Sunday, 22 March 2015

တမန်တော်ယူစွဖ်(အလိုင်းဟိစ္စလာမ်)ရဲ့ ဖြစ်ရပ်မှန် အတ္ထုပတ္တိ(7)

ဘုရင်ရဲ့ အိပ်မက်
=============

အီဂျစ်ရဲ့ ဘုရင်ဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့တယ်။
အိပ်မက်ထဲမှာ သူဟာ ဝဖြိုးတဲ့ နွားမ ခုနှစ်ကောင်ကို တွေ့ခဲ့တယ်။
အဲဒီဝဖြိုးတဲ့ နွားမတွေကို ပိန်လှီနေတဲ့ နွားမ ခုနှစ်ကောင်က စားလိုက်တယ်တဲ့။

ပြီးတော့ ဘုရင်ဟာ စိမ်းလန်းတဲ့ စပါးနှံခုနှစ်ခုနဲ့ ခြောက်သွေ့တဲ့
စပါးနှံ ခုနှစ်ခုကိုလည်း မြင်မက်တယ်။ ဘုရင်ဟာ ဒီထူးဆန်းတဲ့ အိပ်မက်ကြောင့်
တော်တော်လေးကို အံ့သြသွားပြီး သူ့ရဲ့ မှုးမတ်တွေကို အိပ်မက်သဘောနဲ့
ပတ်သက်ပြီးမေးတယ်။

မှုးမတ်တွေက “ဒီအိပ်မက်ဟာ တကယ်တော့ ဘာမှမဟုတ်ပါဘူး။
အိပ်နေတဲ့သူဟာ ဒီလိုပဲ ဘာမှ အခြေအမြစ်မရှိတဲ့ အရာတွေအများကြီး
မြင်မက်လေ့ရှိပါတယ်”လို့ ပြောဆိုကြတယ်။

ဒါပေမယ့် သေရည်ဆက်က “မဟုတ်ဘူး။ ကျွန်တော် ဒီအိပ်မက်သဘောကို
အသင်တို့ကို ပြောပြပါ့မယ်” ဆိုပြီး ပြောဆိုလိုက်တယ်။

သေရည်ဆက်က ထောင်ကိုသွားပြီး ယူစွဖ်(အလိုင်ဟိစ္စလာမ်)ကို
ဘုရင့်ရဲ့ အိပ်မက်သဘောနဲ့ ပတ်သက်ပြီး မေးတယ်။

ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းခံတွေ အပေါ်
အရမ်းကို ရက်ရောသဘောကောင်းပြီး မွန်မြတ်ကြင်နာတဲ့သူဖြစ်တယ်။
ဒါကြောင့် ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ အိမ်မက်သဘောကို သူ့ကို ပြောပြခဲ့တယ်။
ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ ရက်ရောမွန်မြတ်တဲ့သူဖြစ်တယ်။

သူဟာ စေးနည်းတွန့်တိုခြင်းကို မသိဘူး။ (အလိုင်ဟိစ္စလာမ်)က သူ့ကို
အိပ်မက်သဘောကို ပြောပြတဲ့အပြင် (လုပ်ဆောင်သင့်တဲ့) လုပ်ငန်းစဉ်တွေကိုပါ
ညွှန်ပြလိုက်တယ်။

"ကောက်ပဲသီးနှံတွေကို ခုနှစ်နှစ် စိုက်ပျိုးပါ။ ပြီးတော့ ရိတ်သိမ်းလို့
ရသမျှထဲကနေ အနည်းငယ်ကိုသာ စားသုံးပြီး စုဆောင်းထားပါ။
ခုနှစ်နှစ်ပြီးရင် (မိုးခေါင်ရေရှားတဲ့) ကပ်ဘေး ဆိုက်ရောက်လာလိမ့်မယ်။
ကပ်ဘေး ဆိုက်ရောက်လာရင် အသင်တို့ စုဆောင်းထားတဲ့ထဲကနေ
နည်းနည်းချင်းစီ စားသုံးကြပါ"

"အဲဒီကပ်ဘေးဟာ ခုနှစ်နှစ်ကြာလိမ့်မယ်။ ပြီးရင်တော့
(ကပ်ဘေးကနေ)လွတ်မြောက်သွားပြီး စားနပ်ရိက္ခာတွေ ပေါကြွယ်လာလိမ့်မယ်"

သေရည်ဆက်က ပြန်လာပြီး ဘုရင်မင်းမြတ်ကို အိပ်မက်သဘောတွေ ပြောပြလိုက်တယ်

ဘုရင်မှ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ထံသို့ စေလွှတ်ခြင်း
================================

ဘုရင်ဟာ အိပ်မက်ရဲ့ သဘောနဲ့ (လုပ်ဆောင်ရမယ့်) လုပ်ငန်းစဉ်တွေကို
ကြားပြီး အရမ်းကို ပျော်ရွှင်သွားတယ်။

“ဒီအိပ်မက်သဘောရဲ့ ပိုင်ရှင်ကဘယ်သူလဲ။”

“ငါ့ကို အိပ်မက်သဘောတွေ ပြောပြပြီး လုပ်ငန်းစဉ်တွေကိုပါ
ညွှန်ကြားခဲ့တဲ့ ဒီလို မွန်မြတ်ရက်ရောတဲ့သူဟာ ဘယ်သူလဲ”

သေရည်ဆက်က “သူကတော့ အလွန်တရာ မှန်ကန်တဲ့ ယူစွဖ်ပါ။
သူဟာ ကျွန်တော့်ကိုလည်း ကျွန်တော့်အရှင် ဘုရင်မင်းမြတ်အတွက်
အရက်ဆက်သသူဖြစ်လိမ့်မယ်လို့ ဟောခဲ့တဲ့သူပါ”

အဲဒါနဲ့ ဘုရင်ဟာ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ကို အရမ်းကို တွေ့ချင်သွားတယ်။
ဒါကြောင့် ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဆီကို အပါးစေလွှတ်လိုက်တယ်။

“ထိုယူစွဖ်ကို ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်၊
ငါသည် သူ့အား မိမိအဖို့ ရွေးချယ်အံ့” (ကုရ်အာန် - ၁၂း ၅၄)

ကဲ…… ချစ်ပရိတ်သတ်ကြီးရေ . . .

တမန်တော်ယူစွဖ်(အလိုင်ဟိစ္စလာမ်) နဲ့ ဘုရင်​​တွေစုံပြီး
ဘာ​တွေဆက်​ဖြစ်​ကြမလည်းဆိုတာကို
အပိုင်း(8)မှာ ဆက်လက် အားပေး
ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment