်နှာကို ရေဖြင့်ဆေးကြောရာမရောက်ပေ။
ထိုမျှလောက်ပြုခြင်းဖြင့် ၀ူဇူမပိုင်ပေ..။
ဆေးကြောရန် ဖရ်ဇ်ဖြစ်သည့်အစိတ်အပိုင်းတိုင်းကို
တစ်ကြိမ်ဆေးကြောခြင်းသည် ဖရ်ဇ်ဖြစ်၏ ။
သုံးကြိမ်ဆေးခြင်းသည် စွန္နသ် ဖြစ်၍
လေးကြိမ်ဆေးခြင်းသည် မက္ကရူဟ်ဖြစ်သည်။
မျက်နှာသစ်ရာတွင် နဖူးဆံမှမေးရင်းအထိ တဖက်နားရင်းမှ
နောက်တဖက်နားရင်းအထိကောင်းမွန်စွာဆေးကြောရမည် ။
ဤကဲ့သို့ဆေးကြောမှသာ ဖရ်ဇ် တာဝန်ကျေ၏ ။
ဆေးကြောရန်ဖရ်ဇ်တာဝန်ဖြစ်သည့်အစိတ်အပိုင်းများကို
ဆံပင်တပင်မျှမကျန်အောင် သတိထား၍ဆေးကြောရမည် ။
ဆံပင်တမျှင် ခန့်ရေးမဆိုပဲကျန်ခဲ့လျှင် ၀ူဇူပြုလုပ်ခြင်းမပိုင်ပေ ။
ဆေးကြောရန် ဖရ်ဇ် ဖြစ်သည့်အစိတ်အပိုင်းတွင် အသားပိုများရှိနေလျှင်
ယင်းကိုလဲဆေးကြောရန် ဖရ်ဇ်ဖြစ်သည် ။
ဦးခေါင်း၏ 4 ပုံ 1 ပုံမစဟ်ပြုလုပ်ခြင်းသည် ဖရ်ဇ်ဖြစ်၏ ။
ရေဆိုနေသောလက်ဖြင့် ပွတ်သပ်ခြင်းကို မစဟ်ဟုခေါ်သည် ။
ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဆေးကြောသဖြင့် ရေဆိုနေသာလက်ဖြင့်
မစဟ်ပြုလုပ်လျှင်ပိုင်၏ ။ မစဟ်အတွက် သီးသန့်ရေယူလျှင် ပို၍ကောင်း၏ ။
နားရွက်များကို မစဟ်ပြုရန်ရေကိုထပ်မံ ၍ စွတ်ရန်မလိုအပ်ပေ ။
နားရွက်များတွင်လက် ညိုးဖြင့်မစဟ်ပြုရ၏ ။ လည်ကုတ်ပေါ်တွင်
လက်ချောင်းများ၏အနောက်ဘက်နှင့် မစဟ်ပြုရ၏ ။
လည်ပင်းကို မစဟ်မပြုရပေ ။
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
No comments:
Post a Comment