Saturday, 14 March 2015

ဝတ်စားဆင်ပုံ နည်းအဖုံဖုံ(၂)

၁။ဟဇရသ်အိဗ်နိုအိုမရ် ဆင့်ပြန်တော်မူခဲ့၏။
ကိုယ်တော်မြတ်(စလ္လမ်)သည် ခေါင်းပေါင်းပေါင်းရာ၌
ခေါင်းပေါင်း၏ အမိတ်စကို ပခုံးကြားတွင်ချထားလေ့ရှိ၏။

၂။အခါတစ်ပါးတွင် ကိုယ်တော်မြတ်သည် ဟဇရသ်အဗ္ဗဒွရ်ရဟ်မားန်ဗင်အောက်(ဖ်)
သခင်အား ခေါင်းပေါင်းပေါင်ပေးခဲ့၏။ ထိုသို့ ပေါင်းပေးရာတွင်
အမိတ်ပိုင်းတစ်ပိုင်းကို ရှေ့သို့တစ်ပိုင်း နောက်သို့တစ်ပိုင်း ချပေးတော်မူခဲ့၏။

၃။ကိုယ်တော်မြတ်သခင်(စလ္လမ်)သည် စားသောက်ဝတ်ဆင်မှုနှင့်
စပ်လျဉ်း၍ မိန့်ကြားတော်မူခဲ့လေသည်။ အသင်တို့သည်
အတိုင်းအတာအတွင်း ကောင်းမွန်စွာ စားသောက်ကြကုန်၊
ထို့အပြင်ဒါနပြုကြကုန်၊ ဝတ်ဆင်ကြကုန်၊ သို့သော်ငြားလည်း
ဖြုန်းတီးမှုနှင့် ဂုဏ်ဖော်မှုများ ကြွားဝါမှုများ မပါဝင်စေရ။

၎။သြဝါဒတော်တစ်ပါးတွင် ဤသို့လာရှိ၏။
ငါကိုယ်တော်၏ နောက်လိုက် တပည့်သားများ
အနက် အမျိုးသမီးများအဖို့ ရွှေနှင့်ပိုးထည်များကို
ဟလာလ်ဝတ်ပိုင်၏။ အမျိုးသားများအပေါ်ကား
ဟရာမ်ပြု သတ်မှတ်ထားလေသည်။

၅။ထို့အပြင် မိန့်ကြားသည်မှာ အကယ်၍ အကြင်သူတို့သည်
လူ့လောက၌ လူတို့အား ပြစားရန်၊ ထင်ပေါ်ကျော်ကြားရန် ရည်ရွယ်ချက်ဖြင့်
အဝတ်များ ဝတ်ဆင်ခဲ့ပါမူ အသျှင်မြတ်သည် ထိုသူအား တရားစီရင်မည့်နေ့၌
သေးသိမ်သောအဝတ်များကို ဝတ်ဆင်ပေးအံ့။

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment