၁။ထပ်ဆင့်မိန့်ကြားတော်မူသည်မှာ အသင်တို့ အဝတ်အစား ဆင်ယင်သောအခါနှင့် ဝိုဇူပြုသောအခါတွင် လက်ယာဘက်မှ အစပြုပါလေ။
၂။အမျိုးသားများသည် အမျိုးသမီးအဝတ်အစားကိုလည်းကောင်း၊ အမျိုးသမီးများသည် အမျိုးသားများအဝတ်အစားကိုလည်းကောင်း မဝတ်ဆင်ရ။ အဘယ့်ကြောင့်ဆိုသော် ထိုအမှုဖြင့် အလ္လာဟ်အသျှင်မြတ်၏ လအ်နသ်ကျရောက်လေ၏။ ထို့ပြင်တမန်တော်မြတ်သည် ဘာသာခြား အမျိုးသားများ၏ သီးသန့်ဝတ်စုံများကို ဝတ်ဆင်ခြင်းမှလည်း တားမြစ်ခဲ့ပေ၏။
၃။ဖိနပ်စီးသောအခါဝယ် ညာဘက်ခြေထောက်မှ စတင်ဝတ်ဆင်၍ ချွတ်သော အခါ လက်ဝဲခြေထောက်မှ စတင်ချွတ်ရ၏။
၎။ဖိနပ်တစ်ဖက်တည်းမစီးရ၊ စုံရှိလျှင် စီးရ၏၊ စုံမရှိလျှင် ချွတ်၍သာထားရ၏။
၅။တမန်တော်မြတ်သည် တခါတရံ ရင်စေ့မပါသော ဝတ်ရုံထည် တစ်မျိုးကို အင်္ကျီရှည်ပေါ်မှ ထပ်ရုံလေ့ရှိတော်မူ၏။
တမန်တော်မြတ်သည် `ပါဂျာမဟ်´ ဘောင်းဘီရှည်ကို လုံခြုံသည့်အတွက်နှစ်သက်တော်မူခဲ့၏။
ကိုယ်တော်မြတ်သည် လုံချည်ကို အမြဲဝတ်ဆင်လေ့ရှိခဲ့၏။ လုံချည်၏ အလျားမှာ
လေးထောင့်တစ်ထွာဖြစ်ပြီး အနံမှာ နှစ်တောင့်တစ်ထွာ လာရှိ၏။ အမိုးသမီးများ၏
ပရ်ဒါခြုံထည်သည် ဦးခေါင်းမှ ခြေမျက်စေ့အောက်အထိဖြစ်ကြောင်း မိန့်မှတ်တော်မူခဲ့၏။
မော်လ၀ီနူးရ်အဟ်မဒ်@မင်းထက်အောင်
Ahmad Mgk
No comments:
Post a Comment