Monday, 23 March 2015

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(8)

ယူစွဖ်က စစ်ဆေးပေးဖို့ တောင်းဆိုလိုက်တယ်
==============================
ဘုရင့်ရဲ့ အပါးစေက ယူစွဖ်ဆီကိုရောက်လာပြီး ပြောတယ်။

“သင့်ကို ဘုရင်မင်းမြတ် အခေါ်တော်လွှတ်လိုက်တယ်”

ဒါပေမယ့် ယူစွဖ်(အလိုင်ဟိစ္စလာမ်)က ထောင်ထဲကနေ
ဒီအတိုင်းထွက်ဖို့ မနှစ်မြို့ဘူး။ (အကယ်လို့ ဒီအတိုင်း
သူထောင်ထဲကထွက်သွားရင်) လူတွေက ပြောလိမ့်မယ်။

“ဒီယူစွဖ်ဟာ မနေ့က ထောင်ထဲမှာ ရှိခဲ့တယ်။ သူဟာ ကျေးဇူးရှင်ကို
သစ္စာမဲ့ခဲ့သူဖြစ်တယ်။”

တကယ်တော့ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ ကြီးကျယ်မြင့်မြတ်တဲ့
စိတ်ဓါတ်ပိုင်ရှင်၊ ဥာဏ်ပညာ ကြီးကျယ်ထက်မြတ်တဲ့သူဖြစ်တယ်။
အကယ်လို့ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ရဲ့နေရာမှာ တစ်ခြားတစ်ယောက်ဆိုရင်
ဘုရင့်ရဲ့ အစေတော်လာလို့

“ဘုရင်က အခေါ်လွှတ်လိုက်တယ်၊ သင့်ကိုစောင့်နေတယ်”ဆိုရင်
ချက်ချင်းပဲ ထောင်ပေါက်ဝကိုသွားပြီး ထောင်ကနေ မြန်မြန်ထွက်လိမ့်မယ်။
ဒါပေမယ့် ယူစွဖ်(အလိုင်ဟိစ္စလာမ်)က အမြန်မထွက်ခဲ့သလို
အလျင်မလိုခဲ့ဘူး။ သူက ဘုရင့်အစေတော်ကို ပြောတယ်။

“စစ်ဆေးမှုကို ငါလိုချင်တယ်။ ငါ့ရဲ့အမှုကို ပြန်လည်စစ်ဆေးစေချင်တယ်”

ဘုရင်ဟာ ယူစွဖ်(အလိုင်ဟိစ္စလာမ်)နဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းခဲ့တယ်။
ဘုရင်ရာ လူတွေအားလုံးက သူဟာ အပြစ်ကင်းစင်သူတစ်ယောက်ဆိုတာ
သိခဲ့ကြတယ်။ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ အကျဉ်းထောင်ကနေ
အပြစ်ကင်းသူတစ်ယောက်အဖြစ်နဲ့ ထွက်လာခဲ့တယ်။ ဘုရင်ဟာ
သူ့ကို ဂုဏ်ပေးလေးစားခဲ့တယ်။

တိုင်းပြည်ရဲ့ ဘဏ္ဍာတော်များ အပေါ်ဝယ်
===========================

ယူစွဖ်(အလိုင်ဟိစ္စလာမ်)က လူတွေထဲမှာ စိတ်ချယုံကြည်ရမှုတွေ
နည်းပါးလာတယ်၊ အလွဲသုံးစားလုပ်ခြင်း၊ သစ္စာမဲ့ခြင်း
များပြားတယ်ဆိုတာသိတယ်။
လူတွေဟာ အရှင်မြတ်ရဲ့ ဥစ္စာပစ္စည်းတွေမှာ အလွဲသုံးစားတွေ
လုပ်နေကြတာကိုလည်း ယူစွဖ်(အလိုင်ဟိစ္စလာမ်)က တွေ့ခဲ့တယ်။
တိုင်းပြည်မှာဘဏ္ဍာတော်တွေ အများအပြားရှိပေမယ့် ပျောက်ဆုံး၊
ပျက်ဆီးကုန်တာကိုလည်း တွေ့ခဲ့တယ်။

ဒီဘဏ္ဍာတွေဟာ ပျောက်ဆုံးပျက်ဆီးကုန်မှာပေါ့။ ဘာလို့လဲဆိုတော့
အာဏာရှိသူခေါင်းဆောင်တွေဟာ အလ္လာဟ်အရှင်မြတ်ကို မကြောက်ကြလို့ပေါ့။
ခေါင်းဆောင်တွေရဲ့ ခွေးတွေတောင် စားသောက်ရပေမယ့်
ပြည်သူတွေအတွက်တော့ ဘာစားစရာမှ မရှိကြဘူး။
ခေါင်းဆောင်တွေက သူတို့ရဲ့ အိမ်တွေကို အလှတွေ ဆင်ကြပေမယ့်
ပြည်သူတွေမှာ ဝတ်ဖို့ အဝတ်တောင် မရှိကြဘူး။

သစ္စာရှိသူ (ထိန်းသိမ်းနိုင်သူ)၊ အသိပညာနဲ့ ပြည့်စုံတဲ့ (ခေါင်းဆောင်)
ရှိမှသာ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေကနေ
အကျိုးခံစားကြရမှာဖြစ်တယ်။

အကယ်လို့ ခေါင်းဆောင်က သစ္စာရှိတယ်၊ ယုံကြည်စိတ်ချရတယ်ဆိုပေမယ့်
အသိပညာမရှိဘူးဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ ဘယ်ကရမယ်။ ဘယ်လို
အကျိုးရှိအောင် သုံးစွဲရမယ်ဆိုတာကို သိမှာမဟုတ်ဘူး။

အကယ်လို့ အသိပညာပဲ ပြည့်စုံပေမယ့် သစ္စာရှိသူ၊ ယုံကြည်စိတ်ချရသူ
မဟုတ်ဘူးဆိုရင်လည်း ဘဏ္ဍာတော်တွေထဲကနေ သူ့ကိုယ်ကျိုးအတွက်
အသုံးချပြီး အလွဲသုံးစားလုပ်လိမ့်မယ်။

ယူစွဖ်(အလိုင်ဟိစ္စလာမ်)က သစွာရှိသူ၊ အသိပညာနဲ့ ပြည့်စုံတဲ့သူဖြစ်တယ်။
ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေကို (မတရား)
စားသုံးနေတာကို ယူစွဖ်က လွှတ်မပေးခဲ့ဘူး။ ယူစွဖ်ဟာ ပြည်သူတွေ
ဆာလောင်မွတ်သိပ်ပြီး သေဆုံးသွားမှာကိုလည်း မကြည့်ရက်ခဲ့ဘူး။
သူဟာ အမှန်တရားအတွက် မရှက်ခဲ့ဘူး။ ဒါကြောင့် ရှင်ဘုရင်ကို
တောင်းဆိုလိုက်တယ်။

“ကျွန်တော့်ကို တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေအပေါ် (ကြီးကြပ်အုပ်ထိန်းသူအဖြစ်)
ခန့်အပ်ပါ။ ဧကန်စင်စစ် ကျွန်တော်ဟာ ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့်
ပြည့်စုံသူဖြစ်တယ်” (ကုရ်အာန် - ၁၂း ၅၅)

အဲဒီလိုနဲ့ ယူစွဖ်(အလိုင်ဟိစ္စလာမ်) ဟာ အီဂျစ်တိုင်းပြည်ရဲ့
ဘဏ္ဍာထိန်းဖြစ်လာခဲ့တယ်။ လူတွေဟာ အရမ်းကို ပျော်ရွှင်ကြပြီး
အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ကြ၊ ချီးမွမ်းထောပနာပြုကြတယ်။

ကဲ…… ချစ်ပရိတ်သတ်ကြီးရေ . . .

တမန်တော်ယူစွဖ်(အလိုင်ဟိစ္စလာမ်) ကတိုင်းပြည်​အတွက်
အလာဟ်​အသျှင်​မြတ်​အကူအညီယူပြီး ဘယ်​လိုအကြိုးပြုမလည်း
ဘာ​တွေဆက်​ဖြစ်​ကြမလည်းဆိုတာကို
အပိုင်း()မှာ ဆက်လက် အားပေး
ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment