သောင်ဟီးဒ် (အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ
ခဝပ်ကိုးကွယ်ခြင်း)၏ ဆုံးမသြဝါဒ
=======================================================
ယူစွဖ်(အလိုင်ဟိစ္စလာမ်)က “(ဒါဟာ ကျွန်တော့်ကို ကျွန်တော်ရဲ့ အရှင်မြတ်က
သင်ကြားပေးတော်မူခဲ့တဲ့ ပညာတွေထဲက ဖြစ်ပေတယ်) (ကုရ်အာန် - ၁၂း ၃၇)
“ဒါပေမယ့် အလ္လာဟ်အရှင်မြတ်ဟာ လူတိုင်းကို ဒီပညာရပ် ချီးမြှင့်ထားတာ
မဟုတ်ဘူး။ အထူးသဖြင့် (မွတ်ရှ်ရစ်က်) အရှင်မြတ်နဲ့ တွဲဖက်ကိုးကွယ်
သူကို ဒီပညာရပ် မချီးမြှင့်ဘူး။”
“ကျွန်တော့်ကို ဘာကြောင့် ကျွန်တော့်ရဲ့ အရှင်က ဒီပညာရပ်
ချီးမြှင့်ထားတယ်ဆိုတာ အသင်တို့ နှစ်ယောက် သိကြလား”
“ဘာလို့လဲ ဆိုတော့ ကျွန်တော်ဟာ တွဲဖက်ကိုးကွယ်သူတွေရဲ့
လမ်းစဉ်ကို စွန့်လွှတ်ထားလို့ပဲ”
(ဒါ့ပြင် ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အဘေး၊ အဘိုး နဲ့ ဖခင်တွေ ဖြစ်ကြတဲ့
(နဗီတမန်တော်) အိဗ်ရာဟိးမ်၊ အစ္စဟာက်၊ ယအ်ကူဗ် တို့ရဲ့
သာသနာကို လိုက်နာခဲ့တယ်။
ကျွန်တော့်တို့အတွက် ဘယ်အရာကိုမှ အလ္လာဟ်အရှင်မြတ်နဲ့
တွဲဖက်ကိုးကွယ်ဖို့ မထိုက်ပါဘူး) (ကုရ်အာန် - ၁၂း ၃၈)
တကယ်တော့ ဒီသောင်ဟီးဒ် (အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ
ခဝပ်ကိုးကွယ်ခြင်း) တရားဟာ ကျွန်ုပ်တို့ အတွက်ပဲ မဟုတ်။
ဒီအခြေခံတရားဟာ လူသားအားလုံးအတွက် ပါပဲ။
(ဒီ (သောင်ဟီးဒ်တရားဟာ) ကျွန်တော်တို့နဲ့ လူသားအားလုံးအတွက်
အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်ပဲ ဖြစ်တယ်)
(ကုရ်အာန် - ၁၂း ၃၈)
ပြီးတော့ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ စကားကို ခဏရပ်ပြီး
လူငယ်နှစ်ယောက်ကို မေးလိုက်တယ်။
“ သင်တို့ဟာ ကုန်းမြေရှင်၊ ရေမြေ့ရှင်၊ စားနပ်ရိက္ခာအရှင်၊ မိုးရွာစေတဲ့ အရှင်
ဆိုပြီး ပြောဆို ကြတယ်။ ကျွန်တော်တို့ကတော့ စကြဝဠာအပေါင်းကို
စိုးပိုင်တော်မူတဲ့ အလ္လာဟ်အရှင်မြတ်ကိုပဲ ပြောဆို တသကြတယ်။
ဒီတော့ . .
(ကွဲပြား များပြားလှတဲ့ ကိုးကွယ်ရာအရှင် တွေကပဲ ကောင်းလား၊
ဒါမှမဟုတ် (အလုံးစုံကို) နိုင်နင်း လွှမ်းမိုးတော်မူသော တစ်ပါးတည်းဖြစ်တော်မူတဲ့
အလ္လာဟ်အရှင်မြတ်ကပဲ ပိုကောင်းလား) (ကုရ်အာန် - ၁၂း ၃၉)
“ဘယ်မှာလဲ ကုန်းမြေရှင်၊ ရေမြေ့ရှင်၊ စားနပ်ရိက္ခာအရှင် နဲ့ မိုးရွာစေတဲ့ အရှင်တွေ”
(အသင်တို့ ကျွန်တော့်ကို ပြသကြလော့။ အဲဒီ (တွဲဖက်ကိုးကွယ်ရာ အရှင်)တွေဟာ မြေပြင်ရဲ့
ဘယ်အစိတ်အပိုင်းကို ဖန်ဆင်းခဲ့ကြသလဲ။ ဒါမှမဟုတ် ကောင်းကင်တွေမှာရော
သူတို့ရဲ့ ဖက်ဆက်မှု တစ်စုံတစ်ရာ ရှိသလား) (ကုရ်အာန် - ၃၅း ၃၉) (၄၆း ၄)
“မြေပြင်ကို ကြည့်လိုက်ပါ ၊ မိုးကောင်းကင်ကို ကြည့်စမ်းပါ
လူသားကိုလည်း ကြည့်လိုက်ပါ”
(ဒီအရာတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အဖန်ဆင်းခံများ (ဖန်ဆင်းမှု)တွေပါပဲ။
ဒီတော့ အလ္လာဟ်အရှင်မြတ်အပြင် ရှိကြတဲ့ (အဲဒီအရှင်တွေကရော)
ဘာတွေကိုများ ဖန်ဆင်းခဲ့ကြသလဲ) (ကုရ်အာန် - ၃၁း ၁၁)
“ ကုန်းမြေရှင်၊ ရေမြေ့ရှင်၊ စားနပ်ရိက္ခာအရှင် နဲ့ မိုးရွာစေတဲ့ အရှင်တွေဆိုတာ
ဘယ်လိုလဲ (ဘာတွေလဲ)”
“(တကယ်တော့ အဲဒီ ကုန်းမြေရှင်၊ ရေမြေ့ရှင် စတဲ့) နာမည်တွေဟာ . .
( ဘိုးဘေးတွေနဲ့ အသင်တို့ကိုယ်တိုင် မှည့်ခေါ်ထားကြအသင်တို့ရဲ့တဲ့
နာမည်တွေပါ) (ကုရ်အာန် - ၁၂း ၄၀)
“အမိန့် အာဏာတွေအားလုံးဟာ အလ္လာဟ့်အတွက်၊
စိုးမိုးအုပ်ချုပ်မှု အာဏာဟာ အလ္လာဟ့်အတွက်၊ မြေပြင်ဟာ အလ္လာဟ့်အတွက်၊
ကိစ္စအဝဝဟာ အလ္လာဟ်အတွက်အတွက်ပဲ”
“အသင်တို့ဟာ အဲဒီအရှင်မြတ်တစ်ပါးတည်းကလွဲပြီး ဘယ်အရာတစ်ခုကိုမျှ မကိုးကွယ်ကြရ”
(ကုရ်အာန် - ၁၂း ၄၀)
“ဒါဟာ ဖြောင့်မတ် မှန်ကန်တဲ့ သာသနာတော်ပဲ ဖြစ်တယ်” (ကုရ်အာန် - ၁၂း ၄၀)
“ဒါပေမယ့် အများစုသော လူတို့ကတော့ မသိနားမလည်ကြဘူး”
(ကုရ်အာန် - ၁၂း ၄၀)
အိပ်မက်သဘောအား ဖွင့်ဆိုခြင်း
=====================
ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ ဆုံးမသြဝါဒ ပေးပြီးသွားတာနဲ့
သူတို့နှစ်ယောက်ရဲ့ အိပ်မက်သဘောတွေကို ပြောပြတယ်။
(အသင်တို့ထဲက တစ်ဦးကတော့ မိမိသခင်ဖြစ်တဲ့ (ဘုရင်)ကို
(ယခင်လိုပဲ) အရက်သေစာ ပြန်ပြီး ဆက်သရမယ်။
အခြားတစ်ဦးကတော့ လက်ဝါးကပ်တိုင်မှာ အတင်ခံရပြီး ငှက်တွေက
ဦးခေါင်းကို (နှုတ်သီးတွေနဲ့ ထိုးပြီး) စားကြလိမ့်မယ်။) (ကုရ်အာန် - ၁၂း ၄၁)
အိပ်မက်အကြောင်းလည်း ပြောပြီးရော ယူစွဖ်(အလိုင်ဟိစ္စလာမ်)က
ပထမတစ်ယောက်ကို (အသင်ဟာ သင့်ရဲ့သခင် (ဘုရင်)ထံမှာ
ကျွန်ုပ်ရဲ့ အကြောင်းကို ပြောပြပါ) ဆိုပြီး မှာလိုက်တယ်။ (ကုရ်အာန် - ၁၂း ၄၂)
အဲဒီလိုနဲ့ လူငယ်နှစ်ယောက်ဟာ မကြာခင်မှ ထောင်က ထွက်သွားကြတယ်။
ပထမတစ်ယောက်က ဘုရင့်ကို သေရည်ဆက် အလုပ်ကို ပြန်ရပြီး၊
နောက်တစ်ယောက်ကတော့ လက်ဝါးကပ်တိုင်မှာ အသတ်ခံရတယ်။
ဒါပေမယ့် သေရည်ဆက်ဟာ ဘုရင့်ဆီမှာ ယူစွဖ်(အလိုင်ဟိစ္စလာမ်)ရဲ့
အကြောင်းကို ပြောပြဖို့ မေ့သွားခဲ့တယ်။ ဒါကြောင့် ယူစွဖ်(အလိုင်ဟိစ္စလာမ်)ဟာ
ထောင်ထဲမှာပဲ နှစ်အတော်ကြာ နေခဲ့ရပြန်တယ်။
ကဲ…… ချစ်ပရိတ်သတ်ကြီးရေ . . .
တမန်တော်ယူစွဖ်(အလိုင်ဟိစ္စလာမ်) အကျဉ်းထောင်ထဲမှာ ဘယ်လောက်
ကြာအောင်ဆက်နေနေရသလည်း နောက်ပြီး ဘယ်လို လွတ်မြောက်မလည်း
ီဆိုတာကို အပိုင်း(၇)မှာ ဆက်လက် အားပေး
ဖတ်ရှုကြပါလို့ ဆန္ဒပြုရင်း ….
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
No comments:
Post a Comment