ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍ အလ္လာဟ်အသျှင်မြတ်က အို--အာဒမ်၏ သားသမီးအပေါင်းတို့ ငါအသျှင်သည် အသင်တို့၏ အရှက်ကို ဖုံးအုပ်သည့် အဝတ်အစား တန်ဆာကိုလည်းကောင်း၊ အသင်တို့ လှပအောင် ဆင်ယင်ရန်
ဝတ်စားတန်ဆာကိုလည်း၊ဖန်ဆင်းပေးတော်မူခဲ့လေသည်။ သို့ရာတွင် ပြစ်မူဒုစရိုက်တို့မှကြဉ်ရှောင်ခြင်းတည်းဟူသော ဝတ်စားတန်ဆာသည်ကား အမြင့်မြတ်ဆုံးပင်ဖြစ်သည်ဟု ကုရ်အာန်၌ မိန့်ဆိုခဲ့ပေသည်။
၁။ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ကိုယ်တော်မြတ်(စလ္လမ်) မိန့်ကြားခဲ့သည်မှာ အကြင်သူသည် ဝင့်ကြွားခြင်းနှင့် မောက်မာပလွားရန်အလို့ငှာ မိမိပုဆိုးစ ဘောင်းဘီစများကို တရွတ်တိုက် တွဲလောင်းချထားခဲ့သည်ရှိသော် ထိုသူသည် ကိယာမသ်နေ့၌ အသျှင်မြတ်၏ ရဟ်မသ်အာရုံတော်မှ ကင်းဝေးပေအံ့။
၂။ကိုယ်တော်မြတ်(စလ္လမ်)သည် ထပ်လောင်း၍မိန့်ကြားတော်မူခဲ့၏။ ခြေမျက်စိ အောက်သို့ ဝတ်ဆင်သောအပိုင်းသည် ငရဲဘုံ၏ လောင်စာဖြစ်ပေအံ့။ သဘောမှာ-ခြေမျက်စိအောက်သို့ဝတ်ဆင်ခြင်းသည် ငရဲဘုံသို့ကျရန် အကြောင်းခံဖြစ်သည်။
၃။ဟဇရာသ်အတ်(စ်)မားဗင်သေယဇီးဒ် သခင်မမှ အဆိုတစ်ရပ်လာရှိ၏။ ကိုယ်တော်မြတ်၏ အင်္ကျီလက်သည် လက်ကောက်ဝတ်ထိရှိသည်။
(အင်္ကျီအရှည်သည် ခြေသလုံး တစ်ဝက်မျှရှိလေသည်။)ဟုလာရှိပေသည်။
၎။ဟဇရာသ်စမိုရဟ်သခင်မှတဆင့် ကိုယ်တော်၏ ဩဝါဒတော် တစ်ပါး
လာရှိ၏။ အသင်တို့၏ ဝတ်စားမှုများတွင် ပိတ်ဖြူများကို ဝတ်ဆင်ကြကုန်။
ထို့အပြင် ပိတ်ဖြူများဖြင့်သာ သေသူများကို ကဖန်ဝတ်ပေးကြကုန်။ အကြောင်းသော်ကား ၎င်းသည် သန့်ရှင်စင်ကြယ်စေ၍ ဖြူဖွေးပြီးမင်္ဂလာရှိ၏။
၅။ဟဇရာသ်ရိုကာနာ-သခင်ကိုယ်တော်၏ သြဝါဒတော်တစ်ပါးကို ဆင့်ပြန်တော်မူခဲ့၏။ မွတ်စ္စလင်(မ်)များနှင့် မွတ်ရှ်ရစ်(က်)များ၏။ ခြားနားမှုသည် ဦးထုပ်ပေါ် ခေါင်းပေါင်းပေါင်းခြင်းဖြစ်၏။ သဘောမှာ-မွတ်ရှ်ရစ်(က်)တို့သည် ဦးထုပ်မပါဘဲ ခေါင်းပေါင်းပေါင်းကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့မှာ ဦးထုပ်ဆောင်းပြီး ခေါင်းပေါင်း ပေါင်းစီးရပေမည်။ (ကိုယ်တော်မြတ်(စလ္လမ်)သည်
ရံဖန်ရံခါ ခေါင်းပေါင်းမပါဘဲ ဦးထုပ်ကိုသာဆောင်းတော်မူသည်)
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
No comments:
Post a Comment