Saturday, 14 March 2015

အီမာမ်​ရှင်​ဆိုတာ

إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ ءَايَٰتُهُۥ زَادَتْهُمْ إِيمَٰنًا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ 

အကြင်သူတို့သည်သာလျှင် မုအ်မင်သက်ဝင်ယုံကြည်သူ(အစစ်အမှန်) များဖြစ်ကြကုန်၏။
၎င်းတို့ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်အား သတိရခဲ့လျှင်
၎င်းတို့၏စိတ်နှလုံးများသည် ထိတ်လန့်သွားကြကုန်၏။
ထို့ပြင် အကယ်၍ ၎င်းတို့၏ရှေ့၌ ထိုအရှင်မြတ်၏ အာယသ်တော်များကို
ဖတ်ကြားခဲ့ပါမူ ထိုအာယသ်တော်များသည် ၎င်းတို့၏ အီမာန်သက်ဝင်ယုံကြည်မှုကို
တိုးတက်ခိုင်မြဲစေကြကုန်၏။ ထိုမှ တစ်ပါး ၎င်းတို့သည် (မိမိတို့၏ ကိစ္စအ၀၀၌)
မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အပေါ်၌ပင်
ယုံကြည်စိတ်ချလွဲအပ်ကြကုန်သတည်း။ (ကုရ်အာန်၊ ၈း ၂)

فَأَمَّا ٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَٱعْتَصَمُوا۟ بِهِۦ فَسَيُدْخِلُهُمْ فِى رَحْمَةٍ مِّنْهُ وَفَضْلٍ وَيَهْدِيهِمْ إِلَيْهِ صِرَٰطًا مُّسْتَقِيمًا 

(၃) သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို
ယုံကြည်ကြ၍ ထိုအရှင်မြတ်၏ (ဒီးန်) သာသနာအစ္စလာမ်ကို
မြဲမြံခိုင်ခံ့စွာ လက်ကိုင်ထားရှိကြကုန်၏။ သို့ဖြစ်လျှင် ထိုသူတို့အား
မကြာမီ ထိုအရှင်မြတ်သည် မိမိ၏ ဂရုဏာတော်(တည်းဟူသော
ဂျန္နသ်အမတဥယျဉ်ဘုံနန်း)နှင့်
ကျေးဇူးတော်အတွင်းသို့ဝင် ရောက်စေတော်မူအံ့။
၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို့အား မိမိထံတော်သို့(ရောက်ရှိနိုင်ရန်)
ဖြောင့်မတ်သော(တရား)လမ်းမှန်ကိုလည်း ညွှန်ပြတော်မူလတ္တံ။
(ကုရ်အာန်၊ ၄း ၁၇၅

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment