Sunday, 8 March 2015

ဟိဒါယသ်ပေးသူမှာ

ဟဇရသ်အဘူဟုရိုင်ရဟ်{ရသွေ့}သခင်ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သခင်{ဆွ}သည် မိမိ၏ဘကြီးတော် < အဗူတွာလိဗ်အား ကွယ်လွန်ခါနီးအချိန်တွင် > အမိန့်ရှိတော်မူသည်။ * လားအေလားဟအလ္လာဟ် * ကိုရွတ်ဆိုလိုက်ပါ သို့မှသာ ကျွန်ုပ်သည် ကေယာမသ် နေ့တွင် အသင့်အားသက်သေခံ ပေးနိုင်မည်ဖြစ်သည်။ ထိုအခါ အဗူတွာလိဗ်က အကယ်၍သာ ကုရိုင်ရှ်လူမျိုးများက ကျွန်ုပ်အား ' အဗူတွာလိဗ်သည် သေရမည့်အရေးကို စိုးရိမ်ပူပန်သောကြောင့် ကလေမဟ်ကိုလက်ခံလိုက်ပြီ ' ဟုချုပ်ချကဲ့ရဲ့ကြမည်ကို မစိုးရိမ်ရလျှင် ကျွန်ုပ်သည် ကလေမဟ်ကိုဖတ်ပြီး အသင့်မျက်လုံးများကို အေးမြစေလိမ့်မည်သာ ဖြစ်သည်ဟု ဖြေကြားလိုက်သည်။ 

ဤကိစ္စကို အလ္လာဟ် အရှင်မြတ်က အောက်ပါအာယသ်တော်ကိုချပေးလိုက်သည်။ 

• ကုရ်အာန် ၏ အာယသ်တော် •

{ အသင်နှစ်သက်သောသူကို ဟိဒါယသ်(တရားလမ်းမှန်) မပေးနိုင်။
သို့သော် အလ္လာဟ် အရှင်မြတ်ကသာ မိမိနှစ်သက်သောသူကို
ဟိဒါယသ်(တရားလမ်းမှန်) ပေးနိုင်တော်မူသည် }

မော်​လ၀ီနူးရ်​အဟ်​မဒ်​@မင်းထက်​​အောင်
Ahmad Mgk

No comments:

Post a Comment