Saturday, 14 March 2015

ကိုယ်​​တော်​မြတ်​(ဆွ)ရဲ့ ဟဒီးစ်​သြ၀ါဒ (40)

ဟဒီးစ်တော် (၄၀) ၏ထွတ်မြတ်မှု
သြ၀ါဒတော်တစ်၇ပ်၌တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ….

အကြင်မည်သူမဆို “ငါကိုယ်တော်မြတ်” ၏
အွမ္မသ်များအကျိုးဖြစ်ထွန်း၇န် အလို့ငှာ
ဟဒီးစ်သြ၀ါဒတော်လေးဆယ်ကိုအာဂုံဆောင်ကျက်မှတ်ထိန်းသိမ်းခဲ့ပါက
အလ္လာဟ်အ၇ှင်မြတ်သည်ထသူ့အားကြီးကျယ်သော “ကိယာမသ်”နေ့၌
၇ှင်ပြန်ထစေမည်။
ထို့ပြင်တမန်တော်မြတ်(ဆွ)၏ကြားဝင်အသနားခံပေးမှုကိုလည်း၇၇ှိမည်ဖြစ်၏။
ထို့နောက်၎င်းသူနှင့်စပ်လျဉ်း၍အီမာန်သက်ဝင်ယုံကြည်သူ ဖြစ်ကြောင်း
တမန်တော်မြတ်(ဆွ)ကိုယ်တော်တိုင်သက်သေခံပေးသူဖြစ်မည်ဟူ၍ လာ၇ှိ၏။
အာလင်မ်သာသနာ့ပညာ၇ှင်ကြီးအဖြစ်အခြား
ဟဒီးစ်တော်တစ်၇ပ်၌လာ၇ှိသည်မှာမည်သူမဆို
ငါကိုယ်တော့အွမ္မသ်၏ အကျိုးငှာ သာသနာေ၇းဆိုင်၇ာ
သြ၀ါဒတော်လေးဆယ်ကို ဖတ်ပြခဲ့သော် သို့မဟုတ် သိစေခဲ့သော် သို့မဟုတ်
အာဂုံဆောင်၍ လူတို့အား ကြားသိစေခဲ့သော် သို့တည်းမဟုတ်ေ၇းသား၍ ဖြန့်ချိခဲ့သော်
အလ္လာဟ်အ၇ှင်မြတ်သည် ထို့သူ့အား “ကိယာမသ်” နေ့တွင်
အိုလမာ သာသနာ့ပညာ၇ှင်များနှင့် အ၇ှင့်လမ်းတော်၌ “၇ှဟီးဒ်”ဖြစ်ခဲ့သော
အုပ်စုနှင့်အတူ ၇ှင်ပြန်ထစေတော်မူ၍ “သင်အလို၇ှိသော တံခါးပေါက်မှ
ဂျန္နသ်သုခဘုံသို့ဝင်လော့”ဟု မိန့်မြွက်တော်မူခြင်းခံ၇မည်ဖြစ်ကြောင်း
မိန့်ကြားတော်မူခဲ့၏။

ဟဒီးဆ်တော် (၄၀)

၁။ ပြုမူဆောင်၇ွက်ချက်ဟူသမျှတို့သည် ၇ည်စူးချက်အပေါ်၌သာ မူတည်သည်။

၂။ (သာသနာ့)ပညာ ၇ှာဖွေ ဆည်းပူးခြင်းသည် မွစ်လင်မ်တိုင်းအပေါ်
ဖွ၇ဇ်(မသင်မနေ၇) တာဝန်ဖြစ်သည်။

၃။ အလ္လာဟ်အ၇ှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းစားစေလိုလျှင်
ထိုသူ့အား သာသာေ၇းအသိဥာဏ်ကို ချီးမြှင့်တော်မူသည်။

၎။ သင်တို့အနက် အမွန်မြတ်ဆုံးသော သူမှာ ကျမ်းမြတ်ကု၇်အာန်ကို
သင်ယူဆည်းပူးပြီး တဖန် (အခြားသူများကိုလည်း) သင်ကြားပို့ချပေးသော
သူပင်ဖြစ်သည်။

၅။ မည်သည့် အခြေအနေမျိုး၌ မဆို ကု၇်အာန်ကျမ်းတော်မြတ် ၇ွတ်ဖတ်ခြင်းကို
မစွန့်လွှတ်လေနှင့်။

၆။ သန့်၇ှင်းစင်ကြယ်မှုသည် အီမာန်၏ ထက်ဝက်ဖြစ်သည်။

၇။ အကြင်မည်သူမဆို “လားအိလားဟအိလ်လလ်လား” ကို
၇ွတ်ဆို (ယုံကြည်) ခဲ့လျှင်”ဂျန္နသ်” သုခဘုံသို့ ၀င်ေ၇ာက်၇မည်။

၈။ “ဆွလာသ်’ ၀တ်ပြုမှုသည် အစ္စလာမ်သာသနာတော်၏အုတ်မြစ်ဖြစ်သည်။
ထှို “ဆွလာသ်” ကို စွန့်လွှတ်သူသည် သာသနာတော်ကို ဖျက်၇ာမည်၏။

၉။ “ဆောင်မ်” ဥပုသ် ဆောက်တည်ခြင်းသည် ဂျဟန္နမ်မီး မှ
ကာကွယ်သော ဒိုင်း (တစ်လက်) ဖြစ်သည်။

၁၀။ “ဇကားသ်” ပေးဆောင်ခြင်းဖြင့် မိမိ၏ဥစ္စာပစ္စည်းကို
ပျက်ဆီးခြင်းမှ ကာကွယ်ကြလေကုန်။

၁၁။ “ဟဂ်ျ” ပြုခြင်းသည် ယခင်ကျူးလွန်ခဲ့သော အပြစ် ဂိုနဟ်များအား
ဖြိုဖျက်လိုက်သည်။

၁၂။ ဂျန္နသ်သုခဘုံသည် သင့်မိဘနှစ်ပါး၏ ခြေဖ၀ါးအောက် (အမိန့်နာခံမှု) တွင် ၇ှိသည်။

၁၃။ လူတို့အပေါ် သနားကြင်နာမှုမ၇ှိသူအား အလ္လာဟ် အ၇ှင်မြတ်သည်လည်း
က၇ုဏာ တ၇ားထား၇ှိမည်မဟုတ်။

၁၄။ “မွစ်လင်မ်” တစ်ဦးသည် အခြား”မွစ်လင်မ်” တစ်ဦး၏ ညီ၇င်း အစ်ကို ဖြစ်၏။

၁၅။ မွစ်လင်မ် တစ်ဦးအပေါ် အခြားမွစ်လင်မ်တစ်ဦး၏ ၀တ္တ၇ား (၅) ၇ပ် ၇ှိသည်။
(၁) စလာမ်တုန့်ပြန်ခြင်း။ (၂)ေ၇ာဂါသည်အား သတင်းမေးခြင်း။
(၃) ဂျနာဇဟ်အား လိုက်ပါပို့ဆောင်ခြင်း။ (၄) တစ်ဦးတစ်ယောက်၏
ဖိတ်ခေါ်မှုကို လက်ခံခြင်း။ (၅) နာချေသူအား (ယ၇်ဟမုကလ်လာဟ်)
ဆိုလျှက် အဖြေပေးခြင်း။

၁၆။ မိမိလက်ဖြင့်လည်းကောင်း၊ နှုတ်လျှာဖြင့်လည်းကောင်း၊
သူတစ်ပါးအား ဒုက္ခ မပေးသော သူသည် ပြည့်ဝသော မွစ်လင်မ်ဖြစ်၏။

၁၇။ မုအ်မင်န် တစ်ဦးသည် အခြားမုအ်မင်န်တစ်ဦးနှင့်
သုံး၇က်ထက်ကျော်လွန်၍ အဆက်ဖြတ်ခြင်း မပိုင်ပေ။

၁၈။ မွစ်လင်မ် တစ်ဦး၏ အပြစ်တစ်စုံတစ်၇ာကို ဖုံးအုပ်ပါက
အလ္လာဟ် အ၇ှင်မြတ်သည် ကိယာမတ် ကမ္ဘာ့တစ်၇ားခွင်နေ့၌
၎င်း၏ အပြစ်များကို ဖုံးအုပ်ပေးမည်ဖြစ်သည်။

၁၉။ ကုန်းချောကုန်းတိုက် ပြုသူသည် ဂျန္နသ် သုခဘုံသို့ ၀င်ေ၇ာက်၇မည်မဟုတ်။

၂၀။ ဆွေမျိုးများနှင့် အဆက်ဖြတ်သူသည် ဂျန္နသ် သုခဘုံသို့
ဝင်ေ၇ာက်၇မည်မဟုတ်။

၂၁။ လိမ်လည်လှည့်ဖြား၍ စီးပွား၇ှာဖွေသူသည် ငါတမန်တော်မြတ်၏
နောက်လိုက်များမှ မဟုတ်ပေ။

၂၂။ ကဗ၇် သင်္ချိုင်းများကို စဂ်ျဒဟ် ဦးချ၇ာဌါနများ မပြုလုပ်ကြနှင့်။

၂၃။ အ၇က်သေစာသည် မကောင်းမှုဒုစ၇ိုက်အပေါင်းတို့၏ အ၇င်းအမြစ်ဖြစ်သည်။

၂၄။ သာသနာေ၇း၌ အထောက်အထားမ၇ှိဘဲ
တ၇ားသစ်တီထွင်မှုဟူသေ၇ွ့သည် လမ်းမှားသာဖြစ်ပေသည်။

၂၅။ မိမိကြားသိသမျှကို မစူးစမ်းဘဲ အခြားသာအားပြန်လည်
ဖောက်သည်ချပြောဆိုသူသည် လူလိမ်ဖြစ်၇န် လုံလောက်သည်။

၂၆။ မည်သူမဆို ကောင်းမှုပြုလုပ်၇န် ညွှန်ပြခဲ့သော်
ထိုသူသည် ယင်းကောင်းမှုကို ပြုလုပ်သူနှင့် အညီအမျှ အကျိုးစ၀ါးဗ် ၇၇ှိပေမည်။

၂၇။ ကိုယ်ကျင့်တ၇ားအကောင်းဆုံးသောသူသည်
ပြည့်ဝဆုံးသော အီမာန်၇ှင်ဖြစ်သည်။

၂၈။နူးညံ့သိမ်မွေ့ခြင်းကို လက်လွတ်ဆုံး၇ှုံးသူသည်
ကောင်းခြင်းမင်္ဂလာဟူသမျှကို လက်လွတ်ဆုံးရှုံးသူပင်ဖြစ်သည်။

၂၉။ ခွေးနှင့် သက်၇ှိ၇ုပ်ပုံ၇ှိသော အိမ်တွင်းသို့ ၇ဟ်မသ်၏
ဖ၇စ်၇ှ်သဟ် ကောင်းကင်တမန်များ ၀င်ေ၇ာက်မည်မဟုတ်။

၃၀။ အလ္လာဟ် အ၇ှင်မြတ်အနှစ်သက်ဆုံးသော အမလ် ကျင့်စဉ်သည်
နည်းလင့်ကစားစွဲစွဲမြဲမြဲပြုသော အမလ် ကျင့်စဉ်ဖြစ်၏။

၃၁။ အလ္လာဟ်အ၇ှင်မြတ်ထံတော်၌ ဆုမွန်ဒိုအာပြုခြင်းထက်
ပိုမိုနှစ်သက်ဖွယ်၇ာဟူ၍မ၇ှိ။

၃၂။ အိမ်နီးချင်းများအား အမြဲတစေ စိုး၇ိမ်ကြောင့်ကြအောင်
ပြုသောသူသည် ဂျန္နသ် သုခဘုံသို့ ၀င်ေ၇ာက်၇မည် မဟုတ်ပေ။

၃၃။အသင်တို့အချင်းချင်း ဆက်မဖြတ်ကြလေနှင့်၊ တစ်ဦးကိုတစ်ဦး
ဒုက္ခမပေးကြလေနှင့်၊ အချင်းချင်း ၇န်ငြိုးမထားကြလေနှင့်၊
အချင်းချင်းမနာလို ၀န်တိုစိတ်မထားကြလေနှင့်၊
အို…..အလ္လာဟ်အ၇ှင်မြတ်၏ကျေးကျွန်တို့ အသင်တို့အားလုံး
ညီ၇င်းအစ်ကိုသဖွယ် နေထိုင်ကြကုန်။

၃၄။အလ္လာဟ် အ၇ှင်မြတ်အမုန်းဆုံးသော သူမှာ အမြဲ၇န်လိုနေသူပင်ဖြစ်သည်။

၃၅။ လူတို့အား နှဘမ်းလုံး၍ လှဲချနိုင်သူသည် သူ၇ဲကောင်းအစစ် အမှန်မဟုတ်။
သူ၇ဲကောင်းအစစ်အမှန်သည် ဒေါသထွက်ချိန်၌ မိမိဒေါသကို ချုပ်တီးနိုင်သူဖြစ်၏။

၃၆။ အကြင်အမျိုးသားသည် လုံချည်၊ ဘောင်းဘီကို ခြေမျက်စိဖုံးအောင်
ဝတ်ခဲ့သော် ဂျဟန္နမ် င၇ဲဘုံသို့ ကျလိမ့်မည်။

၃၇။ ဤလောကတွင် ဂုဏ်ဖေါ်ဝင့်ကြွား၇န်အတွက်
အ၀တ်အစားဝတ်ဆင်သောသူအား ကေယာမသ်နေ့တွင်
အလ္လာဟ်အ၇ှင်မြတ်သည်ဂုဏ်အသား၇ည်မဲ့စေသော
အ၀တ်အစားကို ၀တ်ဆင်စေတော်မူမည်။

၃၈။ငါ၏အွမ္မသ်တွင်ပျက်စီး၇ာပျက်စီးကြောင်းဖြစ်ပေါ်လာသော
အခါမျိုးတွင်ငါ၏စွန္နသ်တော်ကိုခိုင်မြဲစွာ ကိုင်ထား၍ လိုက်နာကျင့်သုံးသူသည်
ရှဟီးဒ် ပေါင်းးတစ်၇ာ၏ အကျိုးစ၀ါးဗ်ချီးမြှင့်ခြင်းခံ၇မည်။

၃၉။ ကလိမာဟ် နှစ်ခုသည် နှုတ်လျှာပေါ်၌ပေါ့ပါး၏။
မီဇားန် ချိန်ခွင်၌ အချိန်စီး၏။ မဟာက၇ုဏာတော်၇ှင်ထံ၌
အလွန်နှစ်သက်ဖွယ်၇ာဖြစ်၏။ ယင်းကလိမာဟ် နှစ်ခုမှာ
“စွဗ်ဟာနလ္လာဟ်းဟိ ၀ဗိဟမ်ဒိဟီး၊ စွဗ်ဟာနလ္လားဟိဟ် အဇွိမ်း” ဖြစ်ပေသတည်း။

၄၀။ မည်သူမဆို ငါကိုယ်တော်မြတ်အပေါ် ဒ၇ူးဒ် တစ်ကြိမ်ပို့သပါက
အလ္လာဟ်အ၇ှင်မြတ်သည် ထိုသူ့အပေါ် ၇ဟ်မသ်ကောင်းချီး မင်္ဂလာ
ဆယ်ကြိမ် ပို့သ တော်မူပေမည်။

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်ေ​​အာင်
Ahmad Mgk

No comments:

Post a Comment